ရေသောက်တာ အန္တရာယ်လား
ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ ကျန်းမာရေးအတွက် နံနက်စောစောတွင် မတ်ခွက်တစ်ခွက်ရေသောက်လျှင် ကျန်းမာရေးကောင်းသည်ဟု ဆိုပါသည်။ တစ်ချို့ နွေရာသီ နေ့ဘက်နေပူ၍ ချွေးထွက်များလျှင်လည်း ရေများ များသောက်ပေးပါက ချွေးထွက်သောကြောင့် ကုန်ဆုံးသွားသော ချွေးများအစား ရေကပြန်ရလို့ သွေးသစ်တွေတိုး တယ်လို့ ဆိုပါတယ်။ တစ်ချို့ကြတော့လဲ ရေများများသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေနဲ့ အပူတွေဟာ ဆီးနဲ့အတူ ပြင်ပကို ထွက်သွားနိုင်တယ်လို့ ယူဆကြပါတယ်။
ဒီအယူအဆတွေဟာ ကျွန်တော်တို့နိုင်ငံမှာသာမက တစ်ကမ္ဘာလုံးက လက်ခံထားကြပါတယ်။ ဒါပေမယ့် အမေရိ ကန် ကြည်းတပ်၊ ဆေးပညာဌာနက အစီရင်ခံစာတစ်စောင် ထွက်လာပါတယ်။ အဲဒါကတော့ ရေအလွန်အကျွံ သောက်ခြင်းဟာ ကိုယ့်ကိုကိုယ်သတ်သေသလို ဖြစ်နိုင်ပါတယ်။ သူတို့ဟာ ၁၉၉၉ ခုနှစ်က လေတပ်စစ်သည်တွေ ကို (၈) မိုင် ချီတက်လေ့ကျင့်အပြီးမှာ စစ်သည်တစ်ဦးသေဆုံးသွားတယ်။
၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလမှာ အသက် ၂၀ သာသာရှိတဲ့ ကြည်းတပ်စစ်သမီးတစ်ဦး ဆေးစစ်ဖို့ ဆီးလိုတဲ့အတွက် ရေအလွန်အမင်းသောက်ရင်း သေဆုံးသွားတယ်။ ၂၀၀၁ ခုနှစ်၊ မတ်လမှာ အသက် ၁၉ နှစ်ရှိ မရိန်းစစ်သည်တွေ ၂၆ မိုင် ချီတက်အပြီး တစ်ဦးသေဆုံးသွားတာ လေ့လာခဲ့ရပါတယ်။
သေဆုံးသူအားလုံးဟာ ရေကိုအလွန်အကျွံသောက်ပြီး သွေးထဲမှာ ဆိုဒီယမ်၊ ဆားဓာတ်အလွန်လျော့နည်းပြီး သေဆုံးခဲ့ရကြောင်း တွေ့ရှိခဲ့ပါတယ်။ သူတို့ပြောကြားချက်အရ ရေကို အလွန်အကျွံသောက်သုံးတဲ့အတွက် ခန္ဓာကိုယ်ထဲကရေတွေ လိုအပ်တာထက် ပိုသွားပါတယ်။
အဲ့ဒီရေအားလုံးကိုလည်း ခန္ဓာကိုယ်က ဆီးအဖြစ်၊ ချွေးအဖြစ် အပြင်ကို စွန့်ထုတ်ပစ်နိုင်တာမဟုတ်ပါဘူး။ ရေတွေဟာ အူသိမ် အူမတွေထဲကို ရောက်သွားရော။ အူသိမ်အူမဆိုတာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဆားဓာတ်ကို သိုလှောင်ထားတာဆိုတော့ ရေတွေလည်းဝင်ရော ဆားတွေကရေထဲမှာပျော်ပြီး ခန္ဓာကိုယ်ထဲက တစ်ရှူးတွေထဲမှာ ရှိတဲ့ ဆားတွေဟာ ရေနဲ့ဓာတ်ပြုပြီး ဓာတ်ပြယ်သွားတာနဲ့တပြိုင်နက် ဦးနှောက်ကပွပြီး ရောင်လာပါတော့တယ်။ ဒီတော့ပွလာတဲ့ ဦးနှောက်ဟာ သူ့ရဲ့ဦးခေါင်းခွံကို ဖိရာကနေ ဦးနှောက်ပျက်စီးသွားပါတော့တယ်။ ဒါကြောင့် ဒီလူတွေဟာ မသေခင်မှာ (ကိုမာ) လို့ခေါ်တဲ့ ဦးနှောက်ထိခိုက်မေ့မြောခြင်းကို စတင်ခံစားရပါတယ်။
အထက်ပါ ဆေးစစ်ချက်အရ ရေကို တစ်နာရီလျှင် တစ်ပုလင်းခွဲကနေ နှစ်ပုလင်းအထက် ပို၍မသောက်ဖို့၊ တစ်နေ့ကို ရေ (၁၈) ပုလင်းထက် ပိုမသောက်ဖို့ နှိုးဆော်ထားပါတယ်။ ရေသောက်ရေချိုးခြင်းသည် မိမိကိုယ်ကို မျှတစွာ ဆင်ခြင်သောက်သုံး ရေချိုးခြင်းသည်အကောင်းဆုံး ဖြစ်ပါလိမ့်မည်။
ဖူးပွင့်ဝေ မဂ္ဂဇင်း - ရေသောက်ရေချိုးမှားခြင်း အန္တရာယ် ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
ဆက်စပ်ဆောင်းပါးများ
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
အဲ့ရာဘာဖစ်တာလည်း
Ah Sai Shesoi • ဖြေကြားချက် 0 ခု
ဆရာ၊ဆရာမတိုခင်ဗျား ကောက်ရိုးမှိုပျိုးနည်း အသေးစိတ်သိချင်ပါတယ်ခင်ဗျာ။နေပြည်တော်ကပါ မှိုမျိုးစေ့ဘယ်မှာဝယ်လို့ရလဲခင် ချင်ဗျ။ဘယ်ရာသီဖြစ်ဖြစ် မှိုပျိုးလိုရ/မရသိချင်ပါတယ်ခင်ဗျ။မှိုပျိုးချင်သူအား လုပ်ဆောင်နိုင်အောင် အသေးစိတ် ပြောကြားပေးစေချင်ပါတယ်။
ဦးမောင်ကို • ဖြေကြားချက် 1 ခု
စိုက်ပျိုးရေးနဲ့မသက်ဆိုင်ပေမဲ့ ဗဟုသုတအနေနဲ့မေးချင်ပါတယ် ဒီနှစ်ဟာဝါထပ်တာလူတိုင်းသိပြီးဖြစ်ပါတယ် ဒီနေ့ စက်တင်ဘာ10ရက်နေ့ဟာ မြန်မာလ ဝါခေါင်လဆုတ်13ရက်ဖြစ်ပါတယ် အရင်နှစ်(2025)ဟာ ဝါမထပ်သောကြောင့် စက်တင်ဘာ 10ရက်(ဒီကနေ့) ဟာ တော်သလင်းလဆုတ်4ရက်ဖြစ်နေပါတယ် ထိုအရာမှာ ဒီနှစ်တော်သလင်းလဟာ အရင်နှစ် တော်သလင်းလထက် နောက်ကျ ကျန်နေပါတယ် ထို့ကြောင့် ဒီလကို တော်သလင်းလလို့ သတ်မှတ်လို့ရပါသလား ဘယ်လိုတေအမှန်ယူရမလဲ ရှင်းပြပေးပါဦးဆရာခင်ဗျ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်ထဲကိုဘာတွေထည့်ထားသင့်သလဲသိပါရစေ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
ဆားခါးက သီးနှံတွေအတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာ ဗဟုသုတအနေနဲ့သိထားချင်ပါသဖြင့် ဆရာတို့ကျေးဇူးပြု၍ ဖြေကြားပေခဲ့ပါအုံးခဗျာ။
ကိုငြိမ်းဦး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....