ကျွန်တော်စိုက်ခင်းမှာ အဓိက ဘူး၊ရွှေဖရုံ၊ကျောက်ဖရုံစိုက်ပါတယ်။ သီးလာတဲ့ အသီးတွေကြတော့ ပျားကိုက်လို့ ပုက်ကုန်ပါတယ်။ဒီပြဿနာကို ဖြေရှင်းလို့ရမည့်နည်း သိချင်ပါတယ်။ ပညာရှင်အားလုံးကို လေးစားပါတယ်။
ပျားကိုက်လို့ မဖြစ်နိုင်ပါ။သီးထိုးယင်ကြောင့်အပေါက်မှတဆင့် မိုးရေဝင်ပြီးပုပ်နိုင်ပါတယ်။ သီးကင်းလေးတွေ အေအာင်ပြီ ဆိုတာနဲ့ အိတ်စွတ်ပေးနိာင်ရင်ကောင်းပါလိမ့်မယ်။ အသီးကြီးလာရင် အိတ်ကြီးပြောင်းစွပ်ပါ။