အစိမ်းရောင်လမ်း
ငရုတ်ကောင်းပင် ပြုစုထိန်းသိမ်းနည်း(၄)မျိုး

ငရုတ်ကောင်းပင် ပြုစုထိန်းသိမ်းနည်း(၄)မျိုး

(၁) အပင်ခြေ မြေဖို့ပေးခြင်း

(၂) မြေအစိုဓာတ်ထိန်းခြင်း

(၃) အလင်းနှင့်အရိပ် ပြုပြင်ပေးခြင်း

(၄) ခေါင်ညွှန့် တီနွယ်၊ မြေလျှောက်နွယ် ဖြတ်ပေးခြင်း စတဲ့ ငရုတ်ကောင်းပင် ပြုစုထိန်းသိမ်းနည်းလေးတွေကို အနည်းငယ် တင်ပြလိုပါတယ်။

အပင်ခြေ မြေဖို့ပေးတာကို ဘယ်လိုစလုပ်ရမလဲ?

မိုးရေတိုက်စားခြင်းနဲ့ မြေဆီမြေသြဇာ လျော့သွားခြင်းတွေကြောင့် အပင်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ မိုးမကျမီ ငရုတ်ကောင်းပင်ခြေကို (အရပ်ခေါ် ဂေါ်လီဝိုင်း) ၁ပေပတ်လည်မှ မြေသားဖြင့် ပင်ခြေကို (၆) လက်မ မှ (၈) လက်မ မြင့်တဲ့အထိ မြေဖို့ပေးရပါမယ်။ ဒီလို လုပ်ပေးမယ်ဆိုရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ အပင်ခြေ ရေမတိုက်စားနိုင်ခြင်း၊ မြေဖုံးပေးခြင်းကြောင့် မြေဖုံးထားတဲ့ ငရုတ်ကောင်းပင်အဆစ်တွေမှ မူခြားမြစ် အားကောင်းလာပြီး အပင်အတွက် အထောက်အကူရရှိခြင်း စတဲ့ အကျိုးတွေရရှိစေပါတယ်။ 

ပင်ခြေမြေဖို့လို့ ဖြစ်ပေါ်လာတဲ့ အပင်ပတ်လည်ကို ရေဝပ်ကျင်းတွေ မဖြစ်အောင် အထူးဂရုပြုပါ။ ငရုတ်ကောင်းပင်ဟာ ရေဝပ်မခံပါဘူး။ ဒါ့အပြင် မြေဖုံးပြီးပါက သစ်ဆွေးမြေသြဇာ၊ သဘာဝမြေသြဇာ၊ နွားချေး၊ ကြက်ချေးဆွေးတို့ကို ထရိုင်းဂိုဒါမားနဲ့ အချိုးကျ ရောစပ်ပြီး ကျွေးပေးသင့်ပါတယ်။

ဟု ငရုတ်ကောင်း စီးပွားဖြစ်စိုက်ပျိုးနေသူ ဦးအောင်ဆန်းဦး (KKO pepper) က သူ့ရဲ့အတွေ့အကြုံကို ရှင်းပြပါတယ်။

မြေအစိုဓာတ် ထိန်းမယ်ဆိုရင်...

မိုးမကုန်မီ စက်တင်ဘာလဝန်းကျင်မှာ မြေအစိုဓာတ် ထိန်းသိမ်းစေဖို့ လုပ်ဆောင်သင့်ပါတယ်။ အပင်ပတ်လည်က ပေါင်းမြက်တွေကို ရှင်းလင်းပေးပါ။ ရရှိလာတဲ့ ပေါင်းမြက်တွေကို အပင်ခြေရင်းကို ဖုံးအုပ်ပေးပါ။ ဖုံးအုပ်ရင်လည်း အရမ်းမထူအောင် ဂရုစိုက်ပေးသင့်ပါတယ်။ (၄) လက်မ ထက် မပိုအောင် ဖုံးအုပ်ပေးသင့်ပါတယ်။ မှိုရောဂါဆေးကို မကြာခဏ ဖျန်းပေးပါ။ မြေသြဇာထည့်ချင်ရင်တော့ ဖုံးအုပ်ထားတဲ့ မြက်ခြောက်နဲ့ ပေါင်းမြက်တွေကို ခဏဖယ်ရှားပြီး မြေသြဇာထည့်ပြီး ပြန်လည်ဖုံးအုပ်ပေးရပါမယ်။ မိုးရွာသွင်းမှု မရှိချိန်မှာ မြေသြဇာထည့်လိုပါက မြက်ခြောက်ဖုံးပြီးနောက် မြက်ခြောက်ပေါ်ကနေ ရေလောင်းပေးသင့်ပါတယ်။

အလင်းနှင့် အရိပ်ပြုပြင်ပေးပုံ

ငရုတ်ကောင်းပင် ကြီးထွားဖွံ့ဖြိုးစေဖို့အတွက်ဆိုရင် သင့်တော်တဲ့အလင်းရောင်နဲ့ အရိပ်တို့ကို လိုအပ်ချက်ပမာဏအတိုင်း အမြဲပြုပြင်ပေးသင့်ပါတယ်။ နွေရာသီမှာ စိုက်ခင်းမြေအေးမြစေရေးနဲ့ မြေသားအစိုဓာတ် ထိန်းသိမ်းရေးအပြင် အပင်ကို တိုက်ရိုက်နေရောင်ခြည်ထိတွေ့ပြီး အရွက်တွေ ခြောက်သွေ့သွားတာမျိုး မရှိစေဖို့ ကာကွယ်ပေးသင့်ပါတယ်။ အရိပ်ကို (၅၀) ရာခိုင်နှုန်း ပြုလုပ်ပေးသင့်ပါတယ်။

အသီးအပွင့်တင်တဲ့အချိန် မိုးရာသီနဲ့ ဆောင်းရာသီတွေမှာ အသီးအပွင့် ကောင်းမွန်လာစေဖို့နဲ့ အလင်းရောင်ရရှိစေဖို့ ''လိုအပ်သလို အလင်းဖွင့်ပေးသင့်ပါတယ်'' လို့ စိုက်ပျိုးရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ခေါင်ညွှန့် တီနွယ် မြေလျှောက်နွယ် ဖြတ်ပေးမယ်...

ငရုတ်ကောင်းပင် အပင်ကြီးထွားနေချိန်မှာ ခေါင်ညွန့် နှိမ်ပေးမယ်ဆိုရင် အပင်ထိပ်ပိုင်းက အဆစ်တွေကနေ စလင်းကိုင်းအသစ်တွေ ထွက်လာပါလိမ့်မယ်။ ငရုတ်ကောင်းနွယ်တွေ တွယ်တိုင်ရဲ့ထိပ်ပိုင်းကို ရောက်လာတဲ့အခါမှာနဲ့ နှစ်ရှည်ပင်ကို တွယ်တိုင်အဖြစ် အသုံးပြုတဲ့အခါတွေမှာ ငရုတ်ကောင်းပင် အမြင့် (၁၂) ပေခန့် အနေအထားကသာ အကောင်းဆုံး အနေအထား ဖြစ်ပါတယ်။ ဥပမာ တွယ်တိုင်ဟာ အမြင့် (၁၂) ပေ သို့မဟုတ် (၁၀) ပေရှိပါတယ်။ ၎င်းတွယ်တိုင်ထက် ငရုတ်ကောင်းပင် ပိုမြင့်သွားမယ်ဆိုရင် ကျော်လွန်သွားတဲ့ အညွန့်အားလုံးကို နှစ်စဉ် ဖြတ်ပေးသင့်ပါတယ်။ ထိပ်ညွန့်ကိုဖြတ်ပေးရင်းနဲ့ ဘေးညွန့်တွေ ထွက်ရှိလာစေဖို့ မွေးမြူပေးရပါမယ်။

ထွက်လာတဲ့ ဘေးညွန့်တွေ အောက်ဘက်ကို ဖြာဆင်းလာပြီး အသီးကောင်းစွာ သီးပွင့်စေမှာပဲ ဖြစ်ပါတယ်။ ငရုတ်ကောင်းပင် အပင်အုံ အရွယ်ကြီးမားလာတဲ့အခါ နွယ်ရင့်တွေကို ဖြတ်တောက်ပေးခြင်းဖြင့် ငရုတ်ကောင်းရုံပါးလာပြီး သီးအားပိုလာစေမှာပါ။ အပင်ထိပ်ပိုင်းကနေ ပြန်ပြီးကျလာတဲ့ နွယ်ကို ''တီနွယ်'' လို့ခေါ်ပါတယ်။ အဲ့ဒီနွယ်ကိုဖြတ်ထွက်ပြီး မျိုးပွားလို့ရပါတယ်။ အပင်ခြေရင်းက ထွက်ပေါ်လာတဲ့ နွယ်၊ ''မြေလျှောက်နွယ်''ကိုတော့ ဖြတ်ကို ဖြတ်တောက်ပေးသင့်ပါတယ်။ အဲ့ဒီနွယ်ကတော့ ငရုတ်ကောင်းပင်အတွက် ရောဂါကို ဖိတ်ခေါ်ပေးသလို ဖြစ်နေတာကြောင့်ပါ။

ဟု ဦးအောင်ဆန်းဦးက ဆက်လက်ပြောသည်။

နန်းထက်ထက်ချစ်(ABM)

UTH

UTH

လွန်ခဲ့သော ၄ နှစ် က

thank

ဥိးရဲ

ဥိးရဲ

လွန်ခဲ့သော ၅ နှစ် က

အစေ့ကစစိုက်ပုံနည်းလမ်း(သို့)အပင်ကစစိုက်ပုံနည်းလမ်းသင်ကြားပေးပါခင်ဗျာ

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

Aung Zaw Oo • ဖြေကြားချက် 2 ခု

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....