ဆန်လုံးညို ဘာကြောင့် စားကြတယ် ..........ဒါတွေကြောင့်မို့ စားပါတယ်
ဆန်ဖြူတွေနဲ့ မတူတာက ဆန်လုံးညိုမှာ အပြင်ဘက်ဆုံး အလွှာ ရှိနေ တာကြောင့် အာဟာရတန်ဖိုး အများအပြား ကပ်ငြိနေတာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။ ဒါကြောင့် ဆန်လုံးညိုကို စားသုံးတာက အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။
(၁) မဂ္ဂနိစ်ကြောင့် နာ့ဗ်ကြော ကျန်းမာစေပါတယ်
ဆန်လုံးညိုမှာ အထူးပါဝင်တဲ့ အကျိုးပြုဓာတ်တစ်မျိုးက မဂ္ဂနိစ်ဖြစ်ပါတယ်။ ဆန်လုံးညို တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ လိုအပ်တဲ့ မဂ္ဂနိစ် ၈၈ရာခိုင်နှုန်း ပါဝင်တာကြောင့် စွမ်းအင် ရရှိကာ နာ့ဗ်ကြောစနစ် ကျန်းမာတာ၊ လိင်ဟော်မုန်း အထွက်တိုးတာနဲ့ ဓာတ်တိုး ဆန့်ကျင်နိုင်တဲ့ အစွမ်းများစွာ ရှိနေပါတယ်။
(၂) ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်
ဆန်လုံးညိုကို စားတာက ဆနြ်ဖူကို စားတာထက် အမျိုးသမီး တွေကို ကိုယ်အလေးချိန် ထိန်းထား နိုင်ကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ ဟားဗတ် ဆေးကျောင်းနဲ့ အမျိုးသမီး ဆေးရုံရဲ့ လေ့လာမှုအရ ဆန်လုံးညိုလို အခွံချွတ်မထားတဲ့ကောက်နှံစာကို စားတဲ့ အမျိုးသမီးတွေက အခွံချွတ်ထားတဲ့အစာ စားသူတွေထက် ကိုယ်အလေးချိန် တက်နိုင်ခြေ ၄၉ရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါတယ်။
(၃) အူမကြီး ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်
ဆန်လုံးညိုမှာ အမျှင်ဓာတ် အပြည့်အဝ ပါဝင်ပါတယ်။ ဆန်လုံးညို တစ်ခွက်စာပမာဏမှာ တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ် ၁၄ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဒီအမျှင်ဓာတ်တွေက အူမကြီးထဲမှာ ကျန်ရှိနေတဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်တွေကို ကာကွယ် တားဆီး ပေးတာကြောင့် အူမကြီးကင်ဆာဖြစ်နှုန်းက သိသိသာသာ လျော့ကျမှု ရှိပါတယ်။ ဆန်လုံးညိုမှာ ပါဝင်တဲ့ ဆီလီနီယမ်ဟာ အူမကြီးကင်ဆာဖြစ်နှုန်းကို သိသိသာသာ လျော့ကျစေပါတယ်။ ဒါ့အပြင် ဆန်လုံးညိုမှာပါတဲ့ အမျှင်ဓာတ်ဟာ သည်းခြေရည် စီးဆင်းမှု မတိုးအောင် ကာကွယ် ပေးတာကြောင့် သည်းခြေ ကျောက်မတည်အောင် ကာကွယ် ပေးနိုင်ပါတယ်။
(၄) ကလေးဘဝ ပန်းနာရင်ကျပ်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်
လေ့လာမှု တစ်ရပ်အရ ဆန်လုံးညိုလို အခွံချွတ်မထားတဲ့ ကောက်နှံစာနဲ့ ငါးစားတာကြောင့် ကလေးဘဝ ပန်းနာရင်ကျပ်ရောဂါကို ၅၀ ရာခိုင်နှုန်းလျော့ကျစေကြောင်း သိရပါတယ်။ ဆန်လုံးညိုမှာ ပါတဲ့ အမျှင်ဓာတ်ဟာ ပန်းနာ ရင်ကျပ်ရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင် ပါတယ်။
(၅) ကိုယ်တွင်းစနစ်တွေကို ကောင်းမွန်စေပါတယ်
ဆန်လုံးညိုမှာပါတဲ့ ဆီလီနီယမ်ဟာ သိုင်းရွိုက်ဟော်မုန်းရဲ့ လုပ်ငန်းဆောင်တာ၊ ကိုယ်ခံ စွမ်းအား စနစ်နဲ့ အင်တီအောက်ဆီးဒင့် စတာတွေကို တိုးစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဆီလီနီယမ် ရှိတာက ကင်ဆာ ကင်းဝေးစေပြီး နှလုံးရောဂါနဲ့ ရူမတွိုက် အဆစ်ရောင် ရောဂါတို့ရဲ့ ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။
(၆) မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်
ဆန်လုံးညိုမှာ ပါဝင်တဲ့ အဆီဓာတ်တွေက မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျ စေပါတယ်။ ဆန်လုံးညို အပါအဝင် ကောက်နှံ တစ်ခုလုံးစာကို တစ်ပတ်မှာ အနည်းဆုံး ခြောက်ကြိမ် စားတဲ့သွေးဆုံးပြီး အမျိုးသမီးတွေဟာ သွေးကြောထဲ အဆီခဲပိတ်ဆို့မှု လျော့နည်းကြောင်း သိရပါတယ်။
(၇) ကင်ဆာကို ကာကွယ်နိုင်ပါတယ်
ဆန်လုံးညိုမှာ ပါဝင်တဲ့ ဖိုင်တို နျူးထရီးရန့်ဟာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်မှာ ပါတဲ့ ဖိုင်တိုနျူး ထရီးရန့်တွေထက် ကင်ဆာကို ဟန့်တားနိုင်စွမ်း ပိုများကြောင်း အမေရိကန် ကင်ဆာ သုတေသန တက္ကသိုလ်က ဆိုပါတယ်။ ဖိုင်တိုနျူး ထရီးရန့်တစ်မျိုး ဖြစ်တဲ့ လစ်ဂနင်ဟာ နှလုံးရောဂါနဲ့ ရင်သား ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။
(၈) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်
လေ့လာမှုအရ ဆန်လုံးညိုကို စားရင် မဂ္ဂနီဆီယမ် ပမာဏများများ ရရှိတာကြောင့် အမျိုးအစား (၂)ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ကျ စေကြောင်းနဲ့ ခန္ဓာကိုယ်ရဲ့ ဂလူးကို့စ် အသုံးပြုမှုနဲ့ အင်ဆူလင်ထုတ်မှု အားကောင်း စေကြောင်း သိရပါတယ်။ မဂ္ဂနီဆီယမ်ဟာ အရိုး သန်စွမ်းရေး အတွက်လည်း အရေးပါတဲ့ သတ္တုဓာတ်ပါ။
Reference ...... ကြယ်စင် ..... မြဝတီ
ဆက်စပ်မေးခွန်းများ
ကျဲစပါး17ရက်လောက်မာအပင်ဝါပီးအဖြားခြောက်နေရင်ဘာလုပ်ရမလဲဗျ
K • ဖြေကြားချက် 2 ခု
ကျနော့်မိတ်ဆွေနဲ့ ဆရာ့ဆရာများ ကျနော့် စပါးခင်းထဲ က ဒီပေါင်းလေး မနိုင်လို့ပါ ဘယ်လို နိုင်နင်းရမလဲဘယ်ဆေး သုံးရမလဲ ဖြေပေးပါ/ရွှေနဂါးပေါင်းဝေး/ ဘစ်ဘန်း/ တရုတ်ထုပ် ဆေးမုန့်ဝါ / ဒါတွေ သုံးပြီးပါပြီ
Aung Aung • ဖြေကြားချက် 4 ခု
စပါးခင်းထဲမှာပေါက်နေတာပါဘာမြက်လဲဘယ်လိုဆေးမျိုးဖျန်းလို့ရနိုင်လဲဗျ
Sawsamson • ဖြေကြားချက် 1 ခု
ဒီချဥ်ပေါင်ရွက်တွေက ဘာအရည်တွေ ဖျန်ူးထားတာလဲရှင့် စားမိရင်ဘာဖြစ်မှာလဲ ဘယ်လိုလုပ်ပြီးစားရမှာလဲ
kayzin soe • ဖြေကြားချက် 4 ခု
ဒီချဥ်ပေါင်ရွက်ပေါ်က အရည်တွေက ဘာတွေလဲရှင့် ဒါမျိုးတွေက စားမိရင် ဘာအန္တရာယ်ထြစ်မှာလဲ ဘယ်လိုရွေးချယ်စားသုံးရမလဲရှင့်
kayzin soe • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026