အစိမ်းရောင်လမ်း
သစ္စာပန်း စိုက်ပျိုးနည်း

သစ္စာပန်း စိုက်ပျိုးနည်း

အမျိုးအစား

ခေတ်မီစိုက်ပျိုးလျက်ရှိသည့် သစ္စာပန်းမှာ များသောအားဖြင့် စပ်မျိုး (Hybrid) များဖြစ်သည်။ ၇ လက်မမှ ၈ လက်မထိရှိသည်။ မြေတွင်း ပင်စည်ရှိအပင်များဖြစ်သည်။ အပင်မှာ ၄ ပေ ၅ ပေအထိမြင့်သည်။ အပွင့် အရောင်မှာ အရောင်ခွဲများရှိသည်။

မြန်မာအမည် - သစ္စာပန်း

အင်္ဂလိပ်အမည် - Gladiolus

ရုက္ခဗေဒအမည် - Gladiolus gam davensis

g.primulimus (Baker)

မျိုးကွဲပေါင်း ၂၀၀ ကျော်ရှိသည်။

မျိုးရင်း - IRIDA CEAE

မူရင်းဒေသ - တောင်အာဖရိက၊ အနောက်အာရှတိုက်၊ ဥရောပ

စိုက်ပျိုးဒေသ

သမအအေးပိုင်းတွင် အများဆုံးဖြစ်ထွန်းပေမယ့် အခြားပူအိုက်သော ဒေသများမှာလည်း စပ်မျိုးစိုက်သည်။

ရာသီဥတု

အေးမြသောရာသီဥတုကို ကြိုက်သည်။ တောင်တန်းဒေသများတွင် ပိုဖြစ်ထွန်းသည်။

စိုက်ပျိုးနည်း

သစ္စာပန်းဥများကို တစ်ဥနှင့်တစ်ဥ ၉ လက်မခြား၍ တြိဂံပုံ ခြားစိုက်ပါ။ တစ်တန်းနှင့် တစ်တန်း ၂ပေ x ၂ပေခွဲခြားပြီး စိုက်ပျိုးပါ။ သို့မှသာ ရေလောင်းရန်နှင့် မြေဆွရန်လွယ်ကူမည်။ အပင်များ မယိမ်းယိုင်စေရန် အပင်ခြေရင်းကို မြေဖို့ပေးပါ။

ယူရီးယား (ပုလဲ) မြေဩဇာကို သုံးဆွဲမှုများလျှင် အပွင့်အထားမခံခြင်း၊ ကြွေလွယ်ခြင်းတို့ ဖြစ်တတ်သည်။ ဂရုစိုက်ပြီး သုံးစွဲပါ။

မျိုးပွားနည်း

သစ္စာပန်းဥများကို တူးယူသောအခါ ဥအရွယ်အစား အမျိုးမျိုးရရှိပါမည်။ အကြီးဆုံးကိုသာ မျိုးအဖြစ်ထားပြီး သေးငယ်သောဥများကို သီးသန့်ရွေးထုတ်ထားရပါမည်။ တူးပြီးသည့်အခါ ဆယ်ရက်ခန့် နေလှန်းကာ အခွံခွာပြီးပြန်စိုက်ပါ။ သို့မှသာ အပင်ပေါက်မြန်ပြီး အပင်ပေါက်ကောင်းနိုင်မည်။ ပြန်စိုက်ပျိုးသည့်မျိုးဥများက နောက်ထပ် ၇ လကြာလျှင် စိုက်ပျိုးရန်သင့်သော မျိုးဥများပြန်ဖြစ်လာမည်။ နှစ်လခန့် အနားပေးပြီး ပန်းအဖြစ် ပြန်စိုက်ပျိုးနိုင်သည်။ အလွန်သေးငယ်သော ဥသေးများကိုလည်း ထပ်မံပြီး တစ်နှစ်ပြီးတစ်နှစ် ပန်းအတွက် စိုက်ပျိုးခြင်းဖြင့် မျိုးဥများ ပြန်လည်ရရှိနိုင်ပါသည်။ အနည်းဆုံး ၃ နှစ် ကြာသည်။

မျိုးအတွက် မျိုးပွားချိန်မှာ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ပျိုးထောင်ပါ။ အနက် ၃ လက်မအထိ စိုက်ပါသည်။

တစ်ဧကမျိုးနှုန်း

မျိုးဥကောင်းများကို ရွေးချယ်စိုက်ပျိုးမှသာ အပွင့်ကောင်း၊ အပင်ကောင်းများ ရရှိနိုင်မည်။ တစ်ဧကမျိုးဥနှုန်း တစ်သောင်းခန့် လိုသည်။

ရေသွင်းနည်း

မိုးခေါင် မိုးပြတ်လျှင် အပင်အခြေအနေကိုကြည့်ပြီး ရေလိုအပ်ပါက ရေသွင်းပေးနိုင်သည်။ ရေသွင်းသည့်အခါ နှံ့စပ်အောင်သွင်းပေးရန်လိုမည်။ သို့မှသာ အပင်ပေါက်ညီပြီး အပွင့်များလည်းလှပမည်။

ဆောင်းနှင့် နွေရာသီတို့တွင် မြေကြီးအစိုဓာတ် ထိန်းသိမ်းမှုပေါ်မူတည်ပြီး သုံးရက်လျှင်တစ်ကြိမ် ရေလောင်း ရေသွင်းပေးလျှင် လုံလောက်ပါသည်။ ခဲမြေမဟုတ်သောမြေနီနှင့် သဲနုန်းမြေများတွင် နှစ်ခါခန့် ရေသွင်းပေး ရမည်။

အပင်ပြုစုနည်း

စိုက်ပျိုးပြီး တစ်လခန့်အတွင်း အပင်စုံလျှင် မြေကို ခပ်နက်နက်ဆွပေးပါ။ အရွက်လေးရွက်ရှိလာချိန်တွင် တစ်ဖန် ထပ်ဆွပေးပါ။ တတိယအကြိမ်တွင် ၅-၆ ရွက် ထွက်လာသည့်အခါ ထပ်၍ဆွပေးပါ။ အရွက် ၇ ရွက် ထွက်လာသည့်အခါ အဖူးတံ တပါတည်းထွက်လာမှာဖြစ်လို့ မြေဆွပေးရန်မလိုတော့ပါ။ ရောဂါကျရောက်မှု နည်းပါးသည်။ တစ်ခါတစ်ရံ အရွက်ခြောက်ခြင်း၊ ပင်စည်ပုပ်ခြင်းတွေ့ရှိလျှင် နှုတ်ပစ်ပြီး မီးရှို့ပေးခြင်းဖြင့် ရောဂါပြန့်ပွားမှုကို ကာကွယ်နိုင်သည်။

ပန်းများဆွတ်ခူးခြင်း

အရွက်ခုနှစ်ရွက်ထွက်လာသည်နှင့် တစ်ပြိုင်နက် အဖူးတံပါ တစ်ပါတည်း ထွက်လာမည်။ အဖူးတံ၏ အောက်ဆုံး အဖူးပွင့်ဖတ်များမှ စ၍အရောင်သမ်းလာသည်နှင့် တစ်ပြိုင်နက် ပန်းများကိုမြေကြီးမှ ၄ လက်မ ခန့် ခွာပြီး ဖြတ် ခူးပါ။ သစ္စာပန်းများသည် ဥတစ်ဥမှ ပန်းခိုင်တစ်ခိုင်ရရှိနိုင်ပါသည်။ မြေကောင်းလျှင် ဥပမာ - ပြင်ဦးလွင် ၌ စိုက်သော ခဲမြေတွင် ပန်းခိုင် ၃ ခိုင်ထိရရှိနိုင်သည်။ ပန်းပွင့်ကောင်းများရရှိစေရန် ရေမှန်မှန်လောင်းပေးရန် အရေးကြီးသည်။

မျိုးထိန်းသိမ်းသိုလှောင်ခြင်း

သစ္စာပန်းဥသေးနှင့် ဥကြီးများကို ဖော်ပြပါအတိုင်းတူးဖော်ပြီးလျှင် ဥကြီးများကို လွှစာမှုန့် သို့မဟုတ် သဲထဲတွင် အဝတ်ပါးပါးဖြင့် ဖုံးအုပ်၍ အရိပ်ရှိသော နေရာများတွင် သိုလှောင်ထားရပါမည်။ တစ်နှစ်အထိထားပြီး စိုက်ပျိုးနိုင်သည်။ ပလတ်စတစ်အိတ်များနှင့် ပုံးများတွင် မထားသင့်ပါ။ အပူရှိန်ဖြင့် အညှောင့်များ ပျက်စီးနိုင်ပါသည်။

ကိုရဲ - စိုက်ပျိုးရေး

 

 

phyo theingi

phyo theingi

လွန်ခဲ့သော ၃ နှစ် က

ရန်ကုန်မှာစိုက်လို့ရလား

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၃ နှစ် က

သစ္စပန်းကိုphဘယ်လောက်မှာနှစ်သက်လဲ

zaw myo

zaw myo

လွန်ခဲ့သော ၃ နှစ် က

ပန်းဥမျိုးရပါတယ်

zaw myo

zaw myo

လွန်ခဲ့သော ၃ နှစ် က

တပြည်ကိုမျိုးဥဆို တစ်ထောင်နီးပါးပါတယ်

zaw myo

zaw myo

လွန်ခဲ့သော ၃ နှစ် က

မျိုးဥများရနိုင်သည်

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

Aung Zaw Oo • ဖြေကြားချက် 2 ခု

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....