အစိမ်းရောင်လမ်း
ကိုက်လန်စိုက်ပျိုးနည်း

ကိုက်လန်စိုက်ပျိုးနည်း

ကိုက်လန် ဆိုတာကတော့ အမြည်းကောင်း အဲ့လေ စားတဲ့ သောက်တဲ့အချိန်မှာ ကြော်စားကြတဲ့ ဟင်းကောင်းတစ်ခွက်ပါပဲ။ သူ့မှာ ဗီတာမင်စီနဲ့ အန်တီအောက်စီဒင့်လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါပါတယ်။ ပြီးတော့ စိုက်ပျိုးမြန်တဲ့ ကြီးမြန်တဲ့ အပင်လေးတွေဖြစ်ပါတယ်။ မနက်တိုင်း စားသင့်တယ်ဆိုတော့ ကိုယ်တိုင်စိုက်ထားမယ် စိုက်စားကြမယ်လေ..

စိုက်ပျိုးဖို့အတွက်

မြေအမျိုးအစား၊မျိုးနဲ့ ရာသီဉတု။ ။ မျိုး က (၂) မျိုးရှိပါတယ်။ ပန်းအဖြူရောင်ပွင့်တဲ့ မျိုးနဲ့ အဝါရောင်လေးတွေ ပွင့်တဲ့မျိုးဆိုပြီး ဖြစ်ပါတယ်။ အပင်အမြှင့်ကတော့ (၁၉)လက်မလောက်အထိ ရှည်နိုင်ပါတယ်။ စိုက်ရတာလွယ်ပါတယ်။ ဒါပေမဲ့ အေးတဲ့ ရာသီဥတုကို ပိုပြီးတော့ ကြိုက်နှစ်သက်ပါတယ်။ 

မြေသား။ ။ ရေကောင်းကောင်းထုတ်နိုင်တဲ့ အဆွေးဓာတ်ကြွယ်ဝတဲ့ မြေသားကို ကြိုက်နှစ်သက်ပါတယ်။ မြေကြီးက ချဉ်တတ်တယ်ဆိုရင်တော့ ထုံးထည့်ပြီး ပြင်ပေးထားပါ။ သူက ကွင်းပြင်လိုမျိုး လေလည်းရ နေလည်းရတဲ့ အနေအထားကို ပိုပြီးတော့ ကြိုက်ပါတယ်။ 

မျိုးစေ့ချတာ။ ။ (၁၈)လက်မစီကွာတဲ့ မြောင်းလေးတွေလုပ်ပြီးတော့ တစ်လက်မ အနက်မှာ မျိုးစေ့တွေကို (၈)လက်မကနေ (၁)ပေလောက်ခြားပြီး ချပေးရမှာပါ။ (၁၀)ရက်ကနေ (၁၅)ရက် နေရောင်ရပြီး ရေရတဲ့အခါ အပင်လေးတွေပေါက်လာပါပြီ။ 

အပင်မှုန်းခြင်း။ ။ အပင်လေးတွေ ၃ လက်မလောက် မြှင့်လာတဲ့အခါမှာ အပင်တွေကို (၈)လက်မခြားဖြစ်အောင် သေချာမှုန်းပေးပါ။ ပင်ကြားက (၈)လက်မနဲ့တန်းကြားက (၁၈)လက်မ ဖြစ်သွားမှာပါ။

မြေဖုံးခြင်းနှင့် ရေလောင်းခြင်း။ ။ ရေကို ပုံမှန်လောင်းပေးဖို့ လိုအပ်ပါတယ်။ ကောက်ရိုး မြက်ခြောက် စတာတွေနဲ့ မြေဖုံးပေးထားရပါမယ်။ အစိုဓာတ်ကို ပိုမိုထိန်းနိုင်အောင် ဖြစ်ပါတယ်။ ပူတဲ့ရာသီဥတုချိန်ဆိုရင် ရေများများလောင်းပေးဖို့ လိုအပ်ပါတယ်။ နဂိုကတည်းကမှ ကြီးမြန်တဲ့အပင်တွေဖြစ်တာကြောင့် ရေလိုအပ်မှုက များပါတယ်။  

ရောဂါပိုးမွှား။ ။ ရွက်လိပ်အိမ်ပိုး၊ ရွက်စားပိုးတွေ ကျတတ်ပါတယ်။ ပျပိုး၊ ရွက်ဖျက်ပိုးတွေကျတတ်ပြီးတော့ နည်းနည်းပူနွေးစိုစွတ်တဲ့ ရာသီဉတုမှာ စိုက်ပျိုးတယ်ဆိုရင် ဖားဉမှိုရောဂါတွေဖြစ်တတ်ပါတယ်။ 

ရိတ်သိမ်းခြင်း။ ။ ရက် (၆၀) ကနေ (၇၀)လောက်ဆိုရင်  ရိတ်သိမ်းလို့ရပါပြီ။ ရက်မမှတ်မိရင် ပထမဆုံး ပန်းပွင့်တဲ့အချိန်လေး ပြီးတဲ့အချိန်ကို ရိတ်သိမ်းရမှာပါ။

ထပ်မံရိတ်သိမ်းခြင်း။ ။ ဒုတိယအကြိမ်အတွက်ပါ ရိတ်ချင်တယ်ဆိုရင်တော့ အပေါ်ဖက် (၈)လက်မလောက်က အပိုင်းကိုပဲ သန့်ရှင်းတဲ့ဓားထက်ထက်နဲ့ ဖြတ်ပြီး ရိတ်ပေးတာမျိုး လုပ်လို့ရပါတယ်။

ခုပဲ ရှိတဲ့မြေလေးကို ပြင်ဆင်ပြီးတော့ ကိုယ်တိုင် စိုက်ပျိုးလိုက်ကြတာပေါ့။

ထွန်းဝင်းကျော်

https://www.gardeningknowhow.com/edible/vegetables/chinese-kale/growing-chinese-broccoli.htm

https://www.rhs.org.uk/advice/grow-your-own/vegetables/chinese-broccoli 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

PO PO Khaing

PO PO Khaing

လွန်ခဲ့သော ၁ နှစ် က

ပျိုးရက်ဘယ်လောက်ကြာပါသလဲ

Phyo Thandar Kyaw

Phyo Thandar Kyaw

လွန်ခဲ့သော ၃ နှစ် က

မျိူးစေ့ထိန်းသိမ်းတာလေးပြောပေးပါ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၄ နှစ် က

ခုချိန်စိုက်ရင်မိုးပိနိုင်လားဗျ

ဦးမောင်မောင်ကျော်

ဦးမောင်မောင်ကျော်

လွန်ခဲ့သော ၄ နှစ် က

ပိုးမကျအောင် ဘယ်လိုကာကွယ်ဆေးများ သုံးစွဲရပါမလဲဗျ

Ko Zaw Htet

Ko Zaw Htet

လွန်ခဲ့သော ၄ နှစ် က

ဆောင်းတွင်းမှာ ပျိုးပြီးစိုက်တာ နေဒဏ်ကြောင့် သေတာ များနေလို့

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

Aung Zaw Oo • ဖြေကြားချက် 2 ခု

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....