စပါးနှင့် အာဆင်းနစ်အဆိပ်သင့်မှုပြဿနာ
ဆန်စပါးသည် ကမ္ဘာတစ်ဝှမ်းနိုင်ငံတော်တော်များတွင် အဓိကစားသုံးသော အစားအစာဖြစ်ပါတယ်။ နိုင်ငံအသီးသီးတွင် မတူညီသော စပါးမျိုးများကို စိုက်ပျိုးကြပြီ ကစီဓာတ်ရရှိရန် စားသုံးကြပါတယ်။ အာဆင်နစ်အဆိပ်သင့်မှုကို ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ထိုင်ဝမ်စသော အရှေ့အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် တွေ့ရှိနေရပါတယ်။ ဘင်္ဂလားဒေ့ရှိနိုင်ငံမှာတော့ အဆိုးရွားဆုံးတွေ့နေရပါတယ်။ ဆန်စပါးသည် အာဆင်းနစ်ကို သွင်းရေ၊ မြေဆီလွာနှင့် သောက်သုံးရေမှ စုပ်ယူပါတယ်။ အာဆင်းနစ်သည် ရေတွင် ပျော်ဝင်နေသောကြောင့် ရေသွင်း၊ ရေလွှမ်း၍ စိုက်ပျိုးရသော စပါးတွင် အာဆင်းနစ်အဆိပ်သင့်မှုကို ပိုမိုတွေ့ရှိရပါတယ်။ အင်အော်ဂဲနစ်အာဆင်းနစ်များသည် မြေကြီးထဲတွင် အချိန်ကာလကြာရှည်စွာတည်ရှိနိုင်ပြီး မိုးရေ၊ မြေအောက်ရေများကို ညစ်ညမ်းစေပါတယ်။ စပါးသည် အခြားသီးနှံများထက် မြေဆီလွှာနှင့် ရေမှ အာဆင်းနစ်ကို ပိုမိုစုပ်ယူပါတယ်။
ဆန်သည် ဆူသောအခါ ချက်ပြုတ်သောရေထဲမှအာဆင်းနစ်ကို အလွယ်တကူ စုပ်ယူသောကြောင့် အာဆင်းနစ်ညစ်ညမ်းနေသောရေများကို အသုံးပြုချက်ပြုတ်ခြင်းက စိုးရိမ်စရာပြဿနာတစ်ခု ဖြစ်လာပါတယ်။ ဆန်စပါးကို ကာလကြာရှည်စွာစားသုံးခြင်းဖြင့် အာဆင်းနစ်ထိတွေမှုကို မြင့်စေပါတယ်။ လေ့လာချက်တစ်ခုအရ အင်အော်ဂဲနစ်အာဆင်းနစ်ပါဝင်သော ဆန်စပါးကို စားသုံးခြင်းသည် နှလုံးရောဂါနှင့် သေပျောက်မှုများမြင့်နိုင်စွမ်းနှင့် ဆက်စပ်နေပါတယ်။ ဩစတေးလျနှင့် နယူးဇီလန်နိုင်ငံတွင် စပါးအပါအဝင် နှံစားသီးနှံများတွင် နှံစားသီးနှံ ၁ ကီလိုဂရမ်တွင် အာဆင်းနစ် ၁ မီလီဂရမ်ထက်မပါဝင်ရန်သတ်မှတ်ထားပါတယ်။ သောက်သုံးရေတွင် လက်ခံနိုင်သော အာဆင်းနစ်ပမာဏမှာ ရေ ၁ လီတာလျှင် အာဆင်းနစ် ၁၀ မိုက်ခရိုဂရမ် ဖြစ်ပါတယ်။ ကလေးငယ်များအတွက် ဆန်ကိုအခြေခံသော ဖြည့်စွက်စာများတွင် အာဆင်းနစ်ပါဝင်မှုကို သတိပြုသင့်ပါတယ်။
အာဆင်းနစ်ဆိုတာဘာလဲ
အာဆင်းနစ်သည် ကမ္ဘာ့အဆိပ်သင့်နိုင်ဆုံးဒြပ်စင်များထဲမှ တစ်ခုဖြစ်ပြီး ဓာတုဗေဒသင်္ကေတအနေဖြင့် As ဟုဖော်ပြပါတယ်။ အာဆင်းနစ်ကို အများအားဖြင့် သီးခြားမတွေ့ရပါ။ အခြားသောဒြပ်စင်များနှင့် တွဲစပ်၍တွေ့ရပါတယ်။ အာဆင်နစ်ဓာတ်ပေါင်းတွင် အော်ဂဲနစ်အာဆင်းနစ်နှင့် အင်အော်ဂဲနစ်အာဆင်းနစ်ဟူ၍ နှစ်မျိုးရှိပါတယ်။ အော်ဂဲနစ်အာဆင်းနစ်ကို အပင်နှင့် တိရိစ္ဆာန်တစ်ရှူးများတွင် အဓိကအားဖြင့်တွေ့ရပါတယ်။ အင်အော်ဂဲနစ်အာဆင်နစ်ကို ကျောက်ခဲများ၊မြေကြီးတွင်တွေ့ရပြီး ရေတွင် ပျော်ဝင်နေတတ်ပါတယ်။ အင်အော်ဂဲနစ်အာဆင်းနစ်သည် ပို၍ အဆိပ်သင့်စေပါတယ်။ စပါးတွင်တွေ့ရသော အင်အော်ဂဲနစ်အာဆင်းနစ်မှာ အဆိပ်သင့်နိုင်ဆုံးပုံစံဖြစ်ပါတယ်။
အာဆင်းနစ်၏ ကျန်းမာရေးဆိုးကျိုးများ
အင်အော်ဂဲနစ်အာဆင်းနစ်ထိတွေ့မှုသည် ချက်ချင်းအကျိုးသက်ရောက်မှုရှိသလို ကာလတာရှည်ကြာမှ အကျိုးသက်ရောက်မှုလည်းရှိနိုင်ပါတယ်။ ချက်ချင်းအကျိုးသက်ရောက်မှုများတွင် ဆိုးရွားစွာအော့အန်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ ဝမ်းပျက်ခြင်း၊ သွေးလည်ပတ်မှုတွင် အနှောက်အယှက်ပေးခြင်း စသော လက္ခဏာများကို တွေ့မြင်နိုင်ပါတယ်။ အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဥ်ကာလအတွင်း အာဆင်းနစ်ညစ်ညမ်းနေသော အစားအစာနှင့် ရေကို သောက်သုံးခြင်းဖြင့် ကိုယ်ဝန်ပျက်ကျခြင်း၊ ပေါင်မပြည့်သောကလေးများ မွေးဖွားခြင်း၊ ကလေးများဖွံ့ဖြိုးမှုတွင် ပြဿနာများ ဖြစ်စေနိုင်ပါတယ်။
အာဆင်းနစ်ကို ကာလကြာရှည်ထိတွေ့မိလျှင် ဆိုးရွားသောကျန်းမာရေးပြဿနာများဖြစ်စေနိုင်ပြီး နာတာရှည်ရောဂါများ ဖြစ်နိုင်စွမ်းကို တိုးစေနိုင်ပါတယ်။ ဖြစ်ပွားနိုင်သော ရောဂါများမှာ
- ကင်ဆာရောဂါအမျိုးမျိုး
- သွေးကြောကျဥ်ခြင်း၊ ပိတ်ဆို့ခြင်း
- သွေးဖိအားမြင့်စေခြင်း
- နှလုံးရောဂါ
- ဆီးချိုးအဆင့် ၂ တို့ဖြစ်ပါတယ်။
ထို့ပြင် အာဆင်းနစ်သည် အာရုံကြောဆဲလ်များကို အဆိပ်သင့်စေပြီး ဦးနှောက်၏ လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်ပါတယ်။ ကလေးများနှင့် ဆယ်ကျော်သက်များတွင် အာရုံစူးစိုက်မှု၊ သင်ယူမှု၊ မှတ်ဉာဏ်နှင့် ဉာဏ်ရေထက်မြက်မှုကို ထိခိုက်စေပါတယ်။ ကာလရှည်စွာ အာဆင်းနစ်အဆိပ်သင့်မှုသည် နှစ်တိုင်း အချိန်မတိုင်ခင်သေဆုံးခြင်းများ(premature deaths)ကို ဦးတည်နိုင်ပါတယ်။
ဆန်စပါးမှ အာဆင်းနစ်အဆိပ်သင့်မှုကို လျှော့ချနိုင်မည့်နည်းလမ်းများ
၁။ ဆန်ကို မချက်ပြုတ်ခင်တွင် သန့်ရှင်းသောရေဖြင့် သေချာစွာ ထပ်ခါထပ်ခါဆေးကြောခြင်းဖြင့် ဆန်စေ့ပေါ်ရှိ အဆိပ်ရှိပစ္စည်းများကို ဖယ်ထုတ်နိုင်ပါတယ်။
၂။ ဆန် ၁ ဆလျှင် ရေ ၆ ဆဖြင့် ချက်ပြီး ပိုလျှံသောရေများကို သွန်ပစ်ပါ။ ဤနည်းလမ်သည် အိန္ဒိယအရှေ့ပိုင်းတွင် ထင်ရှားပြီး စပါးမှ အဆိပ်ပစ္စည်းများအာလုံးကို ဖယ်ထုတ်ပေးပါတယ်။
၃။ ဆန်ညိုက ဆန်ဖြူထက် အာဆင်းနစ်ပါဝင်မှုပိုများပါတယ်။ မြန်မာလူမျိုးများအနေဖြင့် ထမင်းကို ပမာဏများစွာစားသုံးသောကြောင့် ဆန်ဖြူကို ရွေးချယ်စားသုံးသင့်ပါတယ်။
၄။ နွေရာသီတွင်တွင် စိုက်ပျိုးသောစပါးများသည် အာဆင်းနစ်ညစ်ညမ်းသောရေကို ပိုမိုအသုံးပြုရသောကြောင့် နွေရာသီးစပါးများစားသုံးခြင်းကို ရှောင်ရှားသင့်ပါတယ်။
ကျွန်မတို့မြန်မာနိုင်ငံသည် ဆန်ကို အဓိကစားသုံးသောနိုင်ငံဖြစ်သောကြောင့် အာဆင်းနစ်အဆိပ်သင့်မှုကို သတိပြုပြီး ကျန်းမာရေးအသိဖြင့် စားသုံးနိုင်ကြပါစေရှင့်။
Reference
https://www.healthline.com/nutrition/arsenic-in-rice
https://www.firstpost.com/health/arsenic-poisoning-and-rice-thorough-washing-cooking-in-excess-water-may-help-cut-exposure-8675691.html
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
စပါးအာဆင်းနစ်အဆိပ်သင့်မှု
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from အေးပွင့်ဖြူ
အားလုံး
စားနပ်ရိက္ခာဖူလုံဖို့ ဒေသမျိုးတွေ ထိန်းသိမ်းစို့
27/12/2021
သတိထားစားသုံးသင့်သော ပိုးသတ်ဆေးဓာတ်ကြွင်းအများဆုံး သီးနှံ (၁၁) မျိုး
07/12/2021
စိုက်ခင်းထဲက မိတ်ဆွေးပိုးတွေကို ဘာကြောင့်ထိန်းသိမ်းသင့်သလဲ
06/11/2021
စီးပွားဖြစ် တစ်သျှုးငှက်ပျောစိုက်ပျိုးနည်းစနစ်
27/10/2021
မုန်ညှင်းမျိုးနွယ်ဝင်အပင်တွေမှာ ဆိုးရွားစွာကျရောက်တဲ့ သံချေးဖြူရောဂါ
21/10/2021
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....