အစိမ်းရောင်လမ်း
“မရမ်းပင်တွေစိုက်မယ်အတူ၊ သားစဉ်မြေးဆက်ဝင်ငွေယူ”

“မရမ်းပင်တွေစိုက်မယ်အတူ၊ သားစဉ်မြေးဆက်ဝင်ငွေယူ”

အင်္ဂလိပ်နာမည် MARIAN TREE ၊ ရုက္ခ⁠ဗေဒအခေါ်အဝေါ် Boueaburmanica ၊ မျိုးရင်းအမည်ကတော့ ANACARDIACEAE လို့ခေါ်တွင်ကြတဲ့ မရမ်းပင်ဟာ သားစဉ်မြေးဆက် စိုက်ပျိုးထုတ် လုပ် စီးပွားဖြစ်ထွန်းစေတဲ့ အပင်မျိုးတစ်ခုပါ။ အချို၊ အချဉ် အရသာ (၂)မျိုးရှိပြီး၊ မရမ်းသီးအစိမ်းအတိုင်းကို မရမ်းသီးထောင်း၊ မရမ်းသီးကြော်အဖြစ် စားသောက်ကြသလို၊ အခြောက်လှမ်းပြီး မရမ်းပြား၊ မရမ်းပေါင်း (မရမ်းယို) တွေ အဖြစ်နဲ့လည်း စားသုံးကြပါတယ်။ မွန်လူမျိုးတွေ ဟင်းချက်တဲ့အခါ မရမ်းပြားကို ထည့်ချက်လေ့ရှိတာကို တွေ့ရပါတယ်။ မရမ်းသီးအမှည့်ကတော့ အထူးဆိုဖွယ်မရှိပါဘူး။ အရောင်က တဝင်းဝင်းနဲ့ ရာသီပေါ်ချိန်ဆို အရောင်းသွက်လှပါတယ်။

လူတိုင်း ခံတွင်းတွေ့၊ ကြိုက်နှစ်သက်မှုရှိတဲ့ မရမ်းသီးတွေကို ကျွန်မတို့တတွေလည်း ကိုယ်တိုင်စိုက် ပျိုးထုတ်လုပ်ကြည့်နိုင်ဖို့ ကနဦးလေ့လာရအောင်လားရှင်…။

မရမ်းပင်က ဘယ်လိုမြေ၊ ဘယ်လိုရာသီဥတုမျိုးကို ကြိုက်နှစ်သက်သလဲ?

⁠မရမ်းပင်တွေဟာ မြေစေးဆန်တဲ့ ⁠နုန်း⁠မြေကို ကြိုက်နှစ်သက်ပါတယ်။ ပူအိုက်စွတ်စို⁠တဲ့ ရာသီဥတုတွေကို ကြိုက်⁠နှစ်သက်ပါတယ်။ မိုးရေချိန် လက်မ (၅၀)ကနေ လက်မ (၁၅၀) အတွင်းဟာ မရမ်းပင်စိုက် ပျိုးဖို့အတွက် အသင့်⁠တော်ဆုံးလို့ သိရပါတယ်။ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေး တိုင်း၊ ဧရာဝတီတိုင်း၊ မွန်⁠ပြည်နယ်၊ ကရင်⁠ပြည်နယ် စတဲ့ဒေသတွေမှာ မရမ်းပင်တွေကို အဓိကစိုက်ပျိုးတွေ့ရှိရပေမယ့် မရမ်းပင် စိုက်ပျိုးလို့ အကောင်းဆုံးကတော့ ကယ်လစီယမ်ဓာတ်များတဲ့ဒေသတွေပါပဲ။ 

သတိပြုရမယ့်အချက်လေးကတော့ - မရမ်းပင်ရဲ့ သဘာဝက နိုက်ထရိုဂျင်ဓာတ်ကို သိပ်မကြိုက်တတ်ပါဘူး။ နိုက်ထရိုဂျင်ဓာတ်များတဲ့ မရမ်းပင်တွေဟာ ပင်စည်အခေါက်မှာ ကြီးပေါင်းရောဂါကဲ့သို့ (အထွတ်အထွတ်တွေ) ဖြစ်ပေါ်တတ်ပါတယ်။ အဲ့ဒီကြီးပေါင်းရောဂါမျိုးကို ကြိုတင်ကာကွယ်နိုင်အောင် ကယ်လစီယမ်ဓာတ်ကို များများကျွေးပေးရပါတယ်။ မြေခံမှာကကို ကယ်လစီယမ်ဓာတ် နည်းပါးတဲ့ဒေသတွေလည်း ရှိတာကြောင့် ဒီအချက်လေးကို သတိပြုစိုက်ပျိုးသင့်ပါတယ်။ 

မရမ်းစိုက်တော့မယ်ဆိုရင် …

မရမ်းသီးအမှည့် မျိုး⁠ကောင်းမျိုးသန့်ကို ⁠ရွေးချယ်ဝယ်ယူပါ။ အသီးအခွံကို ခွာပစ်⁠ပြီး၊ အသားမဖယ်ပဲ ⁠ပြာနဲ့လူးနယ်ပေးပါ။ အဲ့ဒီနောက် နေရိပ်တဲ့နေရာမှာ အချိန်ကာလ (၃)လောက်ထားပြီး၊ ပျိုးထောင်ထားပါ။ အခုလိုမျိုး ပျိုးထောင်ထားတဲ့ ပျိုးသက်တမ်း (၁)⁠ နှစ်အ⁠ကျော်ကြာရင်တော့ မရမ်းပင်ကို စတင်စိုက်ပျိုးလို့ ရပါပြီ။

အထက်ပါနည်းအတိုင်း ပျိုးထောင်ထားတဲ့ အစေ့ကနေစိုက်ပျိုးတဲ့ မရမ်းစိုက်ပျိုးနည်းအတွက် စိုက်ကျင်းကို (၂)⁠ ပေပတ်လည်ထားသင့်ပြီး၊ ပင်ကြားတန်းကြား အကွာအ⁠ဝေးကို (၁၅)ပေ×(၂၀)ကြားကနေ၊  ပေ(၃၀) ပတ်လည်လောက်အထိ၊ စိုက်ပျိုးလေ့ရှိကြပါတယ်။ အခုနောက်ပိုင်း စိုက်ပျိုးလာတဲ့ ကိုင်းကူးကိုင်းဆက်စနစ်နဲ့ မရမ်းပင် စိုက်ပျိုးနည်းစနစ်မှာတော့ ပင်ကြားတန်းကြားကို (၇)ပေ×(၇)ပေ လောက်ထားစိုက်လေ့ရှိကြပြီး၊ အပင်ကို အကြီးမခံကြတော့ပါဘူး။ ကိုယ်လိုချင်တဲ့ အချိန်ကာလမှာ အသီးတင်ဖို့ အဖူး၊ အပွင့်တွေကိုအတွက်ကိုလည်း မလိုအပ်သေးတဲ့ အပွင့်အဖူးတွေကို ခြွေပစ်ပေးကြပါတယ်။ 

အဖူးအပွင့်တွေ ခြွေပေးတာ ဘာကြောင့်လဲ?

မရမ်သီးက တစ်နှစ်ကို (၃) ကြိမ် (၃)ခါ ပေါ်ပါတယ်။ ပထမဆုံးပေါ်ချိန် (ဈေးအကောင်းဆုံးကာလ) ကတော့ ဇန်နဝါရီလဆန်းပိုင်းပါ။ ဒီအစောဆုံးကာလမှာပေါ်တဲ့ မရမ်းပင်တွေဟာ ဒီဇင်ဘာလ (၁၀) ရက်လောက်မှာ ပန်းစပွင့်လို့၊ ဇန်နဝါရီလဆန်းမှာ အသီးတင်တာပါ။ ဒုတိယအကြိမ်အနေနဲ့ ဒီဇင်ဘာ လ ရက်(၂၀)နောက်ပိုင်းမှာ ပန်းပွင့်ရင်တော့ မရမ်းသီး သီးချိန်နောက်ကျသွားမှာဖြစ်တယ်။ တတိယအကြိမ်ကတော့ ဇန်နဝါရီလဆန်းလောက်မှာ အပွင့်ပွင့်တဲ့ မရမ်းပင်တွေပဲ ဖြစ်ပြီး၊ သူတို့ကတော့ အနောက်ကျဆုံးအသီးတွေပဲ ဖြစ်ပါတယ်။

ဇန်နဝါရီလဆန်းလောက်မှာ စောစောပေါ်တဲ့ မရမ်းသီးက ဈေးအလွန်ပဲကောင်းပါတယ်။ ပဲခူးတိုင်းဒေသကြီးမှာ ဇန်နဝါရီလဆန်းအချိန်ဆိုရင် မရမ်းသီးတစ်ပိဿာကို (၃၀၀၀၀) ကျပ်ကနေ (၄၀၀၀၀) ကျပ်အထိ ဈေးရလေ့ရှိပါတယ်။ ဒါ့ကြောင့် ဒီအချိန်ပေါ်ဦးပေါ် ဖျားကာလကို အမှီရအောင် စိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက် မလိုအပ်သေးတဲ့ အဖူးအပွင့်တွေကို ချွေပေးကြရတာပဲ ဖြစ်ပါတယ်။

မရမ်းပင်တွေအတွက် မြေသြဇာကို သဘာဝမြေသြဇာတွေ ကျွေးပေးမယ်ဆိုရင် အပင်ငယ်စဉ်မှာ တစ်ပင်ကို ⁠နွားချေး (၁)တင်းနဲ့၊ အပင်⁠ကြီးပြီးဆိုရင်တော့ တစ်ပင်ကို နွားချေး (၃)တင်းလောက် အလျဉ်းသင့်သလို ထည့်သွင်းပေးနိုင်ရင် အဆင်ပြေပါပြီ။ 

ရေဘယ်အချိန်မှာပေးရမလဲ?

မရမ်းပင် အသီးတုန်းသွားပြီး ရွက်နုထွက်ခါနီးအချိန်မှာ ရေပေးလေ့ရှိပါတယ်။ ပင်ခြေနဲ့မြစ်မွှားတွေရှိတဲ့ တည့်တည့်နေရာကို မြေသားသက်သက်ပဲထားသင့်ပြီး၊ ရေမဝပ်အောင် သတိပြုသင့်ပါတယ်။

နန်းထက်ထက်ချစ်(ABM)

 

Nanda

Nanda

လွန်ခဲ့သော ၂ နှစ် က

အမရပူရမှ စိုက်ရလားဗျ

သက်ပိုင်ဖြိုး

သက်ပိုင်ဖြိုး

လွန်ခဲ့သော ၃ နှစ် က

မင်းဘူးဘက်စိုက်လို့ရလာဗျ ဘယ်မှာ၀ယ်ယူလို့ရနှိုင်မလဲဗျ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၃ နှစ် က

okပါတယ်

SoeLay

SoeLay

လွန်ခဲ့သော ၅ နှစ် က

စစ်ကိုင်းတိုင်းကန့်ဘလူမှာစိုက်လို့ရလား

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

Aung Zaw Oo • ဖြေကြားချက် 2 ခု

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....