အစိမ်းရောင်လမ်း
ပြည်တွင်းပြင်ပစျေးကွက်ဝင် ငရုတ်ကောင်းပင် စိုက်ပျိုးကြမယ်ဆိုရင်..

ပြည်တွင်းပြင်ပစျေးကွက်ဝင် ငရုတ်ကောင်းပင် စိုက်ပျိုးကြမယ်ဆိုရင်..

    ငရုတ်ကောင်းပင်ကို စီးပွားဖြစ်စိုက်ပျိုးချင်သော်လည်း ဘယ်ကဘယ်လို စစိုက်ရမှန်းမသိသူတွေနဲ့ စိုက်ပျိုးနည်းစနစ်ဆိုင်ရာ ဗဟုသုတရရှိလိုသူတွေအတွက် ရည်ရွယ်ပြီး၊ မေးမြန်းစူးစမ်း တင်ပြလိုက်ပါတယ်။ 

ငရုတ်ကောင်းစိုက်ပျိုးတော့မယ်ဆိုရင် ပင်ကြားတန်းကြားအကွာအဝေး ဘယ်လောက်ထားရမလဲ?

    ပင်ကြားတန်းကြားကို ၈×၆ ပေ (သို့မဟုတ်) ၇×၇ (သို့မဟုတ်) ၈×၈ ပေ စသဖြင့် အလျဉ်းသင့်သလို ထားနိုင်ပါတယ်။ ၈×၆ ပေ ထားပြီး စိုက်ပျိုးမယ်ဆိုရင် တိုင်အရေအတွက် ၉၀၈ တိုင်၊ ၇×၇ ပေ ဆိုရင် တိုင်အရေအတွက် ၈၉၀ တိုင်၊ ၈×၈ ပေ အကွာအဝေးနဲ့ စိုက်ပျိုးရင်တော့ ၆၈၀ တိုင် စိုက်ပျိုးနိုင်မှာပါ။

ငရုတ်ကောင်းကို သီးညှပ်စိုက်ပျိုးလို့ ရသလား? 

    ငရုတ်ကောင်းပင်ကို အုန်း၊ ကွမ်းသီး၊ သရက်၊ ဒူးရင်း၊ သီဟိုဠ်၊ သရက်၊ တခြား စီးပွားဖြစ်သစ်မာစိုက်ခင်းတွေနဲ့ သီးထွက်ရရှိနေတဲ့ နှစ်ရှည်ပင်စိုက်ခင်းတွေမှာ သီးညှပ်စိုက်ပျိုးနိုင်ပါတယ်။ သီးညှပ်စိုက်ပျိုးမယ်ဆိုရင် စနစ် (၂) မျိုး နဲ့ စိုက်ပျိုးနိုင်ပါတယ်။

    နှစ်ရှည်ပင်ကို တွယ်တိုင်အဖြစ်စိုက်ပျိုးခြင်း- အပင်ခြေမှာ နှစ်ရှည်ပင်ရဲ့ အမြစ်ကို မထိခိုက်စေပဲ၊ (၁)ပေမှ (၂)ပေ အကွာအဝေးမှ စိုက်ကျင်းတူး စိုက်ပျိုးရတာပါ။ ကွမ်းသီးပင်၊ အုန်းပင်၊ စီးပွားဖြစ် သစ်မာစိုက်ခင်းတွေလို ၈×၈ ပေ အထက် ပင်ကြားတန်းကြားစိပ်တဲ့ နှစ်ရှည်ပင်မျိုးတွေမှာတော့ ဒီနည်းစနစ်နဲ့ သီးညှပ်စိုက်ပျိုးတာက အကောင်းဆုံးဖြစ်ပါတယ်။

    နှစ်ရှည်ပင် စိုက်တန်းကြားစိုက်ပျိုးခြင်း- ၃၀×၃၀ ပေ စိုက်ပျိုးထားတဲ့ နှစ်ရှည်ပင်တွေမှာတော့ ငရုတ်ကောင်း စိုက်တန်း(၂) တန်းကို ပင်ကြား(၁၀)ပေ အကွာ၊ ဖိုခုံနောက်ဆိုင် စိုက်ပျိုးသင့်ပါတယ်။ ၂၄×၂၄ ပေ အကွာအဝေး စိုက်ပျိုးထားတယ်ဆိုရင်တော့ နှစ်ရှည်ပင် ၂ တန်းကြား (၈) ပေစီ အကွာမှာ ငရုတ်ကောင်းစိုက်တန်း (၂) တန်းကို ပင်ကြား(၈)ပေ အကွားအဝေးနဲ့ ဖိုခုံနောက်ဆိုင် စိုက်ပျိုးသင့်ပါတယ်။

    မစိုက်ခင် ပြင်ဆင်ပုံလေးကတော့ - အပင် အောင်မြင်ကြီးထွားလာစေဖို့ စိုက်ကျင်းပြင်ဆင်မှုက အရေးကြီးပါတယ်။ စိုက်ကျင်းကို အကျယ် အနက် ၂×၂×၂ ပေ ပတ်လည် ရှိရပါမယ်။ စိုက်ကျင်းအနီးအနားမှာ ငရုတ်ကောင်းပင် တွယ်တက်ဖို့နဲ့ အမြစ်ကုပ်တွယ်နိုင်ဖို့ အတွက် အသက်ရှင်လျက်ရှိတဲ့ သစ်ပင်ကြီးတွေ၊ တွယ်ပင်၊ တွယ်တိုင်တွေကို စိုက်တန်း အကွာအဝေးအလိုက် စိုက်ပျိုးပါ။ တောင်စောင်းမှာ စိုက်ပျိုးလိုတဲ့အခါ သတ်မှတ်ထားတဲ့ စိုက်ကျင်းနေရာကနေ အချင်း(၃)ပေ ရှိတဲ့ မြေပြန့်ငယ်တွေဖော်ပြီး စိုက်ကျင်းတူး စိုက်ပျိုးနိုင်ပါတယ်။ ကျင်းစာကို မြေသားအပေါ်ယံလွှာ၊ မြေကျက်မြေ၊ နွားချေးအဆွေး၊ သစ်ဆွေးမြေနဲ့ ထရိုင်ဂိုဒါးမားအနည်းငယ်စီ ရောစပ်ပြီး မစိုက်ခင်တစ်လလောက် နှပ်ပေးထားပါ။

ဘယ်ရာသီမှာ စတင်စိုက်ပျိုးသင့်သလဲ?

    ငရုတ်ကောင်းပင်ကို ပုံမှန်အားဖြင့် မိုးဦးကျကာလ ဇူလိုင်လကနေ သြဂုတ်လ အတွင်းမှာ စိုက်ပျိုးပါတယ်။ အခု နောက်ပိုင်းမှာ စိုက်ပျိုးရေးစနစ် ထွန်းကားလာတော့ ရေနဲ့ အရိပ်ပေးနိုင်တယ်ဆိုရင် မိုးအရမ်းများတဲ့ ကာလကလွဲပြီး၊ နှစ်ပတ်လည် စိုက်ပျိုးလာကြပါပြီ။ ငရုတ်ကောင်းပျိုးပင် တစ်နှစ်သားအရွယ် (စီလွန် ငရုတ်ကောင်းမျိုး ဆိုရင်) စစိုက်ပြီး တစ်နှစ်အကြာမှာ အသီးသီးပါတယ်။

စတင်စိုက်ပျိုးချိန်မှာ သတိပြုရမယ့်အချက်လေးတွေ 

    နေအပူရှိန်ကြောင့် အပင်ခြောက်သွေ့မသွားစေဖို့ အရိပ်ကာပေးပါ။ ညနေပိုင်း ကျနေကို သတိထားပေးပါ။ ငရုတ်ကောင်းပင် အစို့သစ်ရှည်လာချိန်မှာ တွယ်တိုင်နဲ့ကပ်အောင် သေချာဂရုတစိုက် ချည်ပေးပါ။ တွယ်တိုင်ကနေ လန်မကျစေဖို့ လိုအပ်ပါတယ်။ 

နန်းထက်ထက်ချစ်(ABM)

သိလိုသမျှ မေးမြန်းသမျှကို ဖြေဆိုပေးခဲ့တဲ့ ငရုတ်ကောင်းသီးနှံ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နေသူ ဦးအောင်ဆန်းဦး (KKO pepper) ကို ကျေးဇူးတင်ပါတယ်။

 

sai on

sai on

လွန်ခဲ့သော ၃ နှစ် က

ပျိုးပင်ဘယ်မှာရနိုင်လဲ

ko tin tun

ko tin tun

လွန်ခဲ့သော ၅ နှစ် က

စျေးဘယ်လိုရှိ့လဲ

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

Aung Zaw Oo • ဖြေကြားချက် 2 ခု

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....