သင်က ရှူဆေးစွဲနေသူတစ်ယောက်လား
တချို့က ရှူဆေးရှူခြင်းကို စွဲလန်းနေကြသည်။ အချိန်တိုင်း ရှူဆေးဘူးလေးကိုင်ထားတတ်ကြသည်။ အမူးအမော်ပြေကာ ခေါင်းကြည်သည်ဟု ဆိုကြသည်။ ယနေ့ခေတ်အလုပ်များတွင် စိတ်ဖိစီးမှုများသည်။ အလုပ်၏ ဖိအားတွေကြောင့် ခေါင်းကိုက်ခြင်းများဖြစ်သည်။ တစ်ချို့ကား ရှူဆေးအား မရှူရမနေနိုင်စွဲလန်းနေကြသည်။
တိုင်းရင်းဆေးရှူဆေးတွင် ပါဝင်ပစ္စည်းများအား ရှူဆေးဘူးပေါ်တွင် အတိအကျရေးထားခြင်းမရှိ။ ပန်းပေါင်းစုံရှူဆေးဟုသာ သိရသည်။ မြန်မာနိုင်ငံတွင်လည်း မိရိုးဖလာတိုင်းရင်းဆေရှူဆေးဘူးများရှိသည်။ ထို့ပြင် တခြားနိုင်ငံခြားမှ တင်သွင်းသော ရှူဆေးဘူးများလည်းရှိသည်။ ထိုရှူဆေးဘူးများတွင် အဓိကကုန်ကြမ်းအနေနှင့် သစ်ခေါက်၊ သစ်ရွက်များကိုကြိတ်ကာ ထည့်ထားခြင်းဖြစ်သည်။ ဓာတုပစ္စည်း လုံးဝမပါဝင်ပါဟုလည်း ကြေငြာကြသည်။ သို့သော် ရူဆေးတွင်ပါဝင်သော ပစ္စည်းများကား အဆင့်မြင့် ဓာတ်ခွဲမှုလုပ်ကာ ပြုလုပ်ထားခြင်းမဟုတ်။ နေပူလှန်း အခြောက်ခံကာ ဘူးထဲထည့်ထားခြင်းဖြစ်သည်။ ဓာတုပစ္စည်းများမပါဝင်အောင် ထုတ်လုပ်ထားခြင်းမဟုတ်။
ရှူဆေးနှင့်ပတ်သက်ပြီး အဆင့်မြင့်သုတေသနများ လုပ်ထားခြင်းမရှိသောကြောင့် ဘေးထွက်ဆိုးကျိုးများစွာရှိနိုင်ပါသည်။ ရှူဆေးဘူးများကို အချိန်ကြာမြင့်စွာ သိမ်းထားခြင်းနှင့် အစိုဓာတ်ပြန်ခြင်းများကြောင့် ရှူဆေးမှုန်များထဲတွင် မှိုများ စွဲနေတတ်သည်။ ထိုမှိုများကြောင့် အဆုတ်မှိုစွဲသည့်ရောဂါ ဖြစ်ပွားတတ်ပါသည်။ ထိုအဆုတ်မှိုစွဲသည့်ရောဂါသည် တီဘီရောဂါကဲ့သို့ လက္ခဏာများနှင့် တူလာတတ်သည်။
အဆုတ်ဓာတ်မှန်ရိုက်ကြည့်မှသာ အဆုတ်မှိုစွဲသည်ကို သိရှိရမည်ဖြစ်သည်။ အဆုတ်မှိုစွဲသည်ကား အသက်အန္တရာယ်စိုးရိမ်ရသော ရောဂါတစ်ခုဖြစ်သည်။ ကုသ၍လည်း ခက်ခဲပါသည်။ ထိုမှတစ်ဆင့် မှိုကြောင့်ဖြစ်သော အဆုတ်ကင်ဆာမျိုးလည်း ဖြစ်ပွားတတ်ပါသည်။ နောက်ဆိုးကျိုးတစ်ခုကား ရှူဆေးအလွန်အကျွံသုံးစွဲသူများတွင် အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ ဖြစ်နိုင်ခြင်းပင်ဖြစ်သည်။
ရှူဆေးတွင်ပါဝင်သောပစ္စည်းများကြောင့် ဖြစ်နိုင်သလို မှိုကြောင့်လည်းဖြစ်နိုင်သည်။ ထို့ကြောင့် ရှူဆေးများ အလွန်အကျွံသုံးစွဲခြင်းကို ရှောင်ကြဥ်ရမည်။ ထို့ပြင် ရှူဆေးဘူးတွင်ပါဝင်သော သစ်ဥသစ်ဖုတို့တွင် လူကို အန္တရာယ်ဖြစ်စေသော ပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာများ၊ ဓာတုပစ္စည်းများ မပါဝင်ပါဟု သုတေသနပြုလုပ်ထားခြင်းမရှိပေ။ ထို့အရာများကို အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကိုယ်ခန္ဓာကိုယ်ထဲ ရောက်ရှိသွားပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အသည်းပျက်စီးခြင်းများ ဖြစ်ပွားနိုင်သည်။ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအနေနှင့် ရှူဆေးရှူခြင်းများကို လုံးဝရှောင်ကြဥ်သင့်သည်။
အသက်ရှူကြပ်မောပန်းနွမ်းနယ်ပါက ရှူဆေးအစားသုံးအနေနှင့် သံပရာရနံ့နှင့် ပန်းနံ့တို့ကိုသုံးကာ မောပန်းနွမ်းနယ်မှုကို ပျောက်အောင် လုပ်ဆောင်သင့်သည်။ ထို့ပြင် ယောဂကျင့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ အပန်းဖြေခရီးထွက်ခြင်း၊ လေကောင်းလေသန့်ရှူသွင်းခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းများဖြင့် ခေါင်းကိုက်ပျောက်ကင်းစေရုံသာမက ခန္ဓာကိုယ်ကျန်းမာသန်စွမ်းအောင် ပြုလုပ်သင့်ပါသည်။ ထို့ပြင် တိုင်းရင်းဆေးများနှင့် ပတ်သက်၍လည်း သုတေသနလုပ်ငန်းများကို ယခုထက်ပို၍ လုပ်ဆောင်သင့်ပါသည်။
Author: ဒေါက်တာအေးချမ်းမိုး
Source - On Doctor
ဆက်စပ်မေးခွန်းများ
ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လားဗျ
ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026