ငွေနှင်းမှိုစိုက်ဖို့ ဘယ်က 'စ' ရမလဲ (၁)
ငွေနှင်းမှိုစိုက်ဖို့ လိုအပ်ချက်တွေက ရိုးရှင်းပါတယ်။ ရိုးရှင်းတဲ့အပြင် ကုန်ကျစရိတ် သိပ်မများတဲ့ ပစ္စည်းတွေနဲ့ လုပ်နိုင်ပါတယ်။ ထွက်လာမယ့် မှိုကလည်း အာဟာရတန်ဖိုးမြင့်ပါတယ်။
လူတိုင်းနီးပါး စိုက်ပျိုးနိုင်ပြီး လက်တကမ်းမှာရနိုင်တဲ့ အစားအစာအရင်းအမြစ်တစ်ခုလည်း ဖြစ်နေပြန်ပါတယ်။
ချဲ့ရင်ချဲ့သလို နည်းပညာတွေသုံးနိုင်ပြီး ကျုံ့ရင်ကျုံ့သလို ကုန်ကျစရိတ် အနည်းဆုံးနဲ့ စိုက်လို့ရနေတာကလည်း ငွေနှင်းမှိုရဲ့ စိတ်ဝင်စားစရာအချက်ပါပဲ။
စိုက်ဖို့ တွေးနေပြီဆိုရင်တော့ ငွေနှင်းမှို စ စိုက်ဖို့ ကျွန်မတို့ ဒါလေးတွေ အတူလေ့လာကြည့်ရအောင်နော်။
အစိမ်းရောင်လမ်းက မိတ်ဆွေတို့ စစိုက်မယ်လို့ တွေးတာနဲ့ သိချင်လာမယ့် မေးခွန်းတွေကို စာရေးသူရဲ့ ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်တဲ့ ၁ နှစ်တာ အတွေ့အကြုံပေါ် မူတည်ပြီး ဆွေးနွေးချင်ပါတယ်။
မှိုစိုက်တယ်လို့ပြောကြပေမယ့် တကယ်တော့ မှိုက မွေးရတာပဲဖြစ်ပါတယ်။
ငွေနှင်းမှိုကို ကုန်ကျစရိတ်အနည်းဆုံးနဲ့ စိုက်ပျိုးဖို့ဆို ဂရုစိုက်မှုက အလိုအပ်ဆုံးပါပဲ။
(ကုန်ကျစရိတ်တတ်နိုင်တယ်ဆိုရင်တော့ ခေတ်မီနည်းပညာတွေနဲ့ ဂရုစိုက်မှုသိပ်မလိုပဲ ပြုလုပ်နိုင်ပါတယ်။)
ဒီဆောင်းပါးကတော့ မှိုစိုက်တောင်သူ၊ မှိုစိုက်ထုပ်ပြုလုပ်သူ တစ်ယောက်အနေနဲ့ ကုန်ကျစရိတ်သက်သက်သာသာနဲ့ စိုက်ပျိုးရာမှာ ကြုံတွေ့ရတာတွေကို ပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။
ကိုယ်တွေ့ အတွေ့အကြုံတွေနဲ့ အမေးများတဲ့ မေးခွန်းတွေကို စုစည်းဖော်ပြလိုက်ရပါတယ်။
၁) စိုက်ထုပ်တွေက အိမ်ရောက်လာရင် ဘာလုပ်ပေးဖို့လိုသလဲ။
၂) ကော်လံ ဖြုတ်ရမှာလား၊ ဓားခွဲရမှာလား။
၃) မှိုထုပ်ထဲ ရေလောင်းလို့ရသလား။
၄) မှို ဘယ်လိုခူးရမှာလဲ။
၅) တစ်ခိုင်ထပ်ထွက်ဖို့ ဘယ်လောက်စောင့်ရမလဲ။
စတဲ့ မေးခွန်းတွေအပေါ် စိုက်ဖူးသူ တစ်ယောက်အနေနဲ့ ဆွေးနွေးသွားမယ်ရှင့်။

၁) စိုက်ထုပ်တွေက အိမ်ရောက်လာရင် ဘာလုပ်ပေးဖို့လိုသလဲ။
မှိုတွေဟာ သဘာဝအားဖြင့် မြေကြီးထဲမှာနေတဲ့ အရာတွေမို့ လှုပ်တာ နေပူတာတွေကို မကြိုက်ကြပါဘူး။
ကျွန်မတို့ ခရီးဝေးကားစီးလာရတဲ့အခါ ပင်ပန်းသလို သူတို့လည်း အနည်းငယ်တော့ ပင်ပန်းကြတာမို့ သက်တောင့်သက်သာနားစရာလေး ကြိုတင်ဖန်တီးထားပါ။
အိတ်တွေထဲကနေထုတ်ပြီး အေးတဲ့နေရာမှာ ထားရင်ရပါပြီ။
ရေတန်းလောင်းစရာလည်း မလိုသေးပါဘူး။
နောက်ရက်မှ ကိုယ်ထားမယ့်နေရာကို သေချာသန့်ရှင်းပြီး ထားနိုင်ပါတယ်။
စင်ပေါ်တင်တဲ့အခါလည်း ညင်ညင်သာာသာပဲ ပြုလုပ်ပါ။
စိုက်ထုပ်က အဖြူရောင်တွေဖြစ်ပါတယ်။
ဝါဖန့်ဖန့်အရောင်တွေမြင်ရရင်တော့ ဒါဟာ အပူလောင်တဲ့ လက္ခဏာလို့ သိနိုင်ပါတယ်။
ဒီလို လက္ခဏာတွေမြင်ရရင် မှိုထွက်ဖို့ကိုတော့ ပုံမှန်ရက်ထက် အနည်းငယ်ပိုစောင့်ရပါလိမ့်မယ်နော့် ။
နေ့စဉ် ရေမှန်မှန်လောင်းတာမျိုး၊ မှိုကြိုက်တဲ့ အနေအထားတွေ ပုံမှန်လုပ်ပေးလိုက်ရင် ပြန်ဖြူလာကြပါလိမ့်မယ်ရှင်။
၂) ကော်လံ ဖြုတ်ရမှာလား၊ ဓားခွဲရမှာလား။
ဒါကတော့ စိတ်ကြိုက်ပါ။ သဘောတရားကတော့ မှိုက လေရှူလို့ရတဲ့နေရာကို တိုးထွက်လာမှာဖြစ်ပါတယ်။ စက္ကူက လေဝင်နိုင်တာဖြစ်လို့ စက္ကူအုပ်ထားတာကို မချွတ်လည်းရပါတယ်။ မှိုက တိုးထွက်လာမှာဖြစ်ပါတယ်။ စက္ကူစအုပ်ထားတာမို့ အခြားမလိုလားအပ်တဲ့ ပိုးဝင်ရောက်ခြင်းကို သက်သာစေပါတယ်။
ဒီနေရာမှာ သတိပြုရမှာကတော့
ဓားခွဲ ဒါမှမဟုတ် ကော်လံ ချွတ်ပြီဆို ရေလောင်းတဲ့အခါ ရေမှုန်ရေမွှားသာပေးပါ။ အကြောင်းကရော စိုက်ထုပ်ထဲကိုရေတွေဝင်တာများတဲ့အခါ စိုက်ထုတ်ထဲက ဖြည့်စွက်စာတွေက အချဉ်ပေါက်ပြီး ပိုးတွေလာစေတတ်လို့ပဲဖြစ်ပါတယ်။
သူ့နည်းနဲ့သူ အားသာချက် အားနည်းချက်တွေရှိကြပါတယ်။
ထိပ်ဖွင့်စိုက်မယ်ဆိုရင်တော့ ရေလောင်းနည်းစနစ်က ရေမှုန်ရေမွှားဖြစ်ရမှာပါ။ ရုံသန့်ရှင်းရေးအတွက် စိုက်ခန်းအတွင်းအပြင် သန့်ရှင်းရေးကိုတော့ မစိုက်ခင်ကတည်းက စီစဉ်ရမှာဖြစ်ပါတယ်။
ကော်လံမချွတ်ဘဲစိုက်မယ်ဆိုရင်တော့ ရေကို ရေမှုတ်၊ ရေခွက်တို့နဲ့ လောင်းနိုင်ပါတယ်။
ဖြေးဖြေးနဲ့မှန်မှန်ပဲ မှိုက တစ်နေရာတည်းက ထွက်ပြီး အပွင့်ချောချောလှလှရရှိနိုင်ပါတယ်။ အားနည်းချက်ကတော့ အချိန်ယူတဲ့ စိုက်နည်းဖြစ်တာကြောင့် ရေတိုမှာ စိတ်ရှည်ဖို့လိုအပ်မှာဖြစ်ပါတယ်။ အထွက်နှုန်းအတွက် စိုက်ထုတ်အရေအတွက် စီမံခန့်ခွဲတာ၊ ဘယ်အချိန်ထပ်ယူမယ် စသည်ဖြင့် ကြိုတင်ပြင်ဆင်ဖို့တော့ လိုလာပါလိမ့်မယ်။ ဒီလိုနည်းနဲ့စိုက်မယ်ဆို စိုက်ထုပ်တွေက အနည်းဆုံး ၆ လကျော်တဲ့ အထိ မှိုပွင့်ယူနိုင်မှာဖြစ်ပါတယ်။
ဒါကတော့ အပိုဝင်ငွေရဖို့ စိူက်ပျိုးကြသူတွေအတွက်ပါရှင်။ ရေတိုနည်းနဲ့ ရေရှည်နည်း ဆိုပါတော့ ။
ကိုယ့်ဒေသရဲ့ အပူချိန် အပေါ် မူတည်ပြီး အဆင်ပြေဆုံးဖြစ်မယ့်နည်းကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
ပူအိုက်စွတ်စိုဒေသတွေမှာတော့ ရေမှုန်ပေးမယ်ဆို အကြိမ်ရေမကြာခဏလိုအပ်တာကိုလည်း သတိတရနဲ့ ကြိုတင်ပြင်ဆင်ရပါမယ်။
ပူအိုက်စွတ်စိုဒေသတွေမှာ ပိုးတွေ ဇီဝမျိုးစိတ်တွေ ပေါတာမို့ ရေတိုက်ရိုက်လောင်းမယ်ဆို အေးမြနေတဲ့နေရာမို့ အခြားသက်ရှိတွေလည်း ကြိုက်တယ်ဆိုတာကို သတိပြုရဦးမှာဖြစ်ပါတယ်။
ရေချိုးခန်း၊ မီးဖိုခန်း ၊ အိမ်ရဲ့ တစ်နေရာရာမှာ အနည်းငယ်စိုက်ကြသူတွေအတွက်ကိုတော့ နောက်အပိုင်းမှာ ပြောပြပေးသွားပါဦးမယ် ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ko phyo
လွန်ခဲ့သော ၁ လ ကpdf file လေး ရချင်လို့ပါ
ကိုရှိုင်း
လွန်ခဲ့သော ၁ နှစ် ကမှိုထုတ်တစ်ထုတ်ကဘယ်လောက်ငျသင့်ပ့လဲခင်မျ
UZawwin
လွန်ခဲ့သော ၁ နှစ် ကပျော်ဘွယ်ရမည်းသင်းဘက်မှာဝယ်လို့ရပါတယ်။ကိုတိုင်စိုက်ထုပ်လုပ်မယ်တိုရင်တော့နည်းပညာတွေအများကြီးလိုပါလိမ့်မယ်။
စနေပိုင်ပိုင်
လွန်ခဲ့သော ၂ နှစ် ကပိုးမွှားအကြောင်းနဲ့ ကာကွယ်နည်း ဖြန်းဆေးအကြောင်း ဆောင်းပါရေးပေးပါဦးခင်ဗျ
ဝင်းမင်းထွန်း
လွန်ခဲ့သော ၂ နှစ် ကပြောပြပါလား
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from သိမ့်ဇာ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....