အနားသတ်မရှိတဲ့ကောင်းကင်
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဆိုသော်ငြားလည်း ရေအရင်းအမြစ်၊ နည်းပညာအရင်းအမြစ်၊လူသားအရင်းအမြစ် ဖွံ့ဖြိုးမှု အားနည်းနေသေးတယ်ဆိုတာ ယနေ့ တောင်သူလယ်သမားတွေရဲ့ လူမှုစီးပွားရေးဘဝကိုကြည့်တာနဲ့ သိမြင်နိုင်မှာပါ။

ဒီလိုအခြေအနေမှာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုတွေနဲ့ ရင်ဆိုင်နေရခြင်း၊ နိုင်ငံရေး ရာသီဥတု ဖောက်ပြန်ခြင်းတွေဟာလည်း မြန်မာ့လယ်သမားတွေအတွက် နည်းပညာ၊ သွင်းအားစု၊ လုပ်အား၊အလုပ်ချိန်နဲ့ ထုတ်လုပ်မှုစွမ်းအားများ အခက်အခဲတွေ့စေပါတယ်။
ဆရာဦးသာပို ဟောပြောပွဲမှာ ပြောလေ့ရှိတာ သတိရမိတယ်။
"လယ်ယာလုပ်ရတာကလည်း...
- ရာသီဥတုက..ဖောက်ပြန်
- တိုင်းပြည်က..ခလောက်ဆန်
- စီးပွားရေးသမားတွေက... အကောက်ကြံ
- အထွက်နှုန်းတွေက...နောက်ပြန်
- မိန်းမကလည်း....အငေါက်ခံ...
ဆိုသလို..ဖြစ်နေပြီ။
သင်္ကြန်ပိတ်ရက်မှာ... နားနေရင်း မြန်မာ့လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအကြောင်း တွေးနေမိပါတယ်။
"ဟလို...Green way မှာ ဆောင်းပါးရေးတဲ့ ဒို့ဦးလေး..လားခင်ဗျာ"
"ဟုတ်ပါတယ်ဗျ၊ ဘာ အကူညီပေးရမလဲဗျာ.."
"ကျနော်..ဧရာဝတီတိုင်း၊ ဟင်္သာတနယ်က တောင်သူကျော်ကိုမင်းပါ ။
ဆရာရေ..ကျနော်သိချင်တာက...
စိုက်ပျိုးရေးပညာရှင်တွေမှာ တချို့က ရိုးပြတ်တွေကို မီးရှို့ပါ..တဲ့။
နောက်တခါကျတော့ ရိုးပြတ်တွေမီးမရှို့ပါနဲ့။ မြေဆီလွှာအာဟာရတွေ ဆုံးရှုံးနိုင်ပါသတဲ့။
ကျနော်တို့ တောင်သူတွေက ဘယ်ဟာကိုလိုက်နာရမလဲ ဆရာ"...တဲ့။
" နောက်ပြီး.... ရှိသေးတယ်.ဆရာ။
နွေထယ်ရေး မဖြစ်မနေခံပေးပါ..တဲ့။
ဟော..အခုကျတော့ ထယ်ရေးမဲ့ စိုက်ပျိုးရေး(Zero tillage farming) ဆိုပြန်ရော..ဆရာ။
ကျနော်က မိုးစပါးမစိုက်ခင်၊ ရိုးပြတ်တွေ မီးရှို့ချင်လို့ဆရာ..လုပ်သင့်/မလုပ်သင့် ,အဲဒါလေး.ရှင်းပြပေးစေချင်ပါတယ်" ဆိုပြီး ဖုန်းဆက်မေးမြန်းလို့..ဒီစာလေးနဲ့ အကြောင်းပြန်ပေးလိုက်ပါရစေ။
စိုက်ပျိုးရေးနည်းပညာဆိုတာ အနားသတ်မရှိတဲ့ကောင်းကင်ပြင်ကြီးနဲ့ တူပါတယ်။
ဘယ်အရာမှ လှေနံဓားထစ် အသေမှတ်လို့ မရပါဘူး။
၁။ ရိုးပြတ်များကို မီးရှို့သင့်/မရှို့သင့်
အခြေအနေပေါ်မူတည်ပြီး လုပ်ငန်းနှစ်မျိုးစလုံးမှန်ပါတယ်။
" ရိုးပြတ်များကို မီးရှို့ပါ "ဆိုတာ...
- ပိုးမွှားရောဂါ အကြွင်းအကျန်များနေပြီး နှစ်စဉ်စိုက်ပျိုးလိုက်တိုင်း ပိုး/ရောဂါကြောင့် ဆုံးရှုံးမှုတွေများနေတဲ့လယ်ယာမြေ..
- ဓာတုဆေးတွေ အသုံးများလို့ ဓာတ်ကြွင်းရှောင်ချင်လို့ IPM(Integrated Pest Management) ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်းကို အသုံးပြုလို၍ဖြစ်စေ..
- စပါးပြီးစပါးကဲ့သို့ သီးလှည့်စိုက်ဖို့ အခြေအနေမပေးသော လယ်ယာမြေမျိုးမှာဖြစ်စေ...
အရေးပေါ် ပိုးမွှားရောဂါ ကာကွယ်ရေးရှုထောင့်အရ... ရိုးပြတ်မီးရှို့ပေးရပါတယ်။
သာမန်အခြေအနေမျိုးမှာတော့... ရိုးပြတ်တွေကိုမီးမရှို့ဘဲ...
- မြေဆွေးပြုလုပ်ပြီးသော်လည်းကောင်း၊
- ထယ်ထိုးထွန်မွှေပြီးသော်လည်းကောင်း ဆွေးမြည့်အောင်ပြုလုပ်ပြီး မြေဆီလွှာထိန်းသိမ်းသင့်ပါတယ်။
(အီးအမ်ဘိုကာရှီနည်းနဲ့ စနစ်တကျမြေဆွေးပြုလုပ်သုံးစွဲနိုင်ရင်တော့ အကောင်းဆုံးပေါ့)
အဓိက,ကတော့ မြေကြီးထဲ အကျိုးပြုအဏုဇီဝပိုးလေးတွေ ရှင်သန်ပွားများနေမှ ရှင်သန်သောမြေ/ကျန်းမာသောမြေဆီလွှာဖြစ်မှာကိုး..နော့။
၂။ နွေထယ်ရေးခံပေးပါ/ထွန်ရေးမဲ့ စိုက်ပျိုးပါ
ဒီ ဖြစ်စဉ်တွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။
ဒေသ ရေမြေရာသီဥတုအပေါ်မူတည်ပြီး မဖြစ်မနေ လိုက်နာကျင့်သုံးရပါတယ်။
မြန်မာနိုင်ငံအထက်ပိုင်းကဲ့သို့ တနှစ်ပတ်လုံး မိုးရေချိန်၂၅-၃၀ လက္မလောက်ရတဲ့ မိုးနည်းရေရှားဒေသအတွက်၊ မြေအစိုဓာတ် ကြာရှည်ထိန်းထားနိုင်ဖို့/ရှားပါးမိုးရေလေးကို ထိန်းထားနိုင်ဖို့ဆိုရင်၊နွေထယ်ရေးခံထားမှ၊ နောက်စိုက်မည့်သီးနှံအောင်မြင်နိုင်မှာပါ။
ထွန်ရေးမဲ့(Zero tillage) စိုက်နည်းဆိုတာကတော့...
သြဂဲနစ်စိုက်ပျိုးရေးရဲ့အနှစ်သာရလို့ ဆိုချင်ပါတယ်။
ထယ်ထိုး/ထွန်မွှေလိုက်တာနဲ့ မြေကြီးထဲက...
မိုက်ခရုပ်လေးတွေ အနည်းနဲ့အများ ထိခိုက်သေဆုံးနိုင်ပါတယ်။
ဒါ့အပြင် မြေသားပျက်စီးခြင်း၊ အစိုဓာတ်ဆုံးရှုံးခြင်း စတဲ့သီးနှံပင်အတွက် ဆိုးကျိုးတွေ ရရှိစေနိုင်လို့ပါ။
သို့သော်...
နေရာမရွေး၊ ဒေသမရွေး ထွန်းရေးမဲ့စိုက်စနစ် ပြုလုပ်ဖို့ မဖြစ်နိုင်ပါဘူး။
သို့ပါ၍ စိုက်ပျိုးရေးနည်းပညာများကို တရားသေမှတ်လို့ မရနိုင်လို့ 'အနားသတ်မရှိတဲ့ ကောင်း ကင်' လို့ တင်စားဖော်ပြပေးလိုက်ရတာပါ။
ဟင်္သာတမြို့နယ်က တောင်သူကိုကျော်ကိုမင်းနဲ့တကွ အစိမ်းရောင်လမ်း စာဖတ်ပရိတ်သတ်များ
စိုက်ပျိုးရေးသုတ၊ ရသ တခုခု ရရှိပြီး သီးနှံအထွက်တိုးကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ကျန်းမာ ချမ်းသာကြပါစေ...
စေတနာများစွာဖြင့်...
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မြေဆီလွှာ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
Saw. Min. Oo
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါဆရာ
နေထက်ဦး
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါဆရာ
ကိုကို
လွန်ခဲ့သော ၂ နှစ် က၊
Ko. Myo
လွန်ခဲ့သော ၃ နှစ် ကစိုက်ပျိုးရေးမှာထုံးထည့်တာအိမ်ဆောက်တဲ့ထုံးထည့်ရတာလားဆရာ
သော်ဇင်
လွန်ခဲ့သော ၃ နှစ် ကဆရာဆောင်းပါးတွေဖတ်ရတာ အရမ်းကိုတန်းဖိုးရိှပါတယ်
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ
Aung Zaw Oo • ဖြေကြားချက် 2 ခု
ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 3 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 6 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒို့ဦးလေး
အားလုံး