အစိမ်းရောင်လမ်း
နာနတ်စိုက်ပျိုးမှု

နာနတ်စိုက်ပျိုးမှု

08/12/2017
မြန်မာနိုင်ငံတွင် စားသုံး၍ အရသာပြည့်မီသော ဒေသမျိုး၊ နာနတ်မျိုးကောင်းများစွာရှိသည်။ ဥယျာဉ်ခြံ၊ သရက်၊ ရော်ဘာ၊ ဒညင်း၊ ကျွဲကော လို နှစ်ရှည်ပင်များကြားတွင် စိုက်လေ့ရှိသည်။ တစ်နှစ်ခန့်ကြာသော နာနတ်သီးကို စိုက်မည် ဆိုလျှင် မျိုးကောင်း/ သန့် ရွေးချယ်စိုက်ရန်လိုသည်။ စိုက်ပြီး ၁၀ လ၊ ၁၂ လ ကြာမှ ပန်းပွင့်သည်။ ( ၁၅ - ၁၈) လ ကြာမှ ခူးဆွတ်နိုင်သည်။ ဆောင်းရာသီမှည့်သော အသီးမှာ အချဉ်ဓာတ်များပြီး မိုးရာသီမှည့်သော အသီးမှာ ချိုသည်။
 
နာနတ် တစ်ကြိမ်စိုက်ပြီး နောက်ထပ်ထွက်လာသော သားတက်မှ မျိုးခံကာ လမိုင်း၊ လမက် စိုက်ပျိုးမှုလည်း ရှိသည်။ အသီး အရည်အသွေး ကောင်းကောင်းရရှိရန် တစ်နှစ်တစ်ခါ စိုက်ကြသည်ကများသည်။ မိုးခေါက်ဒဏ်ခံနိုင်သည်။ ရေသိုလှောင်ထားနိုင်သည်။ မိုးများလျှင်လည်းစိုက်လို့ရသည်။ ရေမဝပ်ရ။
 
မိုးရေချိန် - (၂၀-၂၅) လက်မ ရွာသော ဒေသမှ လက်မှ ၁၀၀ ကျော်ရွာသော ဒေသထိ စီးပွားဖြစ် စိုက်ပျိုးကြသည်။
ဖြစ်ထွန်းနိုင်မှု - မြေပြန့်ဒေသ၊ ကုန်းစောင်း၊ တောင်ကြော၊ တောင်ပေါ်ဒေသနှင့် ပင်လယ်ကမ်းခြေတဝိုက်ထိ ကောင်းစွာဖြစ်ထွန်းသည်။
မြေအမျိုးအစား - နုန်း၊ သဲနုန်းမြေ၊ တောင်ကုန်း တောင်စောင်းဂဝံမြေ၊ ရေစီးဆင်းမှု ကောင်းသောမြေ သည် အကောင်းဆုံးဖြစ်သည်။ မြေစီး/ စနယ်မြေ မဖြစ်ထွန်းပါ။
 
မျိုးအဖြစ် သားတက်များကို ပျိုးပင်မှ ဖြတ်ယူစိုက်ကြသည်။ မျိုးစေ့ခံပြီး စိုက်လို့ရသော်လည်း မစိုက်ကြ။ မျိုးယူရလွယ်ကူသော သားတက်ဖြတ်ပီးသာ စိုက်ကြသည်။
မျိုးပွားနိုင်သော သားတက်
- ပင်စည်မှထွက်သော သားတက်
- နာနတ်သီးထိပ်မှ ထွက်သော ကရောင်း (crown) - အပင်ထွက်လျှင် ဖြောင့်တန်း ၊ သက်တမ်းကြာ
- နာနတ်သီးအောက်ခြေမှ ထွက်သော သားတက် - အကောင်းဆုံးဖြစ်သည်။ အရွယ်အစားကြီး/ ညီညာသော အသီးများရရနိုင်သည်။
 
 
မြေအမျိုးအစား၊ မြေမျက်နှာပြင်နှင့် မိုးရွာမှုကို မူတည်ပြီး စိုက်နည်းကွာသည်။ မြေပြန့်/ ညီ တွင် စိုက်ကျင်းတူး စိုက်နိုင်သည်။ ရေမဝပ်အောင် ဂရုစိုက်ပါ။ မိုးအသင့်အတင့် ရွာသောဒေသတွင် ထယ်ရေးမြောင်းပေး၍ မိုးရေကို အားပြုစိုက်ကြသည်။ ကုန်းစောင်း တောင်ကြောတွင် ကန့်လန့်ဖြတ် ကွန်တိုမျဉ်းပြုပြီး လှေကားထစ်ပုံစံ ရေမြောင်းခံ စိုက်ကြသည်။ စိုက်တန်း ၂ တန်းပါ စိုက်ဘောင်၊ စိုက်မြောင်း စိုက်ပျိုးမှုသည် မျက်နှာချင်းမဆိုင်ပဲ ပင်လွဲ စိုက်ကြသည်။ တစ်ဧကလျှင် အပင် ၃၀၀၀၀ ကျော် ဝင်ဆံ့သည်။
 
မြေဩဇာ - မြေကောင်းလျှင် ဖော့စဖိတ်ဓာတ်မြေဩဇာ လျော့ကျွေးပြီး မြေညံ့လျှင် ဖော့စဖိတ်ထည့်ရသည်။ ပုလဲ ကို အပင်သက်တမ်းတစ်လျှောက် နှစ်လခြားတစ်ကြိမ် ပေါင်း ခြောက်ကြိမ်ခွဲကျွေးကြသည်။ ပိုတက်ဆီယမ်မြေဩဇာကို စိုက်ပျိုးချိန်နှင့် စိုက်ပြီး ခြောက်လကြာလျှင်တစ်ကြိမ် ပေါင်း နှစ်ကြိမ်ခွဲကျွေးရသည်။ မြေဩဇာထည့်ပေးတိုင်း မြေကြီး အစိုဓာတ်ရှိရမည်။
 
အပင်အခြေကို မြေဖို့ မြေဖုံး ပြုလုပ်ပေးခြင်းဖြင့် အပင်ယိုင်လဲမှု သာမက အစိုဓာတ် မပျံ့လွင့်စေရန် ထိန်းထား ပေးသည်။ ကောက်ရိုး၊ မြက်ခြောက်၊ စပါးခွံ၊ လွှစာမှုန့်၊ စက်ဖွဲပြာ ထည့်နိုင်လေ ကောင်းလေဖြစ်သည်။ အစိုဓာတ်ထိန်းသလို ပေါင်းနည်းပါးပြီး အပူရှိန်ပိုရသည်။
 
စိုက်ပျိုးပြီး ၂၇၀ မှ ၄၅၀ ရက်အတွင်း ပန်းပွင့်သည်။ ပန်းခိုင်ထွက်သည်နှင့် သားတက်လည်းထွက်လာသည်။ အသီးအောက်မှ ထွက်လာသည့် သားတက်များကို မျိုးယူစိုက်ပျိုးရန် အဆင့်ရောက်လျှင် ဖယ်ပေးပါ။ မဖယ်ပါက အသီးရင့်မှည့်မှု ကြာသည်။ အသီးအောက် သားတက်ထွက်သလို ပင်စည်မှ သားတက် ထွက်လာရင်လည်း ဖယ်ပေးပါ။ ပင်စည်မှ သားတက်ထွက်လေ အသီးအလေးချိန် တိုးလေဖြစ်၍ နောက်ကျမှ ဖယ်ရှားပေးပါ။
 
နာနတ်စိုက်ပြီး တစ်နှစ်ခန့်ကြာပါက အရွက် ၄၀ ခန့် ထွက်နေတတ်သည်။ ပန်းပွင့်ချိန်သည် မျိုးအလိုက်ကွာခြားမှု ရှိသည်။ ပွင့်ချိန်စောရန်နှင့် ပန်းပွင့်ညီညာစေရန် အီသရယ် ဟော်မုန်းကို ဖျန်းပေးပါ။
 
နာနတ်သီးတွင် သကြားဓာတ်၊ အမျှင်ဓာတ်၊ ပရိုတင်းဓာတ် ပါဝင်သည်။ နာနတ်ပင်စည်ရိုးတံတွင် ဘရိုမီလိမ်းဓာတ်ပါပြီး အစာကြေမှုကို အထောက်အကူပြုသည်။
 
ကိုရဲ (စိုက်ပျိုးရေး)
Thein Htay Oo

Thein Htay Oo

လွန်ခဲ့သော ၄ နှစ် က

အပင်၃၀၀၀၀စိုက်လို့မရနိုင်ပါ ၁၀၀၀၀လောက်ပဲရပါတယ်

ကို ခင်ဆန်အားဂုံ

ကို ခင်ဆန်အားဂုံ

လွန်ခဲ့သော ၄ နှစ် က

နာနတ်သီးကို ဘယ်လမှာစိုက်ရတာလဲ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

Aung Zaw Oo • ဖြေကြားချက် 2 ခု

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....