အစားအစာထုတ်လုပ်သူများအတွက် အရေးပါသော နည်းလမ်းကောင်းများ (၂)
အစားအစာထုတ်လုပ်သူများအတွက် အရေးပါသော နည်းလမ်းကောင်းများ (၂)
၁။ အစားအစာများကို ပြင်ဆင်ခြင်း၊ ထုတ်လုပ်ခြင်း
o လတ်ဆတ်သော၊ စံနှုန်းမှီသော ကုန်ကြမ်းများကိုသာ သုံးရမည်။
o သန့်ရှင်းသောရေကိုသာ အသုံးပြုရမည်။
o ကုန်ကြမ်းများကို စနစ်တကျ ခွဲခြား၍ FIFO (First In First Out) (အရင်ရ -အရင်သုံး) နည်းလမ်းကို အသုံးပြုရမည်။
o အစားအသောက်ထုတ်လုပ်စဉ် အသုံးပြုသည့်အသုံးအဆောင်များသည် သံချေးမတက်နိုင်သောသံမဏိ stainless steel နှင့် ပြုလုပ်ထားသောအရာများကိုသာ သုံးရမည်။
o မတူညီသော ထုတ်ကုန်များပေါ်မူတည်၍ တိကျသောအသေးစိတ်လုပ်ငန်းစဉ်များကို အစဉ်လိုက် ရေးဆွဲထားရမည်။
o သတ်မှတ်ထားသော ထိန်းချုပ်မှုအဆင့်များကို သေချာစွာလိုက်နာရမည်။ (ဥပမာ - အပူချိန် နှင့် ကြာချိန်ကို ထိန်းချုပ်ခြင်း)
o အစားအစာထည့်ရန် သတ်မှတ်ထားသော ထုတ်ပိုးမှု ပစည်းများကိုသာ သုံးရမည်။
o အစားအစာ ဘေးကင်းရှင်းရေး လုပ်ငန်းစဉ်များကို စနစ်တကျ လိုက်နာဆောင်ရွက်ရမည်။
၂။ အစားအစာများတွင် ကုန်စည်အညွှန်း ဖော်ပြခြင်း
အစားအစာများတွင် ကုန်စည်အညွှန်း ဖော်ပြရာတွင် မြန်မာနိုင်ငံ စံချိန်စံညွှန်း သို့မဟုတ် နိုင်ငံတကာ စံချိန်စံညွှန်း သတ်မှတ်ချက်များအရ အခြေခံမူများကို လိုက်နာရမည်။
o အစားအသောက်၏ ထူခြားသော သွင်ပြင် လကဏာ၊ ဂုဏ်သတ္တိများနှင့် စပ်လျဉ်း၍ မှားယွင်းသော ထင်မြင်ချက်များ ဖြစ်ပေါ်စေနိုင်သော ဖော်ပြချက်၊ အဓိပ္ပါယ်လွဲမှားစေသော သို့မဟုတ် အဓိပ္ပါယ်နှစ်ခွ ဖြစ်စေသော ဖော်ပြချက်၊ လိမ်လည်လှည့်ဖြားသော ဖော်ပြချက်၊ မှားယွင်းသည့် ထင်မြင်ယူဆချက်ကို ဖြစ်ပေါ်စေနိုင်သော ဖော်ပြချက် သို့မဟုတ် အလားတူ ဖော်ပြချက်များ မပါရှိစေရပါ။
မြန်မာနိုင်ငံ စံချိန်စံညွှန်း သို့မဟုတ် နိုင်ငံတကာ စံချိန်စံညွှန်း သတ်မှတ်ချက်များအရ အသင့်ထုတ်ပိုးထားသည့် အစားအသောက်၏ ထုပ်ပိုးမှုတွင် အောက်ပါအချက်များ မဖြစ်မနေ ဖေါ်ပြထားရပါမည်။
၁. အစားအသောက် အမျိုးအမည် (The name of the food)
၂. ပါဝင်ပစည်းစာရင်း (List of ingredients)
၃. အသားတင် ပမာဏ၊ အရေအတွက် နှင့် အရည်စစ် အလေးချိန် (Net weight, Quantity and drained weight)
၄. အမည် နှင့် လိပ်စာ (Name and address)
၅. ထုတ်လုပ်သည့်နိုင်ငံ (Country of origin)
၆. မျိုးတူစု အထောက်အထား (Lot identification)
၇. ရက်စွဲ အမှတ်အသား (Date marking)
၈. သုံးစွဲရန် အညွှန်း (Instruction for use)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးဝင်းနိုင်
လွန်ခဲ့သော ၂ နှစ် ကပဲခူးတိုင်းကလဲ နောက် ၃ ရက် မှ ၁၀ ရက်အတွင်းမှာ မိုးဆက်ပြီးများနေဦးမှာကြောင့် တောင်ငူခရိုင်လဲ မိုးများနေဦးမဲ့ အခြေအနေက ဆက်ရှိနေပါဦးမယ်။
ကိုအောင်
လွန်ခဲ့သော ၂ နှစ် ကပဲခူး တောင်ငူခရိုင်မိုးလေပြောပေးပါအုံး
ဦးဝင်းနိုင်
လွန်ခဲ့သော ၂ နှစ် ကကရင်ပြည်နယ် - နောက်လာမဲ့ ၃ ရက်မှ ၅ ရက်အတွင်း မိုးများနေမှာပါ
ဒေါ်နှင်းဆီ
လွန်ခဲ့သော ၂ နှစ် ကကရင်ပြည်နယ်ကမိုးအနည်းအများလေးကြည့်ပေးပါဆရာ
ဦးဝင်းနိုင်
လွန်ခဲ့သော ၂ နှစ် ကရှမ်းပြည်နယ်တောင်ပိုင်း - ဖယ်ခုံမြို့နယ် စက်တင်ဘာလ မိုးမရွာနိုင်သည့်ရက် - ၄ ရက်ခန့်ရှိပြီး ကျန်ရက်များ မိုးရွာနိုင် အောက်တိုဘာလ - မိုးမရွာနိုင်သည့်ရက် - ၈ ရက်ခန့်ရှိပြီး မိုးများနိုင်သည့်ရက် ၂ ရက်ခန့်ရှိနိုင်၊ ကျန်ရက်များ မိုးပါးပါးရွာနိုင် နိုဝင်ဘာလ - မိုးမရွာနိုင်သည့်ရက် - ၁၉ ရက်ခန့်ရှိပြီး ကျန်ရက်များ မိုးအသင့်အတင့်ရွာနိုင် ဒီဇင်ဘာလ - မိုးမရွာနိုင်သည့်ရက် - ၂၇ ရက်ခန့်ရှိပြီး ကျန်ရက်အနည်းငယ်တွင် မိုးခပ်ပါးပါးကျနိုင်သည်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....