ချည်ထုတ်လုပ်လို့ရသည့် ဖက်ယားပင်
ရန်ကုန်ရောက်တော့ နေရာအတော်များများမှာ ဖက်ယားပင်တွေ တွေ့ရတယ်။ သူတို့အားလုံးဟာ မျိုးစု Urtica မှာပါဝင်ကြတယ်။ စိုထိုင်းဆများတာရယ် လောင်းရိပ်ကျခြင်းတွေက ဖက်ယားပင်တွေ ပွားများစေပုံရတယ်။ အချို့နေရာတွေဆို ၂ ပေကျော် ၃ ပေနီးပါးမြင့်တယ်။ ပင်ပျော့လေးတွေဖြစ်ပြီး မျိုးရင်းကတော့ Urticaceae ဖြစ်ကြတယ်။ Urtica (အာတီကာ) ကတော့ genus (မျိုးစု) အမည်ဖြစ်ပါတယ်။ Urtica genus မှာ မျိုးစိတ်များစွာရှိကြတယ်။ ဖက်ယားပင်ရဲ့ သိပ္ပံ အမည်ကို Urtica dioica လို့ခေါ်ပြီး nettles or stinging nettles လို့အသိများကြတယ်၊
Urtica species ဖက်ယားပင် မျိုးစိတ်တွေအများစုက တစ်နှစ်ခံပင် နှစ်ရှည်ခံပင်ပင်အနေနဲ့ အတွေ့များပါတယ်။ ခြုံပင်အနေနဲ့ကတော့ အလွန်ရှားပါတယ်။ အမျိုးအစားနဲ့ တည်နေရာ အမျိုးအစား အာဟာရရရှိမှုအပေါ်မူတည်ပြီး အပင်အမြင့်က ၃၀၀ စင်တီမီတာ (300 cm) အထိရှိတတ်ပါတယ်။ မြေအောက်ပင်စည်ရှိပါတယ်။ အစိမ်းရောင်အစိမ်းအပိုင်းအားလုံး ယားယံစေသောအမွှေး (stinging hairs) တွေဖုံးအုပ်ထားပါတယ်။ ပင်စည်က လေးထောင့် (quadrangular stems) ဖြစ်ပါတယ်။ ပင်ထောင်ဖြစ်ပြီး ကိုင်းဖြာပါတယ်။
အရွက်တွေက ရွက်ညှာပါပြီး ရွက်ဆိုင်ထွက်တယ်၊ ရွက်ပြားပုံစံအမျိုးမျိုးပါ elliptic, lanceolate, ovate or circular ပုံစံဖြစ်ကြပါတယ်။ အရွက်တိုင်းမှာ အဓိက ရွက်ကြော ၃ ခုကနေ ၅ ခုအထိပါပါတယ်။ ရွက်နားတွေက လွှသွားပုံရွက်နားသွားပုံရှိကြပါတယ်။
ယားယံသော အမွှေးများကြောင့် ဖက်ယားပင်တွေကိုအရွက်စားသတ္တဝါတွေက မနှစ်မြို့ပါဘူး၊ စားလည်း စားခဲပါတယ်၊ ဒါ့ကြောင့်လည်း အပင်ကိုမှီခိုနေထိုင်ရတဲ့ အင်းဆက်များအတွက်တော့ နားခိုစရာ အိမ်သဖွယ်ဖြစ်လို့နေတယ်၊ ပန်းခိုင်ကကြားထွက်ဖြစ်ပြီး ပန်းခိုင်တလျောက် လုံးဝန်းသော ပန်းခိုင်အလုံးများ ဖြစ်ပြီး သေးငယ်သော ပန်းလေးများစွာပါပါတယ်။
ဖက်ယားအပင်တွေမှာ ယားယံသော အမွှေးမပါသော မျိုးစိတ်တွေလည်းရှိပါတယ်။ ယားယံစေသော အမွှေးတွေက ထိတာနဲ့ ခန္ဓာကိုယ်အတွင်း အပ်သဖွယ်စူးဝင်ပြီး ဓာတုပစ္စည်းများဖြစ်တဲ့ acetylcholine, histamine, 5-HT (serotonin), moroidin, leukotrienes, formic acid များကို သွတ်သွင်းစေပါတယ်။ ဒီဒြပ်ပေါင်း အနှောက အရေပြားကို ပြင်းထန်စွာယားယံစေပါတယ်။ ဒါ့ကြောင့်လည်း ဒီအပင်ကို stinging nettle လို့ ခေါ်ကြပါတယ်။
ပန်းလေးတွေကငယ်ပြီး အစိမ်းရောင် လိင်မစုံကြပါ၊ ပွင့်ဖတ် ၄ ခုသာပါပြီး ပွင့်ချပ်မရှိပါဘူး၊ ဝတ်ဆံတန်တွေက ပွင့်ဖတ်တွေနဲ့ မျက်နှာခြင်းဆိုင်နေရုံသာမက အတွင်းထဲမှာတောင်လှလျောင်းနေပုံက တခြားမျိုးရင်းတွေနဲ့ လုံးဝ လုံးဝ ကွဲပြားလှတယ်။ အစေ့အိမ်က ဘဲဥပုံဖြစ်သော်လည်း ဝတ်မှုံခံတိုင် အရမ်းတိုပါတယ်၊ အသီးသည်ပြားသောပုံသဏ္ဍာန်ရှိပါသည်။
ဖက်ယားပင်ကို ဘယ်နေရာတွေမှာသုံးသလည်း?
သမိုင်းကြောင်းအထောက်အထားတွေအရ ဆေးဝါးအနေနဲ့သုံးစွဲခဲ့ကြတယ်၊ အချို့လည်း ချက်ပြုတ်စားကြတယ်၊ အချို့ မျိုးစိတ်တွေကနေ အမျှင် (fiber) တွေထုတ်ယူကြတယ်။ Urtica dioica ကတော့ အဓိက species မျိုးစိတ်ဖြစ်ပြီး အထက်ပါရည်ရွယ်ချက်တွေအတွက်သုံးခဲ့ကြတယ်။ အဆစ်ယောင် (Arthritic joints) ရောဂါကို ရိုးရာတိုင်းရင်းဆေးအနေနဲ့ ဖက်ယားအကိုင်းတွေနဲ့ ရောင်နေသောအဆစ်ကို whipping လုပ်ပြီးကုသကြတယ်။ ဖက်ယားရွက် (Nettles) တွေကို ဆေးဖက်ဝင်လက်ဖက်ရည် (herbal tea) အနေနဲ့လည်းသောက်သုံးကြပြီး ဒီလက်ဖက်ရည်ကို nettle tea လို့လည်းခေါ်ပါတယ်။
Urtrica dioica အပင်ကို သြစတေးလျရဲ့ ရိုးရာဆေးဖက်ဝင်အပင် (the traditional Austrian medicine)(လက်ဖက်ရည်အနေနဲ့သော်လည်းကောင်း အရွက်ကိုလည်းကောင်း) အနေနဲ့ သောက်သုံးပြီး ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းရောဂါများ ၊ အစာလမ်းကြောင်း အူများ gastrointestinal tract, locomotor system, အရေပြား skin, နှလုံးကြွက်သား cardiovascular system, hemorrhage, တုပ်ကွေး influenza, အဆစ်အမြစ်ရောင်သောရောဂါ rheumatism နဲ့ ဂေါက်ရောဂါ gout ရောဂါများကုသရာမှာသုံးကြပါတယ်။
ဖက်ယားပင်တွေမှာ အကောင်းဆုံးအမျှင်တွေပါကြတယ်။ ရိုးရာအနေနဲ့ အတွင်းခံ လိုင်နာအသား linen အနေနဲ့ အသုံးပြုကြပါသည်။ ဝါဂွမ်းနဲ့မတူတာက (nettles) ဖက်ယားတွေက ပိုးတွေရဲ့ ဖျက်စီးမှုမခံရတာပါဘဲ၊ ဒါပေမဲ့ နူးညံမှုမရှိကြမ်းတမ်းသောလက္ခဏာရှိပါတယ်။ သမိုင်းကြောင်းကိုပြန်ကြည့်ရရင် ဖက်ယားပင်က ချည်ကို လွန်ခဲ့သော နှစ်၂၀၀၀ ခန့်ကသုံးခဲ့တယ်လို့ပြောရင် မိတ်ဆွေတို့ အံသြကြလိမ့်မယ်၊ ဝါဂွမ်းအခက်အခဲကြောင့် ပထမကမ္ဘာစစ်က ဂျာမန်စစ်သည်တွေရဲ့ ယူနီဖောင်းကို ဒီအပင်ကရတဲ့ ချည်ကိုဘဲသုံးခဲ့ရတယ်၊ မကြာမီကဆိုရင် သြစတေးလျ၊ ဂျာမနီ၊ အီတလီ မှာရှိတဲ့ ကုမ္ပဏီများက စီးပွားဖြစ် nettle textiles များထုတ်လုပ်နေပြီဖြစ်ပါတယ်။ အချို့နိုင်ငံတွေဆို ဖက်ယားအရွက်က အရသာကောင်းလွန်းလို့ ချက်တောင်စားကြပါသေးတယ်၊ လူသားအကျိုးပြုအပင်လေးတွေပါ။
Wikipedia ကိုမှီ၍ရေးပါသည်။
ကိုသက်နိုင်ဦး
ဟုမ္မလင်း
ဆက်စပ်မေးခွန်းများ
ဒီချဥ်ပေါင်ရွက်တွေက ဘာအရည်တွေ ဖျန်ူးထားတာလဲရှင့် စားမိရင်ဘာဖြစ်မှာလဲ ဘယ်လိုလုပ်ပြီးစားရမှာလဲ
kayzin soe • ဖြေကြားချက် 4 ခု
ဒီချဥ်ပေါင်ရွက်ပေါ်က အရည်တွေက ဘာတွေလဲရှင့် ဒါမျိုးတွေက စားမိရင် ဘာအန္တရာယ်ထြစ်မှာလဲ ဘယ်လိုရွေးချယ်စားသုံးရမလဲရှင့်
kayzin soe • ဖြေကြားချက် 1 ခု
ရွှေဖရုံပင်တွေကို အညွန့် ဘယ်အချိန်မှာ ဖျတ်ပေးရမလဲ သပရစေခင်ဗျာ။ ဆရာများကို လေးစားလျက်🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 4 ခု
စိုက်ပျိုးရေးနဲ့မသက်ဆိုင်ပေမဲ့ ဗဟုသုတအနေနဲ့မေးချင်ပါတယ် ဒီနှစ်ဟာဝါထပ်တာလူတိုင်းသိပြီးဖြစ်ပါတယ် ဒီနေ့ စက်တင်ဘာ10ရက်နေ့ဟာ မြန်မာလ ဝါခေါင်လဆုတ်13ရက်ဖြစ်ပါတယ် အရင်နှစ်(2025)ဟာ ဝါမထပ်သောကြောင့် စက်တင်ဘာ 10ရက်(ဒီကနေ့) ဟာ တော်သလင်းလဆုတ်4ရက်ဖြစ်နေပါတယ် ထိုအရာမှာ ဒီနှစ်တော်သလင်းလဟာ အရင်နှစ် တော်သလင်းလထက် နောက်ကျ ကျန်နေပါတယ် ထို့ကြောင့် ဒီလကို တော်သလင်းလလို့ သတ်မှတ်လို့ရပါသလား ဘယ်လိုတေအမှန်ယူရမလဲ ရှင်းပြပေးပါဦးဆရာခင်ဗျ
ဦးစောမောင်ဌေး • ဖြေကြားချက် 2 ခု
ဆားခါးက သီးနှံတွေအတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာ ဗဟုသုတအနေနဲ့သိထားချင်ပါသဖြင့် ဆရာတို့ကျေးဇူးပြု၍ ဖြေကြားပေခဲ့ပါအုံးခဗျာ။
ကိုငြိမ်းဦး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026