အစိမ်းရောင်လမ်း
အောက်မြန်မာပြည်ကွမ်းရွက်စိုက်ပျိုးနည်း

အောက်မြန်မာပြည်ကွမ်းရွက်စိုက်ပျိုးနည်း

     အောက်မြန်မာပြည်ဟု ဆိုသည့်အတိုင်း ပဲခူးတိုင်းမှစ၍အောက်ပိုင်းဒေသများကို ကိုယ်စားပြုပါသည်။ အနည်းအကျဉ်း ကွာခြားချက်များ ရှိသော်လည်း ယေဘူယျအားဖြင့် ကွာခြားမှုသိပ်မရှိလှပါ။

မြေပြုပြင်ခြင်း

     ကွမ်းခြံအကျယ် စိုက်သူများအနေဖြင့် ကွမ်းခြံတည်မည့်နေရာကို နွားထယ်ထိုး၍ ထွန်တစ်စပ် ဝင်ကာမြေပြင်ကြသည်။ ထို့နောက် အမြင့် (၄) လက်မ ဗျက်အကျယ် (၂) ပေ ရှိ ဘောင်ရှည်များ ပြုလုပ်ကြသည်။ ဘောင်တစ်ဘောင်နှင့် တစ်ဘောင် (၃) ပေခြားသည်။ ဒေသအလိုက် အနည်းငယ် ကွာခြားသည်။

      ကွမ်းခြံ အကျဉ်း စိုက်သူများ ကွမ်းတိုင် (၅၀၀) စိုက်မည့် သူများအနေဖြင့် (၃၀ x ၄၀) ပေ အရွယ် မြေကွက်သာ လိုရာနွားဖြင့် မြေမပြင်နိုင်ဘဲ ပေါက်ပြားဖြင့်ပင် ကွမ်းစိုက်ဘောင်များ ပြုလုပ်ကြသည်။ အမြင့် (၄) လက်မ ဘောင် ဗျက်အကျယ် (၃) ပေ နှင့် တစ်ဘောင်နှင့် တစ်ဘောင်ခြား တစ်ပေခွဲခြား ပြုလုပ်ထားသည်။

အချို့ ကွမ်းစိုက်သူများသည် နွားချေးဆွေးပင် မထည့်ချေ။ ဓါတ်မြေသြဇာ အနေဖြင့် တီစူပါမြေသြဇာကိုသာ ထည့်ပေးသည်။ အချို့ စိုက်ပျိုးသူများမှာ နွားချေးလည်း ထည့်သည်။ ယခင်က ယူရီးယား ထည့်သည်။ နောက်ပိုင်း သုံးမျိုးစပ် ကွန်ပေါင်းမြေသြဇာများကို သုံးသည်။ ထုံးမှုန့်၊ ဖိုပြာများကိုလည်း ထည့်လေ့ရှိသည်။ ထည့်ပြီးပါက ပေါက်ပြားဖြင့် ရောမွှေသမပြီး ရေဖျန်းကာ (၄-၅) ရက်ကြာ နှပ်ထားသည်။

ကွမ်းပင်ဆောက်ခြင်း

ကွမ်းစင်ကို (၇) ပေ အမြင့် ဆောက်လေ့ရှိသည်။ ဝါးလုံးများကိုသာ တိုင်အဖြစ် သုံးလေ့ရှိသည်။ အမိုးအကာကို အုန်းလက်၊ မြက်ခြောက်များ အသုံးပြုသည်။ ပေါ့ပေါ့ပါးပါးပုံစံများ ဖြစ်သည်။ အခိုင်အခံ့ဆောက်ခြင်း မရှိချေ။ ကွမ်းစိုက်တိုင်များကိုလည်း ဝါးလုံးကို ခွဲစိတ်၍ ဝါးခြမ်းပြားများကိုသာ သုံးသည်။ အချို့ မျှင်ဝါးလုံးကို မဖြတ်ဘဲ သုံးသည်။ အမိုးကိုမူ ဝါးလုံးများ ထိပ်တွင် ပြုလုပ်ခြင်း မဟုတ်ဘဲ (၇-၈) ပေ အမြင့်တွင်သာ ပြုလုပ်သည်။ သို့ဖြစ်၍ အချို့ခြံများတွင် ကွမ်းခြံပေါ်၌ ဝါးများ ထိုးထိုးထောင်ထောင် မြင်တွေ့ရခြင်း ဖြစ်သည်။

စိုက်ပျိုးခြင်း

       အောက်မြန်မာပြည် ကွမ်းစိုက်ခင်းများတွင် မျိုးအဖြစ် ကွမ်းညွန့်များကို အသုံးပြုကြသော်လည်း အညွန့်ဖြတ်ပိုင်းများသာ ဖြစ်သည်။ မြေထုပ်စီး မျိုးညွန့်များ အသုံးပြုမှု နည်းသည်။ မိမိတို့ စိတ်ကြိုက်ခြံမှ ကွမ်းညွန့်များကို တစ်ပေခွဲ ဖြတ်ယူ၍ စိုက်ပျိုးလေ့ရှိသည်။

        ကွမ်းစိုက်နည်း နှစ်မျိုး အသုံးပြုသည်ကိုတွေ့ရသည်။ ပထမနည်းမှာ ဘောင်အလျားလိုက် မြောင်း (၂) မြောင်းဖော်သည်။ တစ်မြောင်းနှင့် တစ်မြောင်း တစ်ပေကွာသည်။ မြောင်းအနက် (၃-၄) လက်မ ရှိသည်။ ထို့နောက် မြောင်းတစ်လျှောက် (၁၀-၁၂) လက်မကွာ အမှတ်အသားပြုပြီး ဝါးခြမ်းပြားတိုင်အချို့ ဝါးလုံးများ စိုက်ထူပေးသည်။ ကွမ်းစိုက်ရန် တိုင်များ ဖြစ်သည်။ အချို့ ဝါးခြမ်းပြားတိုင်များ စိုက်ရာတွင် အခြေတွင် တစ်ပေကွာသော်လည်း အပေါ်တွင် တစ်ပေခွဲ ခွာထားသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် လမ်းဖက်သို့ အနည်းငယ် ယိုင်နေသည့် ပုံစံမျိုး ဖြစ်သည်။

ပံုပါ

      ထို့နောက် မြောင်းအတွင်း၌ ကွမ်းညွန့်များကို အရင်းပိုင်း အရွက် နှစ်ရွက်ဖြုတ်၍ မြောင်းအတွင်း အလျားလိုက်ချကာ မြေဖုံးပေးသည်။ နှစ်ဆစ်မြုပ်စိုက်သည့်စနစ် ဖြစ်သည်။ ကွမ်းစင်တိုင်များ၏ တစ်ဖက်သတ် အနေအထားဖြင့် ပြုပေးခြင်း ဖြစ်သည်။

      ကွမ်းညွန့် အဖျားပိုင်းကို ခပ်ကွေးကွေး အနေအထားဖြင့် ကွမ်းတိုင်တွင် ငှက်ပျောလျှော်၊ သွင်အူတို့ဖြင့် ကွမ်းညွန့်လေးထောင်မတ်နေသည့် ပုံစံဖြင့် ချည်ပေးသည်။

ပံုပါ

      ဒုတိယနည်းမှာ ကွမ်းစိုက်ရန် ပြင်ထားသောဘောင်ပေါ်တွင် ကန့်လန့်ဖြတ် တစ်ပေကြားမြောင်းများ ဆွဲပါသည်။ မြောင်းများထိပ်တွင် တစ်ပေကြား ကွမ်းတိုင်များ စိုက်ပေးပါသည်။ ထို့နောက် ကွမ်းညွန့်များကို တိုင်နှစ်တိုင်ကြားမြောင်းအတွင်း ယှဉ်ချ၍ နှစ်ဆစ်မြုပ်ကာ မြေဖုံးပါသည်။ ကွမ်းညွန့်လေးကို အနေတော်ကွေး၍ တိုင်တွင်ထောင်ကာလျှော်ကြိုးဖြင့် ချည်ပါသည်။ မြောင်းအတွင်း၌ ကွမ်းညွန့်နှစ်ညွန့်၏ အရင်းပိုင်းသည် အတူယှဉ်တွဲလျက် ရှိနေမည် ဖြစ်ပါသည်။

ပံုပါ

      ကွမ်းညွန့်များ စိုက်စနစ် ကွာခြားသော်လည်း ပင်ကြားတန်းကြား အကွာအဝေးမှာ တစ်ပေသာရှိသည်။ အချို့သော ကွမ်းခြံများတွင် ပင်ကြား (၉) လက်မ ထားသည်လည်း ရှိပါသည်။

ပြုစု ဂရုစိုက်ခြင်း

      ဓာတ်မြေဩဇာ အနေဖြင့် ဇီဝတီစူပါမှ တစ်ပါး အခြား ဓာတ်မြေဩဇာများ မသုံးသော ကွမ်းခြံများတွင် ထုံးမှုန့်ပင်လျှင် တစ်ခါတစ်ရံမှ သုံးသည်။ ရေကိုရေဖျန်းပုံးဖြင့် ဖျန်းပေးလေ့ရှိသည်။ ရေသွင်းခြင်း မရှိချေ။ မြေတင်ဘောင်လုံး ပြုလုပ်ပေးသည်။ တစ်ခါတစ်ရံ ရောဂါသတ်ဆေးများ ပက်ဖျန်းတတ်သည်။ ဤကဲ့သို့သော ကွမ်းခြံများသည် ကွမ်းခြံသက် (၃-၄) နှစ် ထားလေ့ရှိသည်။

      ဓာတ်မြေဩဇာ သုံးသော ခြံများတွင် ယူရီးယား (၁၅) ပတ်လည် ကွန်ပေါင်း ဓာတ်မြေဩဇာ သုံးလေ့ရှိသည်။ မျိုးညွန့်များကို စထရက်တိုမိုက်စင် (Streptomycin) လူထိုးဆေးများကို အရည်ဖျော်၍ ကွမ်းညွန့်များစိမ်၍ စိုက်တတ်သည်။ ရွက်ဖျန်းမြေဩဇာများကိုလည်း ပက်ဖျန်းတတ်သည်။ ရောဂါသတ်ဆေးများကို ပုံမှန်နီးပါး ပက်ဖျန်းပေးသည်။ ရောဂါအကျများသည့် သဘောရှိသည်။ နွေရာသီရောက်သည်နှင့် ကွမ်းခြံကို ဖျက်၍ နောက်နှစ်တွင် စိုက်ရန်တိုင်များတန်းများကို သိမ်းထားပြီး ကွမ်းခြံနေရာကိုကောက်ရိုးဖြန့်၍ မီးရှို့ပစ်လေ့ရှိသည်။ ဤသို့သော ခြံမျိုးသည် ကွမ်းခြံသက် တစ်နှစ်ပင် အထားမခံချေ။ အချိန်တိုတိုနှင့် ကွမ်းရွက်များများ ထုတ်ယူသည့် စနစ်မျိုးဖြစ်သည်။

      ကွမ်းစိုက်ဘောင်တွင် သစ်ရွက်များဖြန့် ဖုံးထားသော ဓလေ့ရှိတတ်သည်။ အချို့ကုက္ကိုရွက်ဖြင့် ဖုံးသည်။ အချို့တောဓညင်းရွက်ဖြင့် ဖုံးသည်။

ကျရောက်သောပိုးမွှားရောဂါများ

        ပိုးမွှားများ မကျသလောက် ဖြစ်သည်ဟုဆိုသည်။ ဓာတုဗေဒ ပိုးသတ်ဆးများ မသုံးကြချေ။ ဆေးရွက်ကြီး၊ ထုံးမှုန့်တို့ကိုသာ သုံးလေ့ရှိသည်။

       ရောဂါအနေဖြင့် ရိုးမဲဆစ်ပြုတ်ရောဂါ၊ ကြက်တူရွေးမျက်စေ့ရောဂါများ ကျတတ်သည်။ ခြံလုံးပြုတ်သည်အထိ ဖြစ်ခဲသည်ဟုဆိုသည်။ နေ့စဉ် စစ်ဆေးမှုများ ပြုလုပ်၍ အရိပ်အရောင်တွေ့ပါက နှုတ်ယူမီးရှို့ ဖျက်ဆီး ပစ်ကြခြင်းကြောင့် ဖြစ်သည်။

အချို့သော ခြံများ မှိုသတ်ဆေး အနည်းငယ် သုံးစွဲကြသည်။

ကွမ်းရွက်ခူးယူခြင်း

     ကွမ်းရွက်ခူးယူခြင်းမှာ အထက်မြန်မာပြည်ကဲ့သို့ (၁၅) ရက် တစ်ပတ်လည်း ခူးကြသည်။ ပဥ္စမမြောက်အရွက်ကို ခူးယူကြသည်။ မူလပင်မကြီးမှ အရွက်များကိုလည်း ခူးယူတတ်ကြသည်။

ကွမ်းခွေခြင်း

        ခြံသက် တစ်နှစ်သာ ထားသောခြံများသည် ကွမ်းခွေခြင်း လုပ်လေ့လုပ်ထ မရှိချေ။ အချို့သောခြံများနွေရာသီ ကွမ်းခြံဖျက်ချိန်တွင် မဖျက်ဘဲ ရေလောင်းမြေဩဇာကျွေး၍ မျိုးညွန့် ထုတ်လုပ်တတ်ကြသည်။

       ခြံသက် (၃-၄) နှစ်ထားသော ခြံများ ကွမ်းခွေခြင်း ပြုလုပ်ကြလေ့ ရှိသော်လည်း ကွမ်းပင်စည်ကို ကွမ်းတိုင်ခြေရင်းတွင်ခွေ၍ ချထားရုံသာ ချထားသည်။ မြေဖုံးခြင်းမရှိပေ။ အပင်ရှည်နေ၍ခွေချ ထားသည့် သဘော ဖြစ်သည်။

ကိုးကား-စိုက်ပျိုးရေး ဦးစီးဌာန

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Aung my

Aung my

လွန်ခဲ့သော ၄ နှစ် က

ဆိစွန်းရိုးမဲ မိူဘာဆေးသုံးရမလဲ

ko myo ko

ko myo ko

လွန်ခဲ့သော ၅ နှစ် က

စိုက်ထားတာ တစ်လပဲရှိသေးတာဗျ ဘာဆေးသုံးရင်အစင်ပြေလဲဗျာ

NyinechanLin

NyinechanLin

လွန်ခဲ့သော ၅ နှစ် က

hi

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

Aung Zaw Oo • ဖြေကြားချက် 2 ခု

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....