သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
ဆန်းသစ်သော စိုက်ပျိုးရေးနည်းပညာများနှင့် ခေတ်မီဓာတ်မြေဩဇာများ မပေါ်ပေါက်ခင် လွန်ခဲ့သော ရောမခေတ်ကတည်းက လယ်သမားကြီးများသည် မိမိတို့၏ စိုက်ကွင်းများတွင် သီးနှံတစ်မျိုးတည်းကို ဆက်တိုက်မစိုက်ဘဲ အလှည့်ကျ ပြောင်းလဲစိုက်ပျိုးသည့် “သီးနှံသီးလှည့်စိုက်ပျိုးခြင်း” (Crop Rotation) နည်းလမ်းကို အောင်မြင်စွာ အသုံးပြုခဲ့ကြသည်။ ယနေ့ခေတ်တွင် သိပ္ပံပညာရှင်များက ဤနည်းလမ်းသည် အဘယ်ကြောင့် ယနေ့တိုင် အစွမ်းထက်နေရသနည်းဟူသော အဖြေကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။ ဗြိတိန်နိုင်ငံမှ ထွက်ပေါ်လာသည့် သုတေသနအသစ်တစ်ခုအရ သီးနှံပြောင်းလဲစိုက်ပျိုးခြင်းသည် မြေဆီလွှာအောက်ရှိ မျက်စိဖြင့်မမြင်ရသော မိုက်ခရိုဇီဝရုပ်ခေါ် အဏုဇီဝပိုးမွားများ(Microbes) ကမ္ဘာကြီးကို လုံးဝပြောင်းလဲပစ်နိုင်စွမ်းရှိကြောင်းသက်သေပြလိုက်သည်။
၁။ သီးနှံတစ်မျိုးတည်း စိုက်ခြင်းနှင့် သီလှည့်စိုက်ခြင်း၏ ကွာခြားချက်
တောင်သူအများစုသည် စျေးကွက်ဝင်သီးနှံ (သို့မဟုတ်) မိမိတို့ ကျွမ်းကျင်ရာ သီးနှံတစ်မျိုးတည်းကိုသာ စိုက်ကွင်းတစ်ခုတည်း၌ နှစ်စဉ်ဆက်တိုက် စိုက်ပျိုးလေ့ရှိကြသည်။ ယင်းကို “သီးနှံတစ်မျိုးတည်း စိုက်ပျိုးခြင်း” (Monoculture) ဟု ခေါ်သည်။သီးနှံတစ်မျိုးတည်းကိုပဲ ဆက်တိုက်စိုက်ပျိုးခြင်းသည် မြေဆီလွှာကို တစ်ဖက်သတ် ဆုတ်ယုတ်စေသည်။ အပင်အမြစ်များက ၎င်းတို့လိုအပ်သော အာဟာရဓာတ်ကိုသာ အမြဲစုပ်ယူသဖြင့် အချို့သော အာဟာရဓာတ်များ ပြတ်လပ်သွားတတ်သည်။ ထို့ပြင် ၎င်းသီးနှံကို ဖျက်ဆီးမည့် ပိုးမွှားနှင့် မှိုရောဂါများက မြေဆီလွှာထဲတွင် အမြဲခိုအောင်းပွားများခွင့် ရရှိသွားသည်။ သီးနှံအမျိုးအစား ပြောင်းလဲစိုက်ပျိုးလိုက်သည့်အခါ မြေဆီလွှာအတွင်းရှိ အဏုဇီဝပိုးမွားများ(Microbes)၏ စကြဝဠာကြီးတစ်ခုလုံးကို နှိုးဆွ (re-set) ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ၎င်းအဏုဇီဝပိုးမွားများက အပင်ကို အာဟာရစုပ်ယူမှု ပိုကောင်းစေရန် ကူညီပေးခြင်း၊ ကြီးထွားမှုကို လှုံ့ဆော်ပေးခြင်းနှင့် ရောဂါပိုးမွှားများရန်မှ သဘာဝအတိုင်း ကာကွယ်ပေးခြင်းတို့ကို ပြုလုပ်ပေးသည်။
၂။ သိပ္ပံနည်းကျ စမ်းသပ်ချက်က ဘာကိုပြောသလဲ
သိပ္ပံပညာရှင်များသည် စိုက်ကွင်းတစ်ခုမှ မြေဆီလွှာကို ရယူပြီး ဂျုံ၊ အုတ်ဂျုံ နှင့် ပဲပင်ဟူ၍ သီးနှံ ၃ မျိုးကို စမ်းသပ်စိုက်ပျိုးခဲ့သည်။
(၁) ဂျုံပင် စိုက်ပျိုးသည့်အခါ မြေဆီလွှာထဲတွင် ထူးခြားသော အပြောင်းအလဲ မရှိဘဲ ဘက်တီးရီးယားအုပ်စုများသာ အများစု ရှိနေခဲ့သည်။
(၂) အုတ်ဂျုံနှင့် ပဲပင် စိုက်ပျိုးသည့်အခါ မြေဆီလွှာထဲတွင် ပရိုတိုဇိုအာ (Protozoa) နှင့် နီမတုတ်သန်ကောင် (Nematodes) ကဲ့သို့သော အကျိုးပြု ဇီဝရုပ်များ အကြီးအကျယ် တိုးပွားလာသည်။
(၃) ပဲပင် စိုက်ပျိုးသည့်အခါ အထူးခြားဆုံးအချက်မှာ ပဲပင်စိုက်ထားသော မြေဆီလွှာတွင် အပင်အတွက် အလွန်အကျိုးပြုသည့် မှို (Fungi) ဓာတ်များ အလွန်အမင်း တိုးပွားလာခြင်းဖြစ်သည်။
စိုက်ပျိုးပြီး ၄ ပတ် (တစ်လ) အကြာမှာပင် ဂျုံစိုက်သောမြေတွင် အကျိုးပြုဇီဝရုပ် (Eukaryotes) ၃ ရာခိုင်နှုန်းသာ ရှိသော်လည်း၊ ပဲနှင့် အုတ်ဂျုံစိုက်သော မြေတွင်မူ ၁၂ မှ ၁၅ ရာခိုင်နှုန်းအထိ (၄ ဆခန့်) အထိ သိသိသာသာ မြင့်တက်လာခဲ့သည်။ လနှင့်ချီ၍ စိုက်ပျိုးရသော တောင်သူတို့၏ လက်တွေ့စိုက်ကွင်းများတွင်မူ ယခုထက် ပိုမိုများပြားသော အကျိုးကျေးဇူးကို ရရှိမည်ဖြစ်သည်။၃။ အကျိုးပြု အဏုဇီဝပိုးမွားများက တောင်သူများကို ဘယ်လိုကူညီသလဲ
မြေဆီလွှာကျန်းမာဖို့ဆိုလျှင် ဓာတ်မြေဩဇာ ကျွေးရုံဖြင့် မလုံလောက်ပါ။ မြေဆီလွှာထဲတွင် သက်ရှိဇီဝရုပ်များ လှုပ်ရှားနေမှသာ အပင်က အာဟာရကို အပြည့်အဝ စုပ်ယူနိုင်သည်။ ပဲပင်များသည် လေထုထဲတွင်ရှိသော နိုက်ထရိုဂျင် (နိုက်ထရိုဂျင်ဓာတ်မြေဩဇာ) ကို ဖမ်းယူပြီး မြေဆီလွှာထဲသို့ ထည့်သွင်းပေးနိုင်သည်။ ပဲပင်စိုက်ပြီးနောက် အခြားသီးနှံပြောင်းစိုက်ပါက ထိုသီးနှံသည် ပဲပင်ချန်ထားခဲ့သော သဘာဝမြေဩဇာကို အခမဲ့ ရရှိမည်ဖြစ်သည်။ အကျိုးပြု အဏုဇီဝပိုးမွားများ(Microbes) (ဥပမာ- မှိုနှင့် ဘက်တီးရီးယားကောင်းများ) များပြားနေသော မြေဆီလွှာတွင် အပင်ကို ဖျက်ဆီးမည့် မှိုဆိုးနှင့် ဘက်တီးရီးယားဆိုးများ ရှင်သန်ရန် နေရာမရှိတော့သဖြင့် အမြစ်ပုပ်နာ၊ အမြစ်ဆွေး ကဲ့သို့သော ရောဂါများ ဖြစ်ပွားမှုကို သဘာဝအတိုင်း ထိန်းချုပ်ပေးသည်။

၄။ တောင်သူကြီးများအတွက် လက်တွေ့အသုံးချရန် အကြံပြုချက်များ
(၁) မျိုးစေ့လူးနယ်စိုက်ပျိုးခြင်းထက် သီးလှည့်စိုက်ပျိုးခြင်းက ပိုထိရောက်သည်။ မျိုးစေ့များကို အကျိုးပြုဘက်တီးရီးယားများနှင့် လူးနယ်ပြီး စိုက်ပျိုးသည့် နည်းလမ်းများ ရှိသော်လည်း၊ ယင်းသည် သီးနှံပြောင်းလဲစိုက်ပျိုးခြင်းကဲ့သို့ သဘာဝအတိုင်း စုံလင်ထူထပ်သော အဏုဇီဝပိုးမွားများ(Microbes)ကို မပေးစွမ်းနိုင်ပါ။ ထို့ကြောင့် သီးနှံသီးလှည့်စိုက်ပျိုးခြင်းကို မပျက်မကွက် လုပ်ဆောင်သင့်သည်။
(၂) ပဲမျိုးစုံကို ကြားညှပ် (သို့မဟုတ်) အလှည့်ကျစိုက်ပါ။ မိမိတို့၏ အဓိက သီးနှံ (ဥပမာ- စပါး၊ ပြောင်း၊ ဂျုံ) များ စိုက်ပျိုးပြီးနောက် (သို့မဟုတ်) ကြားကာလတွင် မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ စသည့် ပဲမျိုးစုံကို အလှည့်ကျ ထည့်သွင်းစိုက်ပျိုးပါ။ ယင်းက မြေဆီလွှာကို "အသစ်ပြန်စ" (Re-set) ပေးပါလိမ့်မည်။
(၃) နည်းစနစ်နှင့် မျိုးစေ့ ပေါင်းစပ်ပါ။ အထွက်နှုန်းကောင်းမည့် ရေ၊ မြေဒေသနှင့် ကိုက်ညီသည့် "အကောင်းဆုံးမျိုးစေ့" ကို ရွေးချယ်ရုံတင်မကဘဲ မြေဆီလွှာကို ကာကွယ်ပေးမည့် "အကောင်းဆုံး စိုက်ပျိုးရေးစနစ်" (သီးနှံသီးလှည့်စိုက်ပျိုးခြင်း) ကိုပါ ပေါင်းစပ်အသုံးပြုမှသာ သီးနှံ၏ အထွက်နှုန်း အလားအလာကို အပြည့်အဝ ခံစားရရှိမည်ဖြစ်သည်။
အနှစ်ချုပ်ရသော် မြေဆီလွှာသည် သေနေသော အရာဝတ္ထုမဟုတ်ဘဲ သက်ရှိများစွာ မှီတင်းနေထိုင်ရာ အိမ်တစ်လုံး ဖြစ်သည်။
သီးနှံများကို စနစ်တကျ လှည့်လည်စိုက်ပျိုးခြင်းသည် မြေဆီလွှာအတွင်းရှိ အကျိုးပြုဇီဝရုပ်များကို ကျွေးမွေးပြုစုစောင့်ရှောက်ရာ ရောက်ပါသည်။
သိပ္ပံပညာရှင်များသည် နောင်အနာဂတ်တွင် ပဲပင်ကဲ့သို့ ကိုယ်တိုင်နိုက်ထရိုဂျင်ဖမ်းယူနိုင်မည့် နှံစားသီးနှံမျိုးစိတ်သစ်များကို မျိုးဗီဇပြုပြင်ထုတ်လုပ်ရန် ကြိုးပမ်းနေကြပြီ ဖြစ်သည်။
သို့သော် လက်ရှိအချိန်တွင် တောင်သူကြီးများအနေဖြင့် မိမိတို့ပိုင်ဆိုင်သော စိုက်ကွင်းများ ရေရှည်တည်တံ့ပြီး ဓာတ်မြေဩဇာစရိတ် သက်သာစွာဖြင့် အထွက်နှုန်းတိုးတက်စေရန် “သီးနှံသီးလှည့်စိုက်ပျိုးခြင်း” နည်းစနစ်ကို အလေးအနက်ထား ကျင့်သုံးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဒီချဥ်ပေါင်ရွက်တွေက ဘာအရည်တွေ ဖျန်ူးထားတာလဲရှင့် စားမိရင်ဘာဖြစ်မှာလဲ ဘယ်လိုလုပ်ပြီးစားရမှာလဲ
kayzin soe • ဖြေကြားချက် 4 ခု
ဒီချဥ်ပေါင်ရွက်ပေါ်က အရည်တွေက ဘာတွေလဲရှင့် ဒါမျိုးတွေက စားမိရင် ဘာအန္တရာယ်ထြစ်မှာလဲ ဘယ်လိုရွေးချယ်စားသုံးရမလဲရှင့်
kayzin soe • ဖြေကြားချက် 1 ခု
ရွှေဖရုံပင်တွေကို အညွန့် ဘယ်အချိန်မှာ ဖျတ်ပေးရမလဲ သပရစေခင်ဗျာ။ ဆရာများကို လေးစားလျက်🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 4 ခု
စိုက်ပျိုးရေးနဲ့မသက်ဆိုင်ပေမဲ့ ဗဟုသုတအနေနဲ့မေးချင်ပါတယ် ဒီနှစ်ဟာဝါထပ်တာလူတိုင်းသိပြီးဖြစ်ပါတယ် ဒီနေ့ စက်တင်ဘာ10ရက်နေ့ဟာ မြန်မာလ ဝါခေါင်လဆုတ်13ရက်ဖြစ်ပါတယ် အရင်နှစ်(2025)ဟာ ဝါမထပ်သောကြောင့် စက်တင်ဘာ 10ရက်(ဒီကနေ့) ဟာ တော်သလင်းလဆုတ်4ရက်ဖြစ်နေပါတယ် ထိုအရာမှာ ဒီနှစ်တော်သလင်းလဟာ အရင်နှစ် တော်သလင်းလထက် နောက်ကျ ကျန်နေပါတယ် ထို့ကြောင့် ဒီလကို တော်သလင်းလလို့ သတ်မှတ်လို့ရပါသလား ဘယ်လိုတေအမှန်ယူရမလဲ ရှင်းပြပေးပါဦးဆရာခင်ဗျ
ဦးစောမောင်ဌေး • ဖြေကြားချက် 2 ခု
ဆားခါးက သီးနှံတွေအတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာ ဗဟုသုတအနေနဲ့သိထားချင်ပါသဖြင့် ဆရာတို့ကျေးဇူးပြု၍ ဖြေကြားပေခဲ့ပါအုံးခဗျာ။
ကိုငြိမ်းဦး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
More from သော်ဇင်
အားလုံး
မီးထွန်းကြာချိန်ပေါ်မူတည်၍ ဂန္ဓမာပင်၏ မတူညီသော တုံ့ပြန်မှုများ
31/08/2026
အသံ
ပန်းပွင့်ချိန်ကို မီးနဲ့ထိန်းချုပ်ပြီး စျေးကောင်းရယူနည်း
21/08/2026
အသံ
အရည်အသွေးကောင်းတဲ့ ခရမ်းချဉ်ရဖို့ ဂရုစိုက်ရမည့်အချက်များ
06/08/2026
ကြက်သွန်နီဥကို အလေးချိန်စီးပြီး အထွက်နှုန်းများစေမယ့် အာဟာရဓာတ်များ
30/06/2026
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
03/06/2026