ခရမ်းချဉ်ပင်ရဲ့ ရန်သူတော် ၇ ပါးနဲ့ မိတ်ဆွေ ၄ ပါး
ခရမ်းချဉ်ပင်တွေရှင်သန်ကြီးထွားဖို့ အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုကတော့ အဖော်ပင်တွေနဲ့ အတူစိုက်တာပဲ ဖြစ်ပါတယ်။ သူနဲ့ကိုက်ညီတဲ့အဖော်ပင်နဲ့ စိုက်တဲ့အခါ မြေဆီဩဇာကို ဖြည့်တင်း ပေးနိုင်သလို အင်းဆက်ပိုးမွှားတွေ ဖျက်စီးမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
ဒါပေမဲ့ တချို့မတည့်တဲ့ အဖော်ပင်တွေကို စိုက်ပျိုးမိတဲ့အခါမှာတော့ အပင်တွေကို အာဟာရတွေရဖို့ တွန်းထုတ်တာမျိုး၊ နေရောင်တွေမရတော့တာမျိုး၊ အင်းဆက်တွေကို ပိုလာအောင် ဆွဲဆောင်ပြီး ဒုက္ခပေးနိုင်တာမျိုးတွေ ကြုံရနိုင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ မိတ်ဆွေကောင်းမဟုတ်တဲ့ အပင်တွေပေါ့။ ဆိုတော့ ခရမ်းချဉ်အပင်အတွက် အဖော်မွန်ကောင်းမဟုတ်တဲ့ ရန်သူအပင် ၇ မျိုးနဲ့ မိတ်ဆွေ ၄ မျိုးကို ဖော်ပြပေးသွားပါမယ်။
(၁) မုန်ညှင်း၊ မုန်လာမျိုးနွယ်ဝင်များ
ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ဘရိုကိုလီ နဲ့ ကိုက်လန် တို့ဟာဆိုရင် ခရမ်းချဉ်ပင်ရဲ့ ကြီးထွားမှုကို နှေးကွေးစေပါ တယ်။ ဘာလို့လဲဆိုတော့ ဒီအပင်တွေအကုန်လုံးက ခရမ်းချဉ်ပင်နဲ့ မျိုးရင်းတူ အုပ်စုတစ်ခုထဲမှာ ဖြစ်တာကြောင့် အာဟာရတွေကို ယှဉ်ပြိုင်စားသုံးနိုင်လို့ပါ။ ဂေါ်ဖီထုပ်နဲ့ ခရမ်းချဉ် မျိုးစေ့တွေဟာ ဆိုရင် ရှင်သန်ကြီးထွားဖို့ အာဟာရတွေအများကြီးလိုပါတယ်။ ဘေးကပ်ရပ်စိုက်ထားမိရင် အာဟာရ တွေ လုကုန်ကြကော။ ဒီလိုလုတဲ့ ပွဲမှာ ရှုံးနိမ့်တဲ့သူက ခရမ်းချဉ်ဖြစ်မှာဆိုတော့ အဖူးတွေထွက်ချိန် ထွက်မလာတော့ပါဘူး။ အဖူးထွက်မလာတော့ အသီးမသီး။ အသီးမသီးတော့ စိုက်ရာသီသိမ်းချိန် အရှုံးပေါပြီပေါ့။
(၂) ပြောင်းဖူး
ပြောင်းဖူးနဲ့ ခရမ်းချဉ်သီးက ချက်စားရင်တော့အရမ်းကောင်းပေမဲ့ အတူတွဲမစိုက်ရမဲ့ အပင်ထဲမှာတော့ ပါပါတယ်။ သူတို့တွေက တူညီတဲ့ ဖျက်ပိုးတွေနဲ့ မှိုရောဂါတွေကို စွဲဆောင်နိုင်လို့ပါ။ ပိုးလောင်းကောင် တွေဟာဆိုရင်လည်း ခရမ်းချဉ်နဲ့ ပြောင်းဖူးတို့ရဲ့ ကြီးထွားမှုဖြစ်နိုင်တာမှန်သမျှကို ဖျက်ဆီးပါတယ်။ ဆိုတော့ ဒီလိုတူညီတဲ့ ဖျက်ပိုးတွေကြိုက်တဲ့ အပင်တွေကို အတူစိုက်မိရင်တော့ အင်းဆက်တွေကို ၂ ဆ စွဲဆောင်သလိုဖြစ်ပြီပေါ့။
(၃) စမုန်စပါး
မုန်ညင်း၊ မုန်လာ မျိုးနွယ်ဝင်တို့လိုပဲ စမုန်စပါးကလည်း ခရမ်းချဉ်ကြီးထွားဖို့မှာ ဟန့်တားပြန်ပါတယ်။ စမုန်စပါးက ဟင်းသီးဟင်းရွက်နဲ့ သီးနှံပင်တော်တော်များများနဲ့ကို တွဲမစိုက်သင့်တာပါ။ သူ့ကို စိုက်မယ်ဆို သီးသီးသန့်သန့် အိုးလေးနဲ့ ဒါမှမဟုတ် အကွက်လေးဖော်ပြီးပဲ စိုက်သင့်တာပါ။ စမုန် စပါးပင်က ဟင်းချက်ရာမှာ တော်တော်များနဲ့တွဲဖက်ညီပေမဲ့ စိုက်ခင်းထဲမှာတော့ မဟုတ်ပါဘူးနော်။
(၄) ဇီယာစေ့
တွဲမစိုက်သင့်တဲ့ အပင်ထဲမှာ ဇီယာစေ့လည်း ပါ ပါတယ်။ ဇီယာစေ့ပင်အသေးက ခရမ်းချဉ်ပင်ကို ပျပိုးတွေနဲ့ ဂျပိုးသေးတွေလာဖျက်ဆီးအောင် စွဲဆောင်နိုင်ပါတယ်။ ဇီယာစေ့အပင်ကြီးသွားပြီး အစေ့တွေ ခူးဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန်မှာဆို ခရမ်းချဉ်ပင်တွေကြီးထွားဖို့ကို တားဆီးပါပြီ ဦးကြီးတို့ရေ။
(၅) အာလူး
အာလူးကလည်း ခရမ်းချဉ်ပင်နဲ့ မျိုးနွယ်တူအပင်ပါ။ ဒီတော့ ရှင်သန်ကြီးထွားဖို့တူညီတဲ့ အာဟာရ လိုအပ်တဲ့ အပင်ပဲပေါ့။ အတူသာ ယှဉ်တွဲစိုက်မိရင် အာဟာရတွေယှဉ်ပြိုင်တော့ အကျိုးတွေရမလာဘဲ နောက်ဆုံး တူညီတဲ့ရောဂါတွေကိုပါ ခံနိုင်ရည်မဲ့လာနိုင်ပါတယ်။ ဒီရောဂါတွေကပဲ မြေကြီးထဲကို ပျံ့နှံပြီး တစ်ပင်ကတိုက်ခိုက်ခံရရင် နှစ်ပင်လုံးပါ သေနိုင်ပါတယ်။ မလှမ်းမကမ်းမှာ အတူစိုက်ထားမိရင်တောင် ရိတ်သိမ်းတဲ့အခါ ခရမ်းချဉ်ရဲ့ အမြစ်ကိုလည်း ထိခိုက်နိုင်ပါသေးတယ်။
(၆) ခရမ်းသီး
အာလူးလိုပဲ ခရမ်းသီးကလည်း မျိုးနွယ်တူ ယှဉ်ပြိုင်မဲ့သူပါ။ ခရမ်းသီးက လောင်မည်းရောဂါကို ခံနိုင် ရည်မရှိဘူး ဒီတော့ ခရမ်းချဉ်ပင်ကို ပိုပြီးခံနိုင်ရစေနိုင်ပါတယ်။ လောင်မည်းဆိုတဲ့ မှိုရောဂါက လေအားဖြင့် စပိုးတွေက ပျံ့နှံ့သွားပြီး ရိတ်သိမ်းတဲ့အခါ ဧရိယာတစ်လျှောက် အကုန်လုံးကို ဒုက္ခ ပေးမှာပါ။ ရုတ်တရက် သီးနှံတွေရဲ့ အရွက်က ညိုခြင်း၊ ဝါခြင်း၊ အစက်အပြောက်များဖြစ်ပေါ်ခြင်း၊ အရွက်ခြောက်ခြင်းတွေက လောင်မည်းရောဂါရဲ့ လက္ခဏတွေပဲဖြစ်ပါတယ်။
(၇) သစ်ကြားသီးပင်
သစ်ကြားသီးပင်က ထုတ်လွှတ်လိုက်တဲ့ ဓာတုဒြပ်ပေါင်းကလည်း သူ့ဘေးနားမှရှိတဲ့ ခရမ်းချဉ်ပင်ရဲ့ ရှင်သန်ကြီးထွားမှုကို ရပ်တန့်စေပါတယ်တဲ့။
ကဲ... တွဲမစိုက်သင့်တဲ့ အပင်တွေကို သိသွားပြီဆိုတော့... မိတ်ဆွေကောင်း အပင် (၄) မျိုးကိုလည်း ဆက်ပြောပြပါ့မယ်။

(၁) ကညွတ်
ခရမ်းချဉ်နဲ့ ကညွတ်ကတော့ တကယ်ကို လိုက်ဖက်တဲ့အတွဲပါပဲနော်။ ခရမ်းချဉ်ပင်က ကညွတ်မှာ ကျရောက်တဲ့ ကျိုင်းကောင်းတွေကို တွန်းလှန်နိုင်ပြီး ကညွတ်ကလည်း မြေကြီးထဲကနေ ခရမ်းချဉ်ကို ဒုက္ခပေးတဲ့ နီမတုတ်ကို အဝေးကိုပြေးစေပါတယ်တဲ့။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပေါ့။
(၂) ငရုတ်သီး
မြန်မာလူမျိုးတွေအကြိုက် ရှုးရှုးရှဲရှဲ ငရုတ်သီးက ပျ၊ နီမတုတ် နဲ့ မွှားတွေကို တိုက်ခိုက်နိုင်တဲ့ အစွမ်းရှိတာဆိုတော့ ငရုတ်ရှိရင် ခရမ်းချဉ်အတွက် စိတ်ချရတာပေါ့။
(၃) ဆလပ်
ခရမ်းချဉ်ကို မြေအစိုဓာတ်ပေးချင်လို့ရယ်နဲ့ ပေါင်းပေါက်ရောက်ခြင်းကိုဖယ်ရှားဖို့ မြေဖုံးပင် စိုက်ချင်တယ်ဆို အနီးအနားမှာ ဆလပ်သာ စိုက်ထားလိုက်ပါ။ ခရမ်းချဉ်က ကျတဲ့ အရိပ်ကလည်း ဆလပ်ပင်တွေကို ဖုံးအုပ်ထားတာကြောင့် ရေငွေပျံခြင်းမဖြစ်အောင်ကူညီပေးပါလိမ့်မယ်။ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ အပင်လို့ဆိုနိုင်ပါတယ်။
(၄) ထပ်တစ်ရာပန်း
အရောင်တောက်တောက်နဲ့ လှပတဲ့ထပ်တစ်ရာပန်းတွေက ပျားတွေနဲ့ လိပ်ခုံးကျိုင်းတွေကို ဆွဲဆောင် ပေးပါတယ်။ ဒါတင်ဘယ်ကမလဲ။ ပျ၊ ခရု၊ ခရမ်းချဉ်ကိုဒုက္ခပေးတဲ့ မြေအောင်းကောင်တွေ နဲ့ ပက်ကျိတွေကိုလည်း ခရမ်းချဉ်နားမလာအောင် လုပ်ဆောင်ပေးပါတယ်။ ဆိုတော့ ထပ်တစ်ရာပန်းဟာ ခရမ်းချဉ်ပင် အထွက်တိုးအောင် စိုက်သင့်တဲ့ အပင်တစ်မျိုးလည်းပဲဖြစ်ပါတယ်။
www.southernliving.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
ဟူစိန်း
လွန်ခဲ့သော ၂ နှစ် ကခင်ရမ်းချည်ပျိုးဘယ်လိုပျိုးရတယ်
U Aung Myo Thu
လွန်ခဲ့သော ၂ နှစ် ကခရမ်းချည်ပျိုးပင်ဘယ်လိုပျိုးရတယ်အဆင်ပြေလဲဗျာ
ko ko
လွန်ခဲ့သော ၂ နှစ် ကတရုတ်နံနံပင်က ခရမ်းချဉ်ပင် အတွက် အကျိုးပြုအနုဇီဝပိုးတွေ သယ်ဆောင်လာတယ်ဆိုတာ ဟုတ်ပါသလားဗျ
ကိုအောင်ကျော်ဇော
လွန်ခဲ့သော ၃ နှစ် ကတိုင်ထောင်ခရမ်းချဥ်စိုက်ပျိုးနည်းလေးသိ့ပါရစေဗျ
Mg Min
လွန်ခဲ့သော ၃ နှစ် ကHi
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ
Aung Zaw Oo • ဖြေကြားချက် 2 ခု
ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 3 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 6 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဆုမြတ်နိုး
အားလုံး