သဘာဝဆေးနဲ့ ကျောက်ကပ်ဆေးမယ်
နံနံပင်နဲ့ကျောက်ကပ်ဆေးလို့ရတယ်ဆိုပါလား။ ကိုယ်လည်းမသိခဲ့ဘူး။ ဆက်ဖတ်ကြည့်ရအောင်နော်.......
ကျောက်ကပ်က သွေးထဲရှိ အဆိပ်အတောက်တွေအားလုံးကို ဖယ်ရှားပေးပါတယ်။ တိုးတက်ဖွံ့ဖြိုးလာတဲ့အမျှ ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်မှုပုံစံတွေ ကျင့်သုံးလာတဲ့အတွက်ကြောင့် လူ့ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေစုပြုံလာပါတယ်။
ဒါကြောင့် ဒီခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့လိုအပ်လာပါတယ်။
ကျောက်ကပ်မှာ ကျောက်တည်တာတွေ၊ အဆိပ်အတောက်တွေများလာရင် ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သဘာဝနည်းဖြင့် ကျောက်ကပ်ကို ဆေးပေးဖို့လိုအပ်ပါတယ်။ နံနံပင်ကတော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
နံနံပင်
နံနံပင်မှာ ဗီတာမင် K, C ,A နဲ့ ဖောလစ်အက်ဆစ်၊ သံဓာတ် စတာတွေပါဝင်တာကြောင့် ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကို အစွမ်းထက်ထက်နဲ့ ဖယ်ရှားပေးနိုင်ပါတယ်။
အဲ့ဒီအပြင် ကျောက်ကပ်ထဲမှာ ကျောက်တည်တာတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
နံနံပင်က ဆီးရွှင်စေပြီး ဆီးသွားတဲ့နှုန်းကို များအောင်လုပ်ပေးနိုင်တာကြောင့် ကျောက်ကပ်ထဲမှာရှိတဲ့ ကျောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲ့ဒီအပြင် ကျောက်ကပ်ထဲမှာ ဆားတွေ အနယ်ထိုင်ပြီး ကျောက်မတည်အောင်လည်း ကူညီပေးပါတယ်။ အဲ့ဒီအပြင် စိတ်တည်ငြိမ်အောင်လည်း ကူညီပေးနိုင်ပါတယ်။
ကျောက်ကပ်အတွက် နံနံပင်ရေနွေးကြမ်း
ဒီနံနံပင် ရေနွေးကြမ်းအတွက် တတ်နိုင်ရင် နံနံပင်အရွက်အစိမ်းကိုသုံးပါ။ မရှိမှသာ အခြောက်ခံထားတဲ့ နံနံ့ပင်ကိုသုံးပါ။
ပါဝင်ပစ္စည်းများ
နံနံပင် တစ်စည်း
ရေ (၈) ခွက်
ပျားရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်း
သံပုရာသီး တစ်ဝက်
ပြုလုပ်နည်း
နံနံပင်ကို စင်အောင်ဆေးကြောပြီး အပိုင်းကြီးကြီးလှီးပါ။ ဇလုံတစ်ခုထဲထည့်ပြီး ရေလောင်းချပါ။ မီးဖိုပေါ်တင်ကာ ၁၀ မိနစ်လောက်ဆူပွက်စေပါ။ အရည်ကိုဘဲယူထားပြီး အအေးခံလိုက်ပါ။ သံပုရာသီးနဲ့ ပျားရည်ကိုထည့်ပါ။ တစ်နေ့ကို ၁ ခွက် (သို့မဟုတ်) ၂ ခွက်သောက်ပါ။ ကျန်ရှိနေတဲ့ အရည်တွေကို ရေခဲသေတ္တာထဲမှာ (၁) ပတ်လောက် သိမ်းထားနိုင်ပါတယ်။
နံနံပင်မှာ ဘေးထွက်ဆိုးကျိုးမရှိပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာတော့ ဓမ္မတာလာပြီး ကိုယ်ဝန်ပျက်ကျနိုင်တတ်တာကြောင့် မသောက်သုံးသင့်ပါဘူး။ သွေးတိုးကျတဲ့ဆေးဝါးတွေ သောက်သုံးနေသူတွေကလည်း မသောက်သင့်ပါဘူး။
https://myfoodmyanmar.com/how-to-cleanse-your-kidneys-alm…/…
Credit to:-)မူရင်းပိုစ့်:-https://myfoodmyanmar.com/
ဆက်စပ်ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂရန်600နဲမင်းသားမတ်ပဲးဖြန်လို့ရလား
ကိုနိုင်လင်း • ဖြေကြားချက် 3 ခု
ဒိန်ချဥ်ထဲ ကြေးနီပြား ထည့်စိမ်ပီး ရလာတဲ့အရည်က မှိုရောဂါကို ကုသနိုင်တယ်လို့ AIက ဖြေထားပါတယ် တကယ်ပဲ မှိုရောဂါကို ကုသနိုင်သလား ဘယ်လိုရောဂါတွေကုသနိုင်သလဲ ဆေးနည်းပြုလုပ်နည်းကို ဖြေကြားပေးပါဦးဆရာတို့
Khing Hein • ဖြေကြားချက် 1 ခု
ကျဲစပါး17ရက်လောက်မာအပင်ဝါပီးအဖြားခြောက်နေရင်ဘာလုပ်ရမလဲဗျ
K • ဖြေကြားချက် 2 ခု
၎င်းဆေးတွင် ရေနံဆီအစား ဒီဇယ်ရပါသလားဆရာ အပင်လောင်တာတွေရှိနိင်လားဆရာ ဆေးသက်တမ်းပါ ရှင်းပြပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026