မျိုးစေ့လုံး (Seed Balls) လေးတွေလုပ်ကြမယ်
သင်ကရင်းနှီးကျွမ်းဝင်တဲ့နေရာတစ်ခုမှာ ပတ်ဝန်းကျင်ကို/ကမ္ဘာကြီးကို စိမ်းလန်းအောင်လုပ်ပေးချင်သူ တစ်ယောက် ဖြစ်ချင်သလား? မျိုးစေ့လုံး(Seed Ball)လေးတွေလုပ်ပြီး ကြိုးစားကြည့်လိုက်ပါ။ သူတို့က သဘာဝအလျောက်ပွင့်တဲ့ တောရိုင်းပန်းလေးတွေဖြစ်လာဖို့ အကောင်းဆုံး အလွယ်ကူဆုံးပါပဲ။
မျိုးစေ့လုံး (၈-၁၀)လုံးလောက်ထိ လုပ်ဖို့ ဘာတွေလိုအပ်မလဲ....?
၁။ တောပန်းမျိုးစေ့ - ၁ ကျပ်သား
၂။ မြေကြီး (အခြောက်) - ၅ ကျပ်သား
၃။ ရွှံ့စေးမြ (အခြောက်) - ၂ - ၃ ကျပ်သား (ဒီမှာတော့ အိုးလုပ်တဲ့ ရွှံ့မြေအနီကို အကြံပြုပါရစေ)
၄။ ရေ
၅။ ရောနယ်ဖို့အတွက် ဇလုံ တစ်လုံး
၆။ မျိုးစေ့လုံးတွေ အခြောက်လှန်းဖို့အတွက် ဗန်းတစ်ခု
၇။ ဖယောင်းစက္ကူ

ဘာတွေလုပ်ကြမလဲ...?
- ပထမဦးဆုံး ဗန်းပေါ်မှာ ဖယောင်းစက္ကူ ဖြန့်ခင်းလိုက်ပါ။
- မျိုးစေ့တွေနဲ့ မြေကြီးအခြောက်နဲ့ကို ဇလုံထဲမှာ ရောနယ်လိုက်ပါ။
- ရွှံ့မြေ အခြောက်ထည့်ပီး ထပ်မံရောနယ်ပေးပါ။
- ရောနယ်နေတဲ့အချိန်မှာ မျိုးစေ့နဲ့ မြေကြီးတွေ နှံ့စပ်သမသွားစေဖို့ ရေကို ဖြေးဖြေးချင်းလောင်း ထည့်ပြီး နယ်ပေးပါ။
- ပြီးလျှင်တော့ ရောနယ်ထားတဲ့ မြေကြီးကိုယူ လက်နဲ့အနေတော်လေးလုံးကြည့်။ ကွဲထွက်မသွားဘူး ဆိုရင်တော့ နယ်နေတာကို ရပ်လို့ရပါပြီ။
- ထပ်ပြီးတော့ တစ်လက်မအရွယ်ရှိတဲ့ အလုံးလေးတွေလုံးမယ်။ ဖယောင်းစက္ကူခင်းထားတဲ့ ဗန်းပေါ် တင်မယ်။ အခြောက်လှန်းမယ်။
- မျိုးစေ့လုံးတွေ ကောင်းကောင်းခြောက်သွေ့ဖို့အတွက်ဆိုရင် အနည်းဆုံးတစ်ရက် နေလှန်းပေးရပါ မယ်။
ဘာကြောင့် တောရိုင်းပန်းမျိုးစေ့နဲ့ လုပ်ရတာလဲ.?....မေးပါပြီ။
တောပန်းလေးတွေက ကျွန်တော်တို့လူသားတွေကြောင့် ဂေဟစနစ်စတင်မပြောင်းလဲခင်ကတည်းက ဂေဟစနစ်ရဲ့ သဘာဝအစိတ်အပိုင်းတစ်ခု ဖြစ်လို့ပါပဲ။
တစ်ခါတစ်ရံမှာ ကျွန်တော်တို့တွေက အရိုင်းပန်းတွေကိုဖယ်ပြီး အဲ့နေရာမှာ အခြားပန်းမျိုးတွေကို ပိုလှလာမယ်အထင်နဲ့ စိုက်ပျိုးနေကြပါတယ်။ ဒါက အကောင်ဆုံးဖြေရှင်းနည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမှန်တကယ်ဆို သဘာဝအလျောက်ပေါက်တာမဟုတ်တဲ့ပန်းတွေက အပင်ဖြစ်ဖို့အတွက် ပိုခက်ခဲပါတယ်။ ပြီးတော့ နေရောင်ခြည်၊ သွင်းအားစု အာဟာရ အစရှိတာတွေရရှိနိုင်ဖို့အတွက် အခြားပန်းပင်တွေနဲ့ ယှဉ်ပြိုင်စားသောက်ရတာမျိုးတွေရှိပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့မျိုးစေ့ကို သုံး ပြီး ခုလိုမျိုးစေ့လုံးလေးတွေ လုပ်နိုင်မယ်ဆိုလျှင်တော့ အကောင်းဆုံးဖြစ်ပါမှာ။ ဒါဆိုရင်တော့ သင်ဟာ မြေနေရာလေးတစ်ခုကို အပင်သစ်လေးတွေစိုက်ပြီး အလှပဆုံးပြုလုပ်ပေးရုံသာမက သဘာဝဂေဟ စနစ်ကို ပြန်လည်ပြုပြင်ပေးနိုင်သူတစ်ယောက် ဖြစ်လာမှာ မလွဲမသွေပါပဲ။
မေဇင်ထွန်း
Source - https://climatekids.nasa.gov/seed-ball/

Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
Mizuna
Ko Htoo • ဖြေကြားချက် 1 ခု
ဒီလိုခြင်ကာ ကဝတ်လေးတွေရောင်းတဲ့ဆိုင်များသိရင်ပြောကြပါဦးဗျ မိုးရာသီခြံထဲ ခြင်ကိုက်လွန်းလို့ပါ။🦟🦟🦟
soe htwe • ဖြေကြားချက် 0 ခု
ရာသီဉတုနှင့်ကိုင်ညီေသာတနိုင်တပိုင်စိုက်ပျိုးရေးလေးစချင်လို့ပါရှင့် မြေကွက်ကတော့အိမ်ဝိုင်းထဲမှာပါရှင့်
thida • ဖြေကြားချက် 2 ခု
အရွက်ဝါ အစက်ကွက်လေးပေါ်နေတယ်
သက်အေး • ဖြေကြားချက် 1 ခု
ခရမ်းချဉ်သီး အခုလထဲစိုက်ရင်စျေးကောင်းရောင်းရနိုင်မလား
sai thet mg • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....