အရောင်အသွေးစုံလင်လှတဲ့ ပန်းဂေါ်ဖီများ
ပြင်ဦးလွင်ရောက်တိုင်း Kale flowers ကိုတွေ့ရတယ်၊ သူက Ornamental kale ခေါ်သည် ပန်းဂေါ်ဖီရောင်စုံတွေဖြစ်သည်။ အဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင် စသော အရောင်အသွေးစုံ ဂေါ်ဖီပင်လေးတွေက ပန်းခင်းအလှကိုပိုစေပါတယ်။ အနားသပ်လိုင်းကို အရောင်တစ်ခုထားကာစိုက်၊ အတွင်းပိုင်းကို အခြား အရောင်တစ်ခုနဲ့မွမ်းမံလိုက်တော့ လူဖန်တီးထားသော သဘာ၀ပန်းချီကားတစ်ချပ်ပမာ ဖြစ်ရတယ်။ အချို့ အဖြူရောင် kale တွေစုစိုက်ထားတာများ Snow နှင်းခဲတွေအလားပါဘဲ။ ဒါပေမည့် အများစုက ဒီအပင်တွေကို ဂေါ်ဖီပင်အနွယ်မှန်းမသိကြဖူး။
ဒီအပင်လေးတွေကို အစေ့ကနေလည်းစိုက်လို့ရသလို ပျိုးပင်ကနေလည်း ကူးယူစိုက်နိုင်တယ်။ kale တွေက နေရောင်ခြည်ကို နှစ်သက်တယ်။ လောင်းရိပ်ကျသောနေရာမှာ စိုက်လို့ရသော်လည်း နေရောင်ထဲက အပင်လောက် ကြွကြွရွရွ တောက်ပသော အဆင်းရမယ်မထင်ပါ။ ကန်တော်ကြီး ဥယျာဉ်ထဲမှာ kale ရောင်စုံတွေ့ရလို့ ပုံတွေအများကြီးရိုက်ခဲ့တယ်။ နောက်ပြီး တစ်ခုက ဒီအပင်တွေက အအေးလည်း အလွန်ကြိုက်တယ်၊ ဒါကြောင့်လည်း အအေးဓါတ်ပိုပြီး စိုထိုင်းဆများသော မေမြို့လိုနေရာမှာ ဖြစ်ထွန်းတာဖြစ်မယ်။ အညာနေပူပူ မှာဆိုရင်တော့ kale မဖြစ်လာပဲ ကုတ်သွားမှာအသေချာပင်..
ဂေါ်ဖီထုပ် အစ
ကျနော်တို့စားနေသော “ဂေါ်ဖီထုတ် အစိမ်း” တွေရဲ့ သိပ္ပံအမည်က Brassica oleracea subsp. capitata ဖြစ်ပြီး အင်္ဂလိပ်အမည် မှာ Cabbage ဖြစ်တယ်။ တစ်ချို့ကလည်း မုံလာထုပ် ခေါ်ကြတယ်။ ပန်းမုံလာ ခေါ်တဲ့ ပန်းဂေါ်ဖီရဲ့ အမည်က Brassica oleracea subsp. botrytis L. ဖြစ်တယ်။ English name မှာ Broccoli, Cauliflower ဖြစ်တယ်။ Broccoli က အစိမ်းရောင် Cauliflower က အဝါဖြော့ အဖြူဖြစ်တယ်။ ခဖုဖြူ ရဲ့ အမည်က Brassica rapa L. ဖြစ်တယ်။ မုံညှင်း ကတော့ Brassica campestris L.ဖြစ်တယ်။ English name မှာ Swedish turnip, Wild mustard ဖြစ်တယ်။ Brassica nigra ကတော့ မုံညှင်းနက်ဖြစ်တယ်။ အချုပ်ပြောရရင် Brassica မျိုးစုအောက် မှာ များစွာသော မျိုးစိတ် species တွေရှိကြတယ်။ မုံညှင်းဖြူ၊ မုံညှင်းနက်၊ ကိုက်လန်၊ မုံညှင်းစိမ်း၊ ခဖု၊ ဂေါ်ဖီထုပ်၊ ပန်းမုံလာ၊ ဘရိုကိုလီး၊ စသည့် အပင်တွေပါတယ်။ အများစုက အရွက်စားဖို့စိုက်ကြတယ်။
kale plant အပင်ရဲ့ ရုက္ခအမည်က Brassica oleracea ဖြစ်တယ်။ ဒါပေမည့် ဂေါ်ဖီထုပ်လို ထုပ်ကျစ်မနေပါဘူး။ သူ့ရဲ့အရွက်တွေက မြင်ရတဲ့အတိုင်း နှင်းဆီပန်းသဖွယ်ဖြစ်လို့နေတယ်။ ရွက်နားလေးတွေ တွန့်ခေါက်နေတာကြောင့် အလှပိုစေတယ်။ Kales တွေဟာ အရိုင်းဂေါ်ဖီ wild cabbage တွေနဲ့ ပိုပြီး နှီးနွယ်ကြတယ်။ Kales တွေမှာ မျိုးပြား varieties တွေရှိပြီး ပုံမှာအတိုင်း အရောင်စုံ ရှိကြတယ်။

Kale သမိုင်းကြောင်း
Middle Ages အဆုံးရောက်သည့်အချိန်ထိ ဥရောပနိုင်ငံတွေမှာ Kale တွေဟာ ထင်ရှားသော အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေဖြစ်ခဲ့တယ်။ (The fourth century BC) ၄ ရာစု ဘီစီလောက်မှာ အနားတွန့်ခေါက်လိမ်နေသော အရွက်တွေပိုင်ဆိုင်နေသော ဂေါ်ဖီထုပ် (Curly-leaved varieties of cabbage) တွေဟာ ဂရိနိုင်ငံမှာ ရှိနေခဲ့တယ်။ ဒီအပင်တွေကို ဆေးဝါးအစားအစာ အရင်းအမြစ်အနေနဲ့ (medicinal food source) အနေနဲ့သုံးစွဲခဲ့ကြတယ်။ Disocorides ရေးထားချက်များအရ kale အပင်ဟာ အူအတွင်းများတွင်ဖြစ်တတ်သော ရောဂါတွေကို ကုသနိုင်တယ်လို့ဆိုတယ်။ Sabellian kale တွေကို kale တွေရဲ့ ဘိုးဘွားအပင်တွေလို့ သတ်မှတ်ကြတယ်။
၁၆ ရာစုနှစ်လောက်ကတည်းက Kale တွေကို မြောက်အမေရိကမှ ကိုလိုနီများက ယူလာခဲ့သည်။ ၁၉ ရာစုမှာ ရှရှားကိုက်လန်ကို ကနေဒါသို့ မိတ်ဆက်သွင်းယူခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက UK မှာ (Dig for Victory campaign) ကမ်ပိုင်း လုပ်ရင်း kale စိုက်ဖို့ အားပေးခဲ့ကြတယ်။ ဒီအသီးအနှံက စိုက်ဖို့ သိပ်လွယ်တယ်၊ ထို့ပြင် လူတွေအတွက် အရေးကြီးသော အဟာရတန်ဖိုးကို ထောက်ပံ့နိုင်ခဲ့တယ်။ အချို့သော မျိုးပြားတွေက ပုမနေဘဲ အပင်အမြင့် ၆ပေ ကနေ ၇ပေ အထိရှိတယ်။ သို့သော်လည်း အချို့ကတော့ ကျစ်လစ်နေတယ်၊ အချိုးစားကျန်နေတယ်၊ စားလို့ရသော အရည်အသွေး ပိုင်ဆိုင်နေတယ်။ အများစုက အရွက်သားကြမ်းတမ်းပြီး စားရင် အစာမကြေပါဘူး၊ Kale အများစုက တစ်နှစ်ခံပင် သို့မဟုတ် ၂ နှစ်ခံပင်တွေဖြစ်ကြတယ်။ kale အစေ့တွေဟာ ဂေါ်ဖီထုပ်အစေ့များ၏ အရွယ်ပုံစံ အရောင်အတိုင်း ဆင်တူကြတယ်။
Ornamental kale အလှစိုက် kale များ
များပြားလှသော kale နဲ့ cabbage တွေကို အလှစိုက်ရာမှာသုံးကြတယ်။ သူတို့၏ တောက်ပသော အဖြူရောင်၊ အနီရောင်၊ ပန်းရောင်၊ လဗင်ဒါအရောင်၊ အပြာ၊ ခရမ်းရောင် အရွက်များနှင့် နှင်းဆီပန်းပုံရစ်ခွေနေသော အတွင်းပိုင်းပုံစံတွေကြောင့် ဖြစ်တယ်။ အလှစိုက် kale အရွက်တွေကလည်း စားမယ်ဆိုစားလို့ရပါတယ်။ ဒါပေမည့် အများစုအတွက် အဆင်မပြေပါဘူး၊ စားကြတာနဲပါတယ်။ အရသာက ဂေါ်ဖီထုတ်တွေလောက် မကောင်းပါဘူး၊ ပန်းအလှဆင်ဖို့သာ (decorative plants) စိုက်ပျိုးကြတယ်။ အရွက်တွေရဲ့အလှကို တစိမ့်စိမ့်ကြည့်ရင်းခံစားကြတယ်။ ပန်းခင်းတွေမှာ Kale ရောင်စုံက Romantic ဆန်သော အလှတရားကိုပေးတယ်။ ခူးစွတ်ခြင်းခံရခြင်း အနည်းဆုံးပန်းလည်းဖြစ်တယ်။

Kale ကို အလှဆင်ထားသော စားပွဲများ၊ ဟော်တယ်များ ပန်းအလှဆင်၊ မင်္ဂလာဆောင် ပန်းစည်းတွေမှာ အလှအပအနေနဲ့ပိုသုံးကြတယ်။ Raw kale အရိုင်းပင် တစ်ပင်မှာ ရေဓာတ် ၈၄ ရာခိုင်နှုန်း၊ ကာဗွန်ဟိုက်ဒိုက် ၉ ရာခိုင်နှုန်း၊ ပရိုတင်း ၄ ရာခိုင်နှုန်းနှင့် အဆီဓာတ် ၁ ရာခိုင်နှုန်း ပါ၀င်ပါတယ်။ ၁၀၀ ဂရမ်ရှိသော kale ကနေ ကယ်လိုရီ ၄၉ ပေးနိုင်သည်။ ထို့ပြင် ဗီတာမင် K ပမာဏများစွာ၊ ဗီတာမင် အေ၊ ဗီတာမင်စီ၊ ဗီတာမင် ဘီ6၊ ဖလိုရိတ် (Folate) နှင့် မန်းဂနိစ့် တို့ပါဝင်သည်။
သူတို့ရဲ့ ကျစ်လစ်သော နှင်းဆီပွင့်ပုံစံအလှဟာ တောက်ပလွန်းသော ဂန္ဓမာပန်းများရဲ့အလှကိုတောင် နွေဦးရာသီအစမှာ ခိုးယူသလိုဖြစ်နေတယ်။ kale တွေကို မိမိ ဥယျာဉ်မှာစိုက်ရင် တစ်ပင်ခြင်းစိုက်လည်းလှသလို အစုလိုက် စိုက်ရင်လည်း အလွန်လှပါတယ်။
ဒီနေရာမှာ Kale နဲ့ ဂေါ်ဖီပန်းကွာခြားပုံလေး ပြောပြချင်ပါတယ်။ ပန်းဂေါ်ဖီ နဲ့ Kale ဟာ အရောင် အရွယ် ပုံစံဆင်ကြတယ်၊ ဒါပေမည့် ဂေါ်ဖီအရွက်လေးတွေအနားက ညီညာသောပုံစံရှိကြတယ်။ Kale တွေရဲ့ ရွက်နားက တွန့်လိမ်ခွေခေါက်နေတယ်၊ ဒါကိုက အလှတရား အလှတပါးဖြစ်စေတာပါ။
အရွက်လေးတွေက သိပ်လှတော့ စားမည့်အစား စားပွဲပေါ်မှာ ပြန့်ပြန်ကလေးထား လှလှလေးခင်း ကြော်လှော်ထားသော ဟင်းလျာတွေကို တည်ခင်း ၊ ဘေးမှာ ဖယောင်းတိုင်လှလှလေးထွန်း၊ ဝိုင်ခွက်ရယ် ဖြည့်စွက်လိုက်ရင် စားချင့်သဖွယ်လေးဖြစ်လာမှာပါ...
ကိုသက်နိုင်ဦး
ဟုမ္မလင်း
ဆက်စပ်မေးခွန်းများ
ဖျန်းဆေးတွေမှာစီစီနဲ့ဧကတွက်နည်းသိခြင်လို့ပါ ဥပမာ600cc800ဧက
ကိုထက်နိုင်လင်း • ဖြေကြားချက် 1 ခု
ဘိလပ် ဘယ်အချိန် စိုက်သင့်လည်းဗျ
ဦးတင်နိုင်လင်း • ဖြေကြားချက် 2 ခု
ဆေးဖြန်းပီး ဘနနာရီခြား မိုးရွာရင် ဆေးအာနိသင်ပြယ်နိုင်လဲဗျ
Htet Lin • ဖြေကြားချက် 2 ခု
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....