မြေဆီလွှာမှ ရေပိုရေလျှံထုတ်လွှတ်ခြင်း
မြေဆီလွှာမှ ရေပိုရေလျှံကို မည်မျှများများ၊ မည်မျှမြန်မြန် မြေဆီလွှာအတွင်း စီးဆင်းနိုင်သည်ဟူသောအချက်ကို ရေပိုရေလျှံထုတ်လွှတ်ခြင်း (Drainage) ဟုခေါ်ကြသည်။ ရေပိုရေလျှံထုတ်လွှတ်မှုကောင်းသောမြေသည် သစ်ပင်နှင့် အမြစ်များ ရှင်သန်ရေးအတွက် အရေးကြီးသော အောက်စီဂျင်ဓာတ်ကို များစွာပေးနိုင်သည်။
အမြစ်များသည် မြေဆီလွှာတွင်းရှိ ဟာသောနေရာလေးများ (pore space) တွင်ကြီးထွားကြသည်။ မြေဆီလွှာသည် ရေပြည့်ရေလျှံနေလျှင် ဟာသောနေရာကလေးများတွင်ပါ အောက်စီဂျင်အစား ရေကပြည့်နေသည်။ သို့ရာတွင် သစ်ပင်မျိုးအများအပြားသည် ၎င်းတို့၏အမြစ်များ ရေနစ်နေသောဒဏ်ကိုခံနိုင်ကြသည်။ ထိုအခြေအနေမျိုး၌ အမြစ်ပုပ်တတ်သည်။ ခြုံငုံ၍ကြည့်လျှင် ရွှံ့စေးမြေသည် ရေထုတ်လွှတ်မှုနှေးကွေးပြီး သဲမြေသည် ရေထုတ်လွှတ်မှုမြန််ဆန်သည်။
မိမိ၏မြေသည် ရေထုတ်လွှတ်မှုကောင်းမကောင်းကို စမ်းသပ်နိုင်သည်။ မြေတွင် ကျင်းကို ၁၂ လက်မနက်အောင် တူးရသည်။ ထိုကျင်းကို ရေပြည့်အောင်ဖြည့်ရသည်။ မြေဆီလွှာဖွဲ့စည်းမှုနှင့် မူလကတည်းက အစိုဓာတ်ရှိနေမှုတို့အပေါ်မူတည်ပြီး ကျင်းအတွင်းမှရေသည် နာရီအနည်းငယ်အတွင်းဖြစ်စေ၊ ညအိပ်ပြီးမှဖြစ်စေ ကုန်ခန်းသွားရမည်ဖြစ်သည်။ ကျင်းအတွင်းရှိရေသည် ၈-၁၀ နာရီကြာသည်အထိ မကုန်ခမ်းလျှင် ထိုမြေကွက်ကို ရေထုတ်မှုကောင်းအောင် ပြုပြင်ရန်လိုအပ်သည်။ ရေထုတ်ကောင်းအောင် ပြုပြင်ရမည့်လုပ်ငန်းသည် အသေးအဖွဲမဟုတ်ချေ။ ထို့ကြောင့် ရေဝပ်ဒဏ်ခံနိုင်သောသီးနှံမျိုးကို ရွေးချယ်စိုက်ပျိုးသင့်သည်။ သို့မဟုတ် မိမိစိုက်ပျိုးလိုသော သီးနှံကို ဘောင်တင်၍ဖြစ်စေ၊ ကျင်းဖွဲ့၍ဖြစ်စေစိုက်ပျိုးရသည်။ ထိုဘောင် သို့မဟုတ် ကျင်းတို့သည် ပတ်ဝန်းကျင်ရှိမြေထက် မြင့်တက်နေအောင် ပြုလုပ်ရသည်။
နည်းပညာများကို ဒေါက်တာချစ်၏ “စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၁)” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
မင်းဇော်
လွန်ခဲ့သော ၁၁ လ ကထုံးထည့်ပါ
အောင်စိုးထိုက်
လွန်ခဲ့သော ၂ နှစ် ကမြေအလွန်ချဥ်နေလို့အပင်တွေလုပ်ငန်းမလုပ်တော့ဘူးဘယ်လိုပြင်ရမလဲပြောပြပေးစေချင်ပါတယ်
ဆက်စပ်မေးခွန်းများ
မှိုရောဂါကြတာလားဘာဆေးဖြန်းပေးရမလဲဓါတ်မြေသြဇာကိုဘယ်အမျိုးအစားသုံးသင့်လဲ
Kyaw Thet • ဖြေကြားချက် 1 ခု
ဒူးရင်းသီး
Soe Kyaw Thu • ဖြေကြားချက် 2 ခု
နာနတ်ပင်ပင်စည်ပုတ် အမြစ်ပုတ်နေလို့ဘာဆေးဖြန်းရမလဲခင်ဗျာ
ထူးကိုကို • ဖြေကြားချက် 1 ခု
စပါးပင်တွေဝါနေလို့ရေသွင်းထားတာရေကိုဘယ်နှစ်ရက်လောက်ထားပြီးမှထုတ်သင့်လဲသိချင်ပါတယ်
Kyaw Gyi • ဖြေကြားချက် 1 ခု
စပါးခင်းရေသွင်းရေထုတ်နည်းနားမလည်လို့သေချာရှင်းပြစေချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026