ကြံရွက်ကိုဓာတ်ခွဲစိစစ်၍ ကြံစိုက်ခင်း၏ ဓာတ်မြေဩဇာလိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်း
သရက်၊ ထောပတ်၊ လိမ္မော်နှင့် ဆီအုန်းစသော နှစ်ရှည်ပင်ကြီးများနည်းတူ တစ်နှစ်ခံပင်ဖြစ်သော ကြံသီးနှံကို အပင်ပြုစုစဉ်ကာလအတွင်း အရွက်နမူနာကို ဓာတ်ခွဲ၍ ဓာတ်မြေဩဇာလက်ငင်းလိုအပ်ချက်ကို အပိုအလိုမရှိ ဖြည့်ဆည်းပေးနိုင်ပါသည်။
မြေခံမြေဩဇာပေး၍ စိုက်ပျိုးထားသောကြံစိုက်ခင်းကို ကျင်းစာကျွေးဘောင်လုံးချိန်တွင် ထည့်နေကျ ဓာတ်မြေဩဇာအမျိုးအစားနှင့်နှုန်းထားကို ပုံမှန်ထည့်သွင်းထားသည့်တိုင် ရှေ့ဆက်ပြီးကြီးထွားရမည့် ကာလအတွက် အပင်ကအာဟာရဓာတ်ချို့တဲ့လာလျှင် ပင်ပြလက္ခဏာကို လှစ်ဟပြကောင်းပြမည်။ ဖုံးကွယ်လက္ခဏာကြောင့် အပင်၏အဖြစ်မှန်အခြေအနေကို သိချင်မှသိရမည်။ အခြေအနေမှန်ကို သိလာသည့်အချိန်တွင် ကုစားရန် နောက်ကျသွားနိုင်ပြီးနောက် ရှေ့ဆက်အပင်ကြီးထွားမှုကို ထိခိုက်ပေတော့မည်။
အချိန်မီကုစားနိုင်သောနည်းလမ်းမှာ အရွက်နမူနာကို ဓာတ်ခွဲစိစစ်ကြည့်ခြင်းပင် ဖြစ်သည်။
ကျင်းစာကျွေးဘောင်လုံးပြီး တစ်လခွဲအကြာ ကြံပင်၏ရွက်အုပ်မိုးများ လက်ယှက်ထိုး၍ အတန်းပိတ်သွားသည့်အချိန်ကာလမတိုင်မီ (သို့မဟုတ်) ကြံပင်အောက်ခြေရှိ ကြံဆစ် ၂ ဆစ်၊ ၃ ဆစ် စတက်သောအချိန်တွင် ကြံရွက်နမူနာကို ယူရမည်။ ၎င်းကြံရွက်၌ ပါဝင်နေသော အာဟာရဓာတ်အမျိုးအစားနှင့် ပမာဏသည် ကြံပင်ဖြတ်သန်းလာခဲ့သော ကာလတလျှောက်၏အခြေအနေနှင့် ရှေ့ဆက်အပင်ဖြစ်ချိန်ကာလအတွက် လိုအပ်ချက်တို့ကို ထင်ဟပ်ဖော်ပြပါလိမ့်မည်။
နမူနာယူရမည့်အရွက်အမျိုးအစား
- ရွက်ပြားနှင့်ရွက်ဖုံးတို့၏ အဆက်နေရာ dawlap (ဂုတ်ဆစ်) အမှတ်အသားကို မြင်နေရသော ကြံပင်၏ အပေါ်ဆုံးအရွက် (Top visible dewlap “TVD Leaf”) ကို အရွက်နမူနာအဖြစ် ယူရပါမည်။
- ကြံပင်၏ထိပ်ဖျားဖူးလိပ်မှ ခေါင်ညွန့်အရွက် (Spindle Leaf) ကို နံပါတ် (၁) ဟု မှတ်သား၍ အောက်အရွက်များကို ဆက်ရေတွက်လျှင် နံပါတ် (၄) မြောက် အရွက်သည် TVD Leaf နမူနာယူရန်အရွက်ဖြစ်ဖို့များသည်။ (ပုံ-၁ နှင့်ပုံ-၂)


ထိပ်ဆုံး စတုတ္ထမြောက် TVD အရွက်သည် အပင်ဖူးလိပ်ထဲမှ လွတ်လွတ်ကျွတ်ကျွတ် ပထမဆုံးအပြင်ကို ထွက်ပေါ်လာသောအရွက်ဖြစ်သည်။ အလင်းမှီ၍ အပင်အတွက် အစာချက်ခြင်းလုပ်ငန်းကို အစွမ်းကုန်လုပ်ဆောင်နေသော အရွက်ဖြစ်သည်။
ကျွန်တော်၏ နှစ်ကာလကြာမြင့်စွာ သုတေသနပြုလုပ်ချက်များအရ ဤ TVD အရွက်နမူနာ၏ အာဟာရဓာတ်ပါဝင်မှုသည် အပင်တစ်ပင်လုံး၏ အခြေအနေကို ကိုယ်စားပြုကြောင်း တွေ့ရသည်။ အပင်၏အထွက်နှုန်းနှင့်လည်း ဆက်စပ်မှုရှိသည်။
ဤအရွက်သည် မြင်လွယ်ထင်လွယ်၍ ရည်ညွှန်းအမှတ်အသား (ဂုတ်ဆစ်) ပါသည်။ ပိုးမွှားရောဂါအနာအဆာ ကင်းစင်တတ်သည်။ ၎င်း၏ရွက်ပြားကို ခပ်ဖွဖွ ဆုတ်ကိုင်၍ ဆတ်ကနဲချိုးယူလိုက်လျှင် ရွက်ပြားနှင့်ရွက်ဖုံးဆုံရာ ဂုတ်ဆစ်နေရာမှ အလွယ်တကူ ပြုတ်ထွက်ပြီး ပါလာနိုင်သည်။ စိုက်ခင်းကျယ်ကျယ် (၁၀ ဧက အထိ ) တစ်ကွက်လျှင် TVD အရွက်နမူနာ (၄၀) ခန့် ချိုးယူရမည်။
စိုက်ခင်းကလနား ကန်သင်းဘောင်နှင့် ဝေးရာကြံခင်းအတွင်းကိုဆင်း၍ အရွက်ယူရမည်။ စိုက်ခင်း၏ ဒေါင့်ဖြတ်လိုင်းအတိုင်းသွား၍ အရွက်နမူနာ (၂၀)နှင့် ဓားလွယ်ခုတ်ဆန့်ကျင်ဘက်လမ်းကြောင်းမှ အရွက် နမူနာ (၂၀)၊ တစ်ကွက်လုံးအတွက် စုစုပေါင်း နမူနာ (၄၀)ကို ကျပန်းရယူရပါမည်။ နမူနာယူချိန်မှာ နံနက်ပိုင်း (၁၀) နာရီ မတိုင်မီ အပြီးယူရပါမည်။ ၅ လ သားထက်မကြီးသော စိုက်ခင်းများမှယူရပါမည်။ အရွက်နမူနာယူပြီး အလယ်ရွက်ကြောမ (mid rib) ကို လုံးဝဖယ်ရှား၍ ရွက်ပြားသက်သက်ကို ခွေခေါက်ကာ စက္ကူအိတ်တွင်း၌ထည့်ပြီး နမူနာအမည်၊ နံပါတ်၊ မျိုးပြား၊ စိုက်ခင်းတည်နေရာ၊ နမူနာယူသော နေ့စွဲအပြည့်အစုံတပ်၍ အာဟာရဓာတ် ဓာတ်ခွဲခန်းသို့ မိမိဓာတ်ခွဲစေလိုသော အာဟာရဓာတ် အမျိုးအစားကိုဖေါ်ပြပြီး ပေးပို့ရပါမည်။

သကြားစက်ရုံဇုန်နယ်မြေတစ်ခုစီအတွင်း ကြံခင်းများမှ အပင်အာဟာရဓာတ်အခြေအနေအတွက် အရွက်နမူနာများကို ဓာတ်ခွဲစိစစ်ကာ ဓာတ်မြေဩဇာနှုန်းထားနှင့် အမျိုးအစားလိုအပ်ချက်ကို ထောက်ခံချက်ပေးသော ဝန်ဆောင်မှု (Fertilizer Advisory Service) ကို စိုက်ပျိုးရေးဌာနမှ ဆောင်ရွက်သင့်သည်။
ဧက ၁၀,၀၀၀ မှ ၅၀,၀၀၀ ကျော်ရှိသော ကြံဇုန်တစ်ခုအတွင်း၌ နေရာအနှံ့ကွင်းဆင်းပြီး အထွက်ကောင်းသော စိုက်ကွက်ပေါင်း ၁၀၀ နှင့် အထွက်ညံ့သော စိုက်ကွက်ပေါင်း ၁၀၀ မှ တစ်ကွက်စီလျှင် TVD ကြံရွက်နမူနာ (၄၀) စီ ကောက်ယူစုစည်း၍ ဓာတ်ခွဲပြီး အရွက်အတွင်းရှိ အာဟာရဓာတ်ပါဝင်မှု စံတန်ဖိုး (Critical value) များကို တွက်ချက်ကာ ဓာတ်မြေဩဇာနှုန်းထားထောက်ခံချက်အတွက် ကြံတောင်သူများမှပေးပို့သော အကွက်နမူနာ ဓာတ်ခွဲတန်ဖိုးနှင့် ချိန်ကိုက်ကာ ရိုးရှင်းသောဖေါ်မြူလာဖြင့်တွက်ချက်၍ အကြံပြုနိုင်ပါသည်။
ဒေသတစ်ခု၏ အာဟာရဓာတ်စံတန်ဖိုးကို အခြေခံ၍လည်းကောင်း၊ အလုံးစုံပေါင်းစပ်စဉ်းစားပြီးမှ ဓာတ်မြေဩဇာနှုန်းထားထောက်ခံချက်ပေးသောစနစ် (DRIS) ကို အခြေခံ၍လည်းကောင်း၊ ဓာတ်မြေဩဇာ ထောက်ခံအကြံပြုဝန်ဆောင်မှုကို အစိုးရနှင့် သကြားစက်ရုံပုဂ္ဂလိကကုမ္ပဏီတို့ ပူးပေါင်းပါဝင်မှုစနစ် (PPP) ဖြင့် တောင်သူအကျိုးအတွက် အပင်အာဟာရဓာတ် ကျွမ်းကျင်ပညာရှင် ပါဝင်ပေါင်းစပ်၍ ဆောင်ရွက်နိုင်ပါကြောင်း တင်ပြအပ်ပါသည်။
စံသိန်း (စိုက်ပျိုးရေး)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ
Aung Zaw Oo • ဖြေကြားချက် 2 ခု
ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 3 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 6 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from U San Thein (Agri)
အားလုံး
EM ဖျော်ရာတွင်သုံးသော တင်လဲရည်၊ သကာရည်၊ သကြားရည်တို့ရဲ့ အာနိသင်ကွာခြားချက်
26/03/2025
အီးအမ်ဖျော်ရာတွင် သုံးသော တင်လဲရည်အကြောင်း
28/02/2025
စိုက်ပျိုးရေးကဏ္ဍပြဿနာများကို ခွဲခြမ်းစိတ်ဖြာခြင်း (အပိုင်း-၁)
31/05/2023
ကြံပင်ခုတ်သိမ်းပြီးနောက် သကြားဓာတ်ယုတ်လျော့ကျဆင်းခြင်း
22/03/2023
လအလိုက်ကြံအလေးချိန်ကျဆင်းမှု
16/03/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....