စပါး အာဆင်းနစ်ပြဿနာနှင့် အန္တရာယ်ပေးပုံ

23/01/2018 16:50 PM တွင် ဦးထင်အောင်ရှိန် ဦးထင်အောင်ရှိန် မှ ရေးသား

ကနဦးကာလက မသိရှိ မလေ့လာကြပဲ နေခဲ့ကြုံရာမှ ယခုခေတ်နောက်ပိုင်းတွင် တွေ့ကြံလာသော မြေဆီလွှာနှင့် ရေပြဿနာအဖြစ် “စပါးနှင့်အာဆင်းနစ်” တို့၏ ဆက်နွယ်နေမှုအကြောင်း ဖော်ပြလိုပါသည်။ ယခင်က အထက် ဖော်ပြပါမြေဆီလွှာပြဿနာရပ်များကိုသာ တွေ့ရှိလေ့လာခဲ့ရပြီးနောက် ယခုခေတ်ကာလ၌ မြန်မာ့ဆန်များတွင် အာဆင်းနစ်ပါဝင်မှုရှိသည်ဟု ဖော်ပြကြကြောင်းသိရှိရသောအခါ မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းလျှင် ရမည်ဆို သည်ကို ဖော်ပြလိုက်ပါသည်။

အာဆင်းနစ်ဖြစ်ပေါ်မှုကို အဓိက(၃)နေရာ၌တွေ့ရသည်။

(၁) ဆည်ရေနှင့် သွင်းရေများတွင်လည်းကောင်း၊ မြေအောက်ရေများတွင်လည်းကောင်း အာဆင်းနစ် ပါဝင်မှုများ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယအနောက်ဘင်္ဂလီနိုင်ငံများ၊ ယခုဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်တို့ တွင် တွေ့ရှိရသည်။

(၂) စပါးစိုက်မြေများတွင် စက်ရုံနှင့်သတ္တုတွင်းတို့မှထွက်ရှိလာသော အာဆင်းနစ်များကြောင့် (အရှေ့တောင်အာရှ နိုင်ငံများ) သီးနှံပင်မှစားသုံးရယူမှု အနှောက်အယှက်ဖြစ်ခြင်း
(၃) စပါးစိုက်ခင်းများတွင် အသုံးပြုသော အာဆင်းနစ်ပိုးသတ်ဆေး (ဥပမာ- ကြွက်သတ်ဆေး) တို့ကြောင့် စိုက်ခင်းမှ ထွက်ရှိလာသော အသီးအနှံများမှ ဘေးဥပါဒ်ဖြစ်စေခြင်းတို့ကို တွေ့ကြုံနေရပေသည်။

ထို့ကြောင့် ပြဿနာမဖြစ်ပေါ်စေရေးအတွက် အဆိုပါအာဆင်းနစ်တွေ့ရှိရာဒေသများတွင် မြေဆီလွှာစစ်ဆေးခြင်း၊ ရေစစ်ဆေးခြင်းနှင့် စိုက်ပျိုးသောသီးနှံပင်များ (ဥပမာ - စပါးပင်) ကိုစစ်ဆေးမှုပြု၍ လိုအပ်သော ကြိုတင်ကာ ကွယ်ခြင်း၊ ကုသခြင်းများပြုလုပ်ဆောင်ရွက်နိုင်ရန် ဖော်ပြလိုက်ပါသည်။

ကမ္ဘာတွင်ဆန်စားသုံးမှုအများဆုံးနိုင်ငံများကို အတင့်လိုက်သတ်မှတ်ပါက မြန်မာနိုင်ငံသည် (တစ်နည်းအားဖြင့်) မြန်မာလူမျိုးတစ်ဦးသည် တစ်နှစ်လျှင် ကယ်လိုရီအားဖြင့် (၂၃၉ ကီလိုဂရမ်) နှုန်းစားသုံးကြောင်း လေ့လာသိရှိရ သည်။ သက်ရှည်ကျန်းမာရေးအတွက် “ဆန်” စားသုံးသည်ဆိုသော်လည်း ကောင်းမွန်သော၊ အာဟာရပြည့်သော ဆန်ကို စားနိုင်မှသာလျှင် အသက်ရှည်ရှည်နေပြီး လုပ်ကိုင်စားသောက်နေနိုင်ပေမည်ဖြစ်ပါသည်။ သို့မဟုတ်ပါက ယခုကဲ့သို့ အာဆင်းနစ်ပါသောဆန်ကို အထူးသဖြင့် ကလေးသူငယ်များတွင် ဆန်မှုန့်ပြုလုပ်၍ကျွေးပါက ကလေး ငယ်များအတွက် အန္တရာယ်ရှိနိုင်ပါသည်။ ထို့အတူ လူကြီးများတွင် အာဆင်းနစ်ပါဝင်သော ဆန်စားသုံးမိပါက ကင်ဆာရောဂါများ၊ ဆီးအိမ်၊ အဆုတ်နှင့် အရေပြားရောဂါများ ဖြစ်ပေါ်စေနိုင်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အ စည်း၏ ၂၀၀၄ ခုနှစ်တွင် ဖော်ပြချက်အရ အာဆင်းနစ်ပါဝင်သော အစားအသောက်များကြောင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါများနှင့် ပုံမှန်ကလေးမွေးဖွားခြင်းမရှိပဲ ကလေးအသေမွေးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ရေးသား ထားမှုကို ဖတ်ရှုရသည်။ ထို့အတူ သောက်ရေများတွင် ပါဝင်သော အာဆင်းနစ်များကြောင့်လည်း ကျန်းမာရေး ထိခိုက်ကာ အသက်ရှည်နေထိုင်နိုင်မှု လျော့ကျစေနိုင်ကြောင်း ဖော်ပြလိုက်ရပါသည်။

ဦးထင်အောင်ရှိန် (ဘိုးရာဇာ) 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်