အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ

ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ

Htunn Winn Kyaw
Htunn Winn Kyaw 09/09/2026

ပေါ့သေးသေးတော့မဟုတ်ဘူး..၂၀၂၆ မြေဆီလွှာသိပ္ပံ Ig နိုဗယ်ဆုရထားတာရယ်..။


ဆွစ်ဇာလန်နိုင်ငံတစ်ဝန်းက လူပေါင်း (၁၀၀၀) ပါဝင်ပြီးတော့ ချည်သားအတွင်းခံ (၂၀၀၀) ကျော်နဲ့ မြေတွေစမ်းတယ်။ အချက်အလက်တွေကို စုဆောင်းတယ်ပေါ့။


အဲ့လူပေါင်း (၁၀၀၀) မှာ အနည်းဆုံး (၅၀) ရာခိုင်နှုန်းက တောင်သူလယ်သမားတွေဖြစ်ပြီးတော့ သူတို့ကလည်း လိုလိုလားလားပဲ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတဲ့ သုတေသနတစ်ခုပါ။

photo crd # Le Monde

ဘယ်ကလုပ်တာလဲဆိုတော့

Franz Bender၊ Marcel G. A. van der Heijden၊ Pia Viviani (catta GmbH) နဲ့ Atlant Bieri (Atlant.ch) တို့က ဒီလိုလုပ်ကြဖို့ ဒီဇိုင်းကိုဆွဲခဲ့ကြပြီးတော့  စမ်းသပ်ခဲ့ကြတာ။ မြေဆီလွှာက တကယ့်ကိုစိန်ခေါ်မှုတစ်ရပ်ဖြစ်လာတယ်။ တကယ် စိုက်ပျိုးထုတ်လုပ်မှု ရဲ့ ၉၅ ရာခိုင်နှုန်းကလည်း မြေကြီးပေါ်မှာ ပဲလုပ်ကြတယ်။ ဆိုတော့ မြေကြီးထဲက ဇီဝမျိုးကွဲတွေကလည်း စိုက်ပျိုးထုတ်လုပ်မှုနဲ့ မြေသြဇာတွေ အသုံးပြုမှုမှာ (၅၀) ရာခိုင်နှုန်းလောက်ကို ထိခိုက်နေပြီ။ ကာဗွန်တွေ ကလည်း အများကြီးစုပြုံလာနေပြီး မြေသားတိုက်စားမှု၊ မြေသား ညစ်ညမ်းမှုတွေ တကယ့်ကိုပျက်စီးမှုက ကြီးမားနေပြီဆိုတော့  ဒါကို လုပ်ရင်းနဲ့ လူတွေရဲ့ အာရုံစိုက်မှုနဲ့ ပြုပြင်ပြောင်းလဲနိုင်ဖို့ အရွေ့တစ်ခုအနေနဲ့ ဒီပရောဂျက်ကို စတင်ခဲ့ကြတာလို့ ဖော်ပြထားပါတယ်။

ဘယ်လိုလုပ်ခဲ့လဲ

အော်ဂဲနစ်စစ်စစ် ချည်သား အတွင်းခံဘောင်းဘီ (အသေးဆိုဒ်) အထည်ရေ (၂၀၀၀) ကို အော်ဒါမှာတယ်။ ဒီပရောဂျက်ထဲမှာပါတဲ့ လူပေါင်း(၁၀၀၀) ကိုတစ်ယောက်ကို (၂) ထည်ဝေပေးလိုက်ပါတယ်။

စမ်းမယ့် မြေကြီးနေရာကို အလျား (၆၀) စင်တီမီတာ (၂ ပေလောက်ရှိ)၊ အနံ (၃၀) စင်တီမီတာ (၁ ပေလောက်) နဲ့ အနက် (၃၀) စင်တီမီတာ (၁ ပေလောက်) တူးလိုက်တယ်။ အတွင်းခံ (၂) ထည်ကို ဘေးချင်းကပ်ပြီး ခါးသားရေကြိုးကိုတော့ဖော်ပြီးတော့ ကျန်တာကို မြေနဲ့မြုပ်လိုက်တယ်။ အနက်က (၃၀) စင်တီမီတာ တူးထားပေမဲ့လို့ မြေဖုံးတာကို ကျတော့ အပြည့် ပြန်မထည့်ဘူး၊ (၈) စင်တီမီတာ  နိမ့်ထားလိုက်တယ်။


မြင်ယောင်ကြည့်ရင် (၃) လက်မကျော်ကျော်လေး ပိုနိမ့်နေတဲ့ (၂)ပေ x (၁) ပေပတ်လည် မြေကျင်းလေးမှာ အတွင်းခံရဲ့ (၂)ထည်ရဲ့ ခါးသားရေကြိုးလေးပေါ်နေမှာပေါ့။

Photo Crd#Yahoo!news

အချက်အလက်တွေ ဘယ်လို ယူကြလဲ

ရက် (၃၀) ကြာတဲ့အခါမှာ ပထမ တစ်ထည်ကို ထုတ်တယ်၊ အချက်အလက်တွေကို စစ်ဆေးတယ်။
နောက်ထပ် ရက် (၃၀) ထပ်ကြာတဲ့အခါ (စုစုပေါင်း ရက် ၆၀ မှာ) နောက်တစ်ထည်ကို ပြန်ထုတ်တယ်။ အချက်အလက်တွေကို စစ်ဆေးတယ်။

ဘယ်လို စစ်ဆေးတာလဲ

အော်ဂဲနစ် ချည်သားအတွင်းခံ ဘောင်းဘီတွေရဲ့ ဆွေးမြည့်မှုကို စစ်ဆေးကြတာ။ သူတို့ စမ်းထားတဲ့မြေအမျိုးအစားတွေပေါ်မှာမူတည်ပြီးတော့

-        ကိုယ်ပိုင်ဥယျာဉ်ခြံနေရာပါတယ်။ သူက ၅၈%လောက်  ဆွေးတယ် - အော်ဂဲနစ် ကာဗွန်နဲ့ အာဟာရတွေ များများပါဝင်တယ်လို့ ယူဆနိုင်ပါတယ်။

-        ထွန်ယက် စိုက်ပျိုးနေတဲ့မြေ - ၅၁%လောက် ဆွေးတယ်။

-        မထွန်မယက်ဘဲ စားကျက်မြေလို ပစ်ထားတဲ့မြေမှာ ၄၇ ရာနှုန်းလောက်နဲ့

-        မြက်တစ်မျိုးတည်းကို အလှစိုက်ထားတဲ့ မြက်ခင်းမြေ မှာ ၄၀ ရာနှုန်းလောက်ပဲ ဆွေးတယ်။

ဆွေးမြည့်မှု မြင့်တယ်ဆိုတာက မြေထဲမှာ ဇီဝသက်ရှိလှုပ်ရှားမှုနဲ့ မြေဆီသြဇာကောင်းမွန်တယ်ဆိုရင် မြင့်တယ်လို့ ယူဆနိုင်ပါတယ်။ ဒီလိုပဲ နိမ့်တာကျတော့ ပြောင်းပြန်ပေါ့။ မြေကျပ်နေတာ၊ လေမဝင်တာ၊ အာဟာရတွေမှာ ကန့်သတ်မှုရှိနေတာ၊ မြေအစိုဓာတ်မလုံလောက်တာနဲ့ မြေသားအပူချိန် မကောင်းတာ အဲ့လိုတွေကြောင့်မို့ ဖြစ်နိုင်ပါတယ်၊

Photo Crd#Life Facts

နောက်ထပ်သူတို့အနေနဲ့ ဘာတွေ တွေ့ခဲ့သလဲ

ဖော့စဖောရပ် (မီးစုန်း) နဲ့ ဆိုဒီယမ် ရရှိနိုင်မှု မြင့်မားတဲ့ မြေသားတွေမှာ ဒီချည်သားဘောင်းဘီတွေက ဆွေးမြည့်မှု ပိုမြန်တယ်။ တစ်နည်းဆိုရင် ဆွေးတာမြန်ရင် အဲ့ (၂) ခု ရနိုင်ချေ မြင့်မားတယ်လို့ ဆိုနိုင်ပါတယ်။

အမြင့်ဆုံးက ကိုယ်ဘာသာလုပ်ကိုင်နေတဲ့ ဥယျာဉ်ခြံမြေပဲ။ (၅၈) ရာခိုင်နှုန်းလောက်ကို ဆွေးတယ်။ ဓာတ်ခွဲစမ်းသပ်လိုက်တဲ့အခါမှာလည်း ၅၁ ရာခိုင်နှုန်းလောက် ဆွေးတဲ့ စိုက်ပျိုးမြေမှာပါတဲ့ မီးစုန်းဓာတ် ထက် (၄) ဆလောက်ပိုများတာကို တွေ့ရပါတယ်တဲ့။

အရင်က လက်ဖက်ခြောက်အိတ်နဲ့ စမ်းထားတဲ့ စမ်းသပ်မှုလည်းတစ်ခုရှိသေးတယ်။ အဲ့ဒါနဲ့စာရင်ကျတော့ ဒီလို ချည်သားအတွင်းခံဘောင်းဘီနဲဲ့ စမ်းတဲ့အခါ အနုဇီဝသက်ရှိတွေက နိုက်ထရိုဂျင်နဲ့ မီးစုန်းဓာတ်တွေကို အနှောက်အယှက်မရှိဘဲ ပိုမိုစုပ်ယူနိုင်ပါတယ်တဲ့။

ဒီစမ်းသပ်မှုက မြေကြီးကောင်းခြင်း မကောင်းခြင်းကို စမ်းသပ်တာမဟုတ်ဘဲ မြေကြီးထဲက မြေဆီသြဇာကြွယ်ဝတာနဲ့ အာဟာရဓာတ်တွေရရှိနိုင်မှုတွေအတွက်ပါ။ ဒါပေမဲ့ မြန်မြန်ဆွေးလေ ကောင်းလေဆိုတာကိုတော့ ငြင်းမရပါဘူး။

ဒါဆိုရင် ချည်သား အတွင်းခံဘောင်းဘီ (၂၀၀၀) က ဘာတွေပြောခဲ့ကြလဲ…..

ကိုးကား။ ။

၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃ ရက် (ကြာသပတေးနေ့) တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့၌ ကျင်းပခဲ့သည့် Ig Nobel ဆုပေးပွဲတွင် ဆုရရှိခဲ့သော သုတေသနစာတမ်းကို မြန်မာဘာသာဖြင့် သင့်လျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပဲပုပ်နှင့် ပဲငပိကတူတူပဲလားဗျ ဒီဆေးတေသုံးလို့ရလားဗျ

ဇင်ကိုလတ် • ဖြေကြားချက် 0 ခု

နှိမ်နင်းရခက်တဲ့ဗီဇပြောင်းတက်ပွတ် တက်ကားကိုထိထိရောက်ရောက်နှိမ်နင်းနိုင်တဲ့ဆေးပေါ်ပြီလားဗျ

မျိုးဇော် • ဖြေကြားချက် 0 ခု

ဆရာများအားလုံးမဂ်လာပါ🙏 စပါးပီးရင် မတ်ပဲကိုခုတ်ဖုံးလုပ်ပီးရိုးပြက်တွေကိုEMဖျန်းမယ် တစ်ဧက ကိုဘယ်နှစ်ပုံးဖျန်းရမလဲ အပင်ဖြစ်လာရင် အမိုင်နိုဖျန်းချင်တယ် အပင်ဘယ်အရွယ်မှာဖျန်းရမလဲ ခုလို အသုံးပြုတာအဆင်ပြေမလာ ဖြေကြားပေးပါ။ 🌱

bominthu • ဖြေကြားချက် 0 ခု

ပုံပါအတိုင်းရွက်ဖျားလေးတွေချောက်နေလို့ဘက်တီးရီးယားရွက်ခြောက်ကျတာလားခဗျ၅၈ရက်သားရှိပါပြီအခင်းက၄၅ကပဲ၁၅ပတ်လည်ကျွေးထားတာပါ

kyaw zin • ဖြေကြားချက် 0 ခု

ကွမ်းသီးပင်ကို ဖွဲ ပြာ အုံတယ် ၁၅ ပတ်လည် ကြွေးတယ် နွားသေးဖျန်းတယ် ၅ ရက်မြောက်မှာ အပင်တေက ဝါလာပီး တချို့ပင်တေက အရွက်ဖျားတေ ခြောက်လာလို့ ဘာလို့ပါလဲ ခင်ဗျ ဘာဖြစ်နိုင်လည်းခင်ဗျ ဘာလုပ်သင့်လည်းခင်ဗျ အပင်သေသွားနိုင်လားခင်ဗျ

Aung Ko Htwe • ဖြေကြားချက် 0 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။