အစိမ်းရောင်လမ်း
ပဲစောင်းလျားသီး (သို့) ပဲမြစ်စိုက်ပျိုးနည်း

ပဲစောင်းလျားသီး (သို့) ပဲမြစ်စိုက်ပျိုးနည်း

၁။ မူရင်းဒေသ

    ပါပူဝါနယူးဂီနီနှင့် အရှေ့တောင် အာရှနိုင်ငံများတွင် စိုက်ပျိုးပါသည်။ ပဲစောင်းလျားသီး သို့မဟုတ် ပဲမြစ်ကို အင်္ဂလိပ်အမည် Winged Bean၊ ရုက္ခဗေဒအမည်မှာ Psophocarpus tetragonolobus, မျိုးရင်းအမည်မှာ Papilionaceae တွင် ပါဝင်ပါသည်။

၂။ စိုက်ပျိုးသည့်ဒေသ

    မြန်မာနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုးကြသည်။

၃။ အမျိုးအစား

    ဟင်းသီးဟင်းရွက်အဖြစ် အသုံးပြုပါက အတောင့်ကို ပဲစောင်းလျားဟုခေါ်ပြီး အမြစ်အတွက် စိုက်ပျိုးက ပဲမြစ်ဟုခေါ်ဆိုကြသည်။

၄။ မြေနှင့်ရာသီဉတု

    သဲမြေ၊ နုန်းမြေတွင် ကောင်းမွန်စွာစိုက်ပျိုးနိုင်သည်။ သို့သော်နွားချေး၊ မြေဆွေး လုံလောက်စွာထည့်ပေးရသည်။ အကောင်းဆုံးမှာ မြေစေးဆန်မြေနက်တွင် စိုက်ပျိုးခြင်းဖြစ်သည်။ ပူအိုက်စိုစွတ် သောရာသီဥတုကို ကြိုက်နှစ်သက်သောကြောင့် မိုးဦးတွင်စိုက်ပျိုးကြသည်။

၅။ မျိုးစေ့နှုန်းထား

    တစ်ဧက မျိုးစေ့ (၂၂-၃၀) ကီလိုဂရမ် (၁ တင်းခန့်)။

၆။ မြေသာဇာနှုန်းထား

    တစ်ဧကလျှင် နွားချေးဆွေး (၁) တန်။

ရ။ မြေပြုပြင်ခြင်း

    စိုက်ပျိုးသည့်မြေကို မပြုပြင်မီ နွားချေး၊ မြေဆွေး ကြိုတင်ချထားပေးရမည်။ မေ၊ ဇွန်လတွင် မိုးစတင်ရွာသွန်း၍ ထယ်ထိုးရန်မြေအစိုဓာတ် သင့်လျောသောအချိန်၌ မြေကိုစတင်ပြုပြင်ရပါသည်။ ထယ် (၂-၄) စပ်အထိထိုး၍ (၇) သွားထွန်ဖြင့် ညက်သည်အထိ ထွန်မွေပေးရသည်။ ထို့နောက် တစ်တန်းနှင့်တစ်တန်း(၂)ပေ၊ တစ်ပင်နှင့်တစ်ပင် တစ်ပေအကွာအဝေး ရရှိစေရန်ထွန်ဖြင့် ကြောင်းဆွဲပေး၍ ထွန်ကြောင်းဆုံသည့်နေရာတွင် စိုက်သည်။

၈။ စိုက်ပျိုးခြင်း

    အများအားဖြင့် ဇွန်၊ ဇူလိုင်လလောက်တွင် မြေပြုပြင်ပြီးဖြစ်၍ စတင်စိုက်ပျိုးလာကြသည်။ စိုက်ကြောင်းများဆုံရာ၌ တစ်ကျင်းလျှင်မျိုးစေ့ (၃-၅) စေ့အထိ တစ်လက်မအနက်တွင် ချ၍စိုက်ပြီး မြေပြန်အုပ် ပေးရသည်။ မျိုးစေ့ချချိန်တွင် မြေ၌ အစိုဓာတ်အလုံအလောက်ရှိရန် သတိပြုပါ။

၉။ အပင်ပြုစုခြင်း

    အရွက် (၃-၄) ရွက်ခန့် ထွက်လာသောအချိန်တွင် ကြားထွန်လိုက်ပေးသည်။ စိုက်ပြီး (၄၅)ရက် အတွင်း ရွက်စွယ်နှာမောင်းမထွက်မီ ပေါင်းနှစ်ကြိမ်လိုက်ပြီးဖြစ်ရမည်။ အပင်များ ကြီးလာ၍ မြေတွင် အုပ်သွားသောအခါ ပေါင်းလိုက်ရန်ခက်ခဲသောကြောင့် ဖြစ်သည်။ အိမ်ခြံဝန်းအတွင်း (သို့မဟုတ်) စိုက်ပျိုးသည့်မြေ သိပ်မကျယ်ဝန်းလျှင် စိုက်တန်းတစ်ပင်နှင့်တစ်ပင် ခြောက်လက်မခြား စိုက်ပြီး အပင်များမှီ တွယ်တက်စေရန် တိုင်ထောင်ပေးခြင်း၊ စင်ထိုးပေးခြင်း ပြုလုပ်ရသည်။ စိုက်ခင်းပေါင်းလိုက်ချိန်တွင် အပင်ခြေရင်း၌ တစ်ပါတည်း မြေတင်ပေးပါ။

၁၀။ ရေသွင်းခြင်း

    ပဲစောင်းလျားကို မိုးရေမှအစိုဓာတ်ယူစိုက်ပျိုးခြင်းကြောင့် ရေသွင်းရန်မလိုချေ။ သို့ရာတွင် မြေဧရိယာ အကျယ်အဝန်းနည်းသော အကွက်များတွင် မိုးခေါင်၍ အစိုဓာတ် လိုအပ်နေပါက ရေလောင်းပေးရန်လို သည်။

၁၁။ ရိတ်သိမ်းခြင်းနှင့်အထွက်

    စိုက်ပြီး ရက်(၁၀ဝ) ခန့်ကြာလျှင် အသီးများကိုစတင်ဆွတ်ခူးနိုင်သည်။ အသီးများကို မရင့်မီ လက်ဖြင့်ဆွတ်ခူးရသည်။ အပင်ပေါ်တွင်အသီးများနေ၍ မဆွတ်ခူးပဲထားလျှင် အမြစ်ကြီးထွားမှုကို ထိခိုက်စေ သည်။ ထိုကြောင့် အသီးများနုနယ်စဉ်တွင် ဆွတ်ခူးရောင်းချရမည်။ စားသုံးရန်အတွက်လည်း သင့်လျော်သည်။

    စိုက်ပြီး (၄.၅ - ၅) လအကြာတွင် အမြစ်ကိုတူးဖော်နိုင်သည်။ အမြစ်ကို ပေါက်ပြားနှင့် ပေါက်၍ ဖော်သည်။ အစေ့ရယူလိုက နောက်ထပ် (၃၀-၄၅) ရက် အကြာတွင် ဆွတ်ခူးနိုင်သည်။ အသီးကောင်းစွာရင့်မှည့်မှ ဆွတ်ခူးရသည်။

    တစ်ဧကလျှင် - အသီးနု ၁၅၀ဝ - ၂၀ဝဝ ပိဿာ၊ အမြစ် ၁၂၀ဝ -၁၇၀ဝ ပိဿာ၊ အစေ့ ၂၀ဝ - ၂၇၀ ပိဿာ နှုန်းရရှိနိုင်မည် ဖြစ်သည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းစာအုပ်မှ ကူးယူဖော်ပြသည်။

မြင့်

မြင့်

လွန်ခဲ့သော ၇ လ က

ရာသီမရွေးစိုက်ပျိုးလို့ရပါသလားခဗျာ.

yan naung

yan naung

လွန်ခဲ့သော ၃ နှစ် က

အစေ့ တိုက်ရိုက်ချ စိုက်ရတာလား ဗျ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

Aung Zaw Oo • ဖြေကြားချက် 2 ခု

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....