အစိမ်းရောင်လမ်း
ကြံသီးနှံ ပညာပေး စာစဉ်-၃ ကျင်းစာကျွေးဘောင်လုံးချိန် အပင်ကြီးထွားမှုကာလ ပေါင်းနှိမ်နင်းခြင်း

ကြံသီးနှံ ပညာပေး စာစဉ်-၃ ကျင်းစာကျွေးဘောင်လုံးချိန် အပင်ကြီးထွားမှုကာလ ပေါင်းနှိမ်နင်းခြင်း

U San Thein (Agri)
U San Thein (Agri) 03/06/2022

သမားရိုးကျမှာ ကြံခင်း၌ ပေါင်းနှိမ်နင်းခြင်းကို ကျင်းစာကျွေးဘောင်လုံးချိန်ကာလ၌သာ လုပ်ဆောင်ပါသည်။ စင်စစ်ပေါင်းနှိမ်နင်းခြင်းလုပ်ငန်းကို ကြံနှင့်ပေါင်းတို့ယှဉ်ပြိုင်မှ အားအနည်းဆုံးကာလမှစ၍ ကြံပင်အတန်းပိတ်သွားချိန်အထိ ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သည်။

ပျဉ်းမနား ကြံသုတေသနခြံ၏ စမ်းသပ်ချက်အရ ပေါင်းပင်ကြောင့် ကြံသီးနှံအထွက်ဆုံးရှုံးမှုမှာ ၅၇% အထိရှိနေသည်။ ကြံအထူးအထွက်တိုးကြံစိုက်ခင်းများ၌ ပေါင်းကြောင့်သီးနှံအထွက်ကျဆင်းမှုမှာမူ ၅% ထက်မပိုတော့ပေ။

မြေပြင်ချိန်တွင် ထယ်ရေးနက်နက်၊ ညက်ညက်၊ နှပ်ထည်ရေးရအောင်ဆောင်ရွက်နိုင်ပြီး စိုက်ပျိုးချိန်တွင် မျိုးမှန်၊ ရာသီမှန်၊ အစိုဓာတ်မှန်အောင် ဆောင်ရွက်နိုင်ပါက ကြံပင်ပေါက်များက ပေါင်းပင်ထက် ဦးအောင်သန်မာစွာ ပေါက်ထွက်လာပါသည်။ ကြံပင်ပေါက်လျင်မြန်ခြင်း၊ အပင်ပေါက်ညီညာခြင်း၊ ပင်ပွားစောစောထွက်ခြင်း၊ ရွက်အုပ်မိုးကာလ လျင်မြန်စွာရောက်ရှိခြင်းတို့ကြောင့် ပေါင်းပင် ပေါက်ရောက်မှုကို ဦးချိုး၍ဖိနှိမ်လိုက်နိုင်သည်။

ထွန်ထယ်လက်တွန်းထွန်စက်၊ ထွန်စက်ငယ်တို့ကိုသုံးပါက ကြံပင်စိုက်ပြီး(၂)လအကြာ အပင်ပေါက်စုံချိန် အစောဆုံး မတ်လလယ်မှစတင်ပြီး ကြားလိုက်ကိရိယာစက်တို့ကိုသုံးနိုင်သည်။ ထွန်စက်ငယ် (Mini Tractor) နောက်၌ လင်ပန်းထယ်(သို့မဟုတ်) တုန်ခါမှုကောင်းသော ကြားလိုက်အသွား (Spring Type Tines) ကိုသုံးနိုင်သည်။ မြေဆီလွှာအပေါ် မျက်နှာပြင်တင်းမာ၍ ခဲကြီးများနေလျှင် မြေထိုးခွဲချေဖျက် လင်ပန်း (Cut-away) ကိုသုံးနိုင်သည်။

ပေါင်းသတ်ဆေး’ကို သုံးမည်ဆိုပါက အောက်ပါလမ်းညွှန်ချက်နှင့်အညီဆောင်ရွက်သင့်သည်။

ဒါဆာတော့ (Dasatox-F) ပေါင်းသတ်ဆေးကို ကြံခင်းထဲ၌ ပေါင်းနှိမ်နင်းရန် ပက်ဖျန်းမည်ဆိုပါက ဆေး (၁၀၀) စီစီကို ရေ (၄) ဂါလံဝင်ဆေးဖျန်းပုံး၌ထည့်၍ ဖျော်စပ်ကာ တစ်ဧကလျှင် ဆေးဖျန်းပုံးပေါင်း (၁၀) ပုံးရောစပ်ပက်ဖျန်းပါ။ ဆေးကိုကြံပင်ပေါ်မထိအောင် ဆေးဖျန်းခေါင်း၌ ဒိုင်းအကာရံ တပ်ဆင်သင့်သည်။ ဆေးဖျန်းသူကလည်း လက်အိတ်၊ နှာခေါင်းစီး အကာအရံများတပ်သင့်သည်။

ပေါင်းသတ်ဆေးသုံးစွဲခြင်း၏ အကျိူးအမြတ်ကိုတွက်ချက်ခြင်း

၁။  စက်ရုံအရောက် စက်သွင်းကြံရောင်းဈေး = ကျပ် ၄၀,၀၀၀/ တန် ဟုဆိုပါစို့ 

၂။  ဆေးဖိုး + ဆေးဖျန်းခ = ကျပ် ၆၀,၀၀၀/ဧက ဟုဆိုပါစို့

၃။ ဆေးကုန်ကျစရိတ်ကာမိ၍ ပေါင်းသတ်ဆေးသုံးစွဲခြင်းကြောင့် ၁ ဧကလျှင် ကြံ ၁.၅တန် (တစ်တန်ခွဲ) ပိုထွက်မှ မရှုံးမမြတ်ပဲ ရှိသေးသည်။

၄။  ပေါင်းရှင်း၍ ယခင်အထွက်နှုန်းထက် ၃ တန်/ဧက ပိုထွက်ပါက အမြတ်ငွေ တစ်ဧက ကျပ် ၆၀,၀၀၀ ပိုရပါမည်။

ကြံလမိုင်းခင်းများ၌ လမိုင်းပြင်ပြီး ကြံရွက်ခြောက်များဖြင့်ဖုံးအုပ်ထားပေးခြင်း (Trash Blanket) ဖြင့် မြေဆီလွှာ အစိုဓာတ်ကိုထိန်းပေးခြင်း၊ မြေဆီလွှာအော်ဂဲနစ်ဓာတ်တိုးပွားလာခြင်း၊ ပေါင်းပင်များကို ထိရောက်စွာ နှိမ်နင်းနိုင်ခြင်းစသည့်အကျိုးထူးများ ရစေသည်။ ပူပြင်းသောနွေရာသီ၌ ကြံရွက်ခြောက်များ မီးမလောင်အောင် ဂရုစိုက်ပေးရန် လိုအပ်ပါသည်။

စံသိန်း(စိုက်ပျိုးရေး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

1
pyaephyo

pyaephyo

လွန်ခဲ့သော ၁ နှစ် က

ပုံမှပြထားတဲ့စက်မျိုးလိုချင်ပါတယ်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

Aung Zaw Oo • ဖြေကြားချက် 2 ခု

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....