စမုန်နက်
စမုန်ပင်သည် အအေးကြိုက်သော သီးနှံဖြစ်ပြီး၊ နှစ်ရှည်သီးနှံကို နှစ်ချင်းစိုက်ပျိုးပြီး စားသုံးနိုင်သည်။ အရွက်နှင့်ဥ (Bulb = swollen leaf base)တို့ကို စားရပြီး၊ အပင်အမြင့် ၂၄လက်မနှင့် အကျယ် ၁၂လက်မရှိသည်။ စမုန်နက်သည် မြေထဲပင်လယ်ဒေသမှ ဟင်းခတ်အမွှေးအကြိုင်ဖြစ်ပြီး အီတလီဟင်းလျာမျိုးအများစုတွင် အဓိကပါဝင်သည်။ စမုန်နက်ပင်၏ အရွက်ရော ရိုးတံကိုပါ စားသုံးရသည်။ အဓိကစားရသော အစိတ်အပိုင်းမှာ မြေကြီးတွင် ကပ်လျက်ဖြစ်ပေါ်သော အရွက်အရင်းဖြစ်သည်။ ထို အရွက်အရင်းသည် ဖြူဖပ်ဖြူရော် အရောင်ရှိပြီး ဖောင်းပွနေသည်။ ထိုအခြေအနေသို့ ရောက်ရှိစေရန် စိုက်ပျိုးပြီးနောက် ၇၅ ရက်မှ ရက် ၉၀ ခန့်ကြာသည်။
Fennel ဆိုသောနာမည်ဖြင့် နှစ်ရှည်ဟင်းခတ်အမွှေးကြိုင်ပင်( Herb)တစ်မျိုး (Foeniculum vulgaredulce) ရှိသည်။ ထိုမျိုးကို အရွက်နှင့် အစေ့တို့ကို သုံးစွဲရန် စိုက်ပျိုးကြသည်၊ ထိုအပင်သည် အလိုလို အစေ့များ ပြန့်ကျဲထွက်ပြီး ပူသောရာသီဥတုတွင် ပြောင်းပြန်ဖြစ်နိုင်သည်။ ဖလိုရင့်ဖဲနယ် (Florence Fennl)တွင် နွယ်ချို (Liquorice)အနံ့အနည်းငယ်ပါသည်။ ထိုအပင်၏ အရွက်နှင့် ဥတို့သည် အသားနှင့် ကြော်ရာ၌ဖြစ်စေ၊ ကင်ရာ၌ဖြစ်စေ၊ လက်သုပ်တွင် အစိမ်းအတိုင်းဖြစ်စေ စားသုံးရာ၌ အရသာ ရှိသည်။ ရေနွေးနှင့်ပေါင်းပြီး အရံဟင်း (Side dish)အဖြစ်လည်း သုံးနိုင်သည်။ သို့မဟုတ် ကန်စွန်းဥ၊ ကြက်သွန်နီတို့နှင့် ရောပြီး ညိုဖျော့ဖျော့အရောင်ရအောင် မီးကင်စားသုံးနိုင်သည်။
(၁) စိုက်ပျိုးခြင်း
နွေးသောဒေသတွင် နွေဦးပေါက်အလယ်မှစ၍ နွေကုန်သည်အထိ စိုက်ပျိုးပြီး၊ ဆောင်းဦးပေါက်တွင် ရိတ်သိမ်းနိုင်သည်။ အေးသောဒေသတွင် နောက်ဆုံးရေခဲသော အချိန်မရောက်မီ ၃ပတ်ခန့်ကြိုတင်၍ ပျိုးတောင်ပြီး ပြောင်းရွေ့စိုက်ပျိုးရသည်။
မြေကြီးကိ သဘာဝမြေဆွေး ၂-၃ လက်မအထူရှိအောင် ထည့်ပေးရသည်။ စမုန်နက်အပင်သည် (ခါကျက်ဥအပင်ကဲ့သို့) မြေကိုမြှင့်ထားသောအကွက် (Raised beds)တွင် ပိုမိုဖြစ်ထွန်းသည်။ အစေ့ကို မြေတွင် ၁/၄ လက်မခန့်မြှုပ်ရပြီး၊ တစ်နေရာနှင့် တစ်နေရာ ၄ လက်မခွာပြီး တစ်တန်းနှင့်တစ်တန်း ၁၈လက်မ ခွာရသည်။ အပင်ပေါက်များ ၃-၄ လက်မမြှင့်လာသောအခါ တစ်ပင်နှင့်တစ်ပင် ၈လက်မခြားပြီး ကျန်သောအပင်များကို နှုတ်ပစ်ရသည်။
စမုန်နက်အပင်သည် အေးခဲသော ဒဏ်ကို မခံနိုင်ချေ။ သို့ရာတွင် ပူသောရာသီတွင် စိုက်ပျိုးပါက အနှံ(ပွင့်တံ)ထွက်သည်။ အပင်သည် မြေဩဇာကြွယ်ဝသော မြေတွင် ပိုမိုဖြစ်ထွန်းသည်။ တစ်လလျှင် တစ်ကြိမ်နှုန်း မြေဩဇာအရည်ကိ အပင်များဘေးမှ ကျွေးပေးရသည်။ ပူသောရာသီတွင် အနှံမထွက်စေရန် မြေဆီလွှာကို အေးနေစေရသည်။ ပေါင်းမြက်ရှင်းလင်းပေးရသည်။ ကောက်ရိုး ၂-၄ လက်မထူအောင် မြေဆီလွှာကို ဖုံးအုပ်ပေးရသည်။ ဥ အရွယ်အချင်း ၂လက်မ ရှိသောအခါ ထိုဥကိုဖုံးမိအောင် ကောက်ရိုးသင်ပေးရသည်။ သို့မှသာ နေရောင်မရသဖြင့် ဥအရောင်မပြောင်းဘဲ ဖြူရော်ရော် ဖြစ်နေသည်။ ဥ၏ ထိပ်ပိုင်းကို မဖုံးမိစေရချေ။ ထွက်လာသမျှ ပွင့်တံများကို ဖြတ်တောက်ပစ်ရသည်။ သို့မှသာ ဥဖြစ်စေမည့် အင်အားမျာ ကုန်ခန်းမှု သက်သာမည်ဖြစ်သည်။
(၂) ရိတ်သိမ်းခြင်း
ဥအရွယ်အချင်း (၃)လက်မရှိသောအခါ ဥကို ဆွဲနုတ်ရသည်။ စမုန်နက်ပင်ကို ရေခဲသေတ္တာတွင် ထားပါက တစ်ပတ်ခန့်ခံသည်။
(၃) စမုန်နက်သည် ပိုးမွှားရောဂါ မကျရောက်ဟု ပြောနိုင်သည်။ ပျံလွှားငှက်မြီးပုံစံရှိသော လိပ်ပြာအနက်လောက်ကောင်သည် ရံဖန်ရံခါတွင် အရွက်ကို စားတတ်သည်။ ထိုလောက်ကောင်များကို လက်နှင့်ကောက်ယူ ဖယ်ရှားရသည်။
(၄) မျိုးများ
အိုရီယွန်(Orion)မျိုးသည် အသက်ရက် ၈၀ရှိပြီး၊ အခြားမျိုးဟောင်များထက် ပို၍ကြီးပြီး အသားထူသော ဥကို ရသည်။ ဇီဖာဖင်နို(Zefa Fino)မျိုးသည် အသက်ရက် ၇၅ ရှိပြီး၊ စောစီးစွာရက်မှည့်သည့် ပွင့်တံထွက်ခဲသော မျိူးဖြစ်သည်။ ပါဖက်ရှင် (Perfection)မျိုးသည် အသက်ရက် ၇၅ ရှိပြီး၊ ဥရောပမျိုးသစ် ဖြစ်သည်။ ဇီဖာဖင်နိုမျိုးထက် ကြီးပြီး အရွက်ညီညာသည်။
(၄) မြန်မာ့ဆေးကျမ်းအလို
စမုန်နက်စေ့သည် သည်းခြေနှင့်ယှဥ်၍ ဖြစ်သော အနာ၊ သလိပ်၊ ဝမ်းကိုက်သောအနာ၊ တစ်ကိုယ်လုံးအေးမြသောအနာ၊ အလွန်ပူသောအနာ၊ ဝမ်းလာသောအနာ၊ ရေငတ်သောအနာ၊ ငန်ဖမ်းသောအနာနှင့် လေကြောင့်ဖြစ်သောအနာတို့ကို နိုင်၏ ။ လေကိုထုတ်စေတတ်၏ ။ (ရှုတော်မူ)
စမုန်နက်သည်ကား သွေး၊ သည်းခြနှင့် ယှဥ်၍သော်လည်းကောင်း၊ လေသလိပ်၊ ဝမ်းနှင့် ကိုက်ခဲသောအနာကိုလည်းကောင်း၊ ပကာသရလေကိုလည်းကောင်း၊ တစ်ကိုယ်လုံးအေးမြသော်လည်းကောင်း၊ အလွန်ပူသော်လည်းကောင်း၊ ဝမ်းလားသော်လည်းကောင်း၊ ရေငတ်သော်လည်းကောင်း၊ ငန်နာတို့ကိုလည်းကောင်း ချမ်းသာစေတတ်၏။ (ဓာတုရသ)
ဒေါက်တာချစ် ရေးသားသော စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၂) စာအုပ်မှ ထုတ်နုတ် ဖော်ပြပါသည်။
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026