ကမ္ဘာကလေးစားအတုယူရမယ့် ထိုင်းနိုင်ငံက ဖူလုံလုံလောက်တဲ့ အမီအခိုကင်းကျေးရွာ
ကျွန်မက ထိုင်းနိုင်ငံ မြောက်ပိုင်းက ရွာလေးတစ်ရွာမှာ နေပါတယ်။ ဒီမှာတော့ ငွေကြေးမပါတဲ့ ရောင်းဝယ်ဖောက်ကားမှုတွေအများဆုံးလုပ်ကြပါတယ်၊ အစားအစာတွေကို ကိုယ်တိုင်စိုက်ပျိုးတယ်၊ နေ့စဉ် လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို မျှဝေခွဲယူကြတယ်၊ အပြန်အလှန် လုပ်အားပေးတဲ့ ပုံစံနဲ့ အလုပ်လုပ်ကြတယ်၊ ကိုယ်တိုင် ရေရှည်ရပ်တည်နိုင်မယ့် ရိုးရှင်းတဲ့ ဘဝပုံစံကို ပုံဖော်ပြီး နေထိုင်ကြပါတယ်။
ဒီရွာလေးက 500 ဟက်တာ ၊ (၁၂၃၅ ဧက) လောက် ကျယ်ပါတယ်။ ရွာသူရွာသားတွေက ဟင်းသီးဟင်းရွက်၊ သစ်သီး ဝလံမျိုးစုံကို လတ်လတ်ဆတ်ဆတ်ရအောင် တစ်နှစ်ပတ်လုံး သူ့ရာသီနဲ့သူစိုက်ပျိုးကြပါတယ်။တစ်ချို့ စပါးစိုက်တယ်၊ တစ်ချို့က ရာသီပေါ် သီးနှံတွေ စိုက်ကြပါတယ်။
မိသားစုတစ်စုက ဟင်းနုနွယ်စိုက်တယ်ဆိုရင် အိမ်နားနီးချင်း မိသားစုတွေက ခရမ်း၊ ကြက်သွန် ၊ ဂေါ်ဖီထုပ်၊ အခြားအိမ်တွေက အာလူး၊ ငှက်ပျော၊ သခွား၊ ပဲ ဒီလိုစိုက်ကြတာပါ။
ကျွန်မတို့ရဲ့ တစ်နှစ်ပတ်လုံးစာ ဆန် လိုအပ်ချက်ကို ဖြည့်ဖို့ ရွာရဲ့ လယ်ကွင်းတွေမှာ စပါးစိုက်ထားကြပါတယ်။ အလုပ်ချိန်ရောက်ပြီဆိုတာနဲ့ တာဝန်တွေကို ခွဲဝေ လုပ်ကြတယ်၊ တစ်ချို့က အပင်စိုက်နေချိန်၊ တစ်ချို့က အပင်ပြုစုတာ ၊ တစ်ချို့က ရိတ်သိမ်းတာ လုပ်ကြတယ်။
မိသားစုတိုင်း၊ အိမ်ထောင်စုတိုင်းက သူတို့ လိုအပ်တာထက်ပိုမယူကြတာမို့ ရွာမှာ ဆန် ဆီ စားသောက်ကုန်တွေက ရွာကလူတိုင်းအတွက် အမြဲလုံလုံလောက်လောက်ဖြစ်ပါတယ်။
ရွာရဲ့ ဒေသထုတ်ကုန်ဆိုင်လေးမှာ ကျွန်မတို့ လိုအပ်တဲ့ မရှိမဖြစ် ကုန်ပစ္စည်းတစ်ချို့ကို စိတ်ချယုံကြည်ရတဲ့ ဖောက်သည်တွေ ဆီကနေ ထုတ်လုပ်မှု ကုန်ကျစရိတ်အတိုင်းရပါတယ်။ အပ်ချုပ်ဆိုင်ဆိုလည်း ရွာက ကူညီ လုပ်ကိုင်သူတွေနဲ့ပဲ ရွာကလူတွေ လိုအပ်တာကို ချုပ်လုပ်ပေးကြတာပါ။
ရွာကထွက်တဲ့ အမှိုက်တွေကို စနစ်တကျစီစဉ်ဖို့ နေရာတစ်ခုလည်းဆောက်ထားတယ်။ အဲ့နေရာမှာ အမှိုက်တွေကို အမျိုးအစားခွဲခြားပြီး စွန့်ပစ်ကြတယ်။ စားကြွင်းစားကျန်အမှိုက်တွေကို မြေဆွေးလုပ်ပြီး ဟင်းသီးဟင်းရွက် စိုက်ပျိုးဖို့အတွက် သုံးပါတယ်။
ရွာမှာ ရေသန့်စင်တဲ့ နေရာလည်းရှိတယ်။ အဲ့နေရာမှာဆို မြေအောက်ရေကို သန့်စင်ပြီး သောက်သုံးရေသန့်ရပါတယ်။ ဒါ့အပြင် စေ့တနာ့ဝန်ထမ်း ဆရာဝန်တွေက ဆေးပေးခန်းနဲ့ ကျောင်းကို တွဲပြီး လုပ်ဆောင်ပေးပါတယ်။ စိတ်ဝင်စားသူတိုင်း ထိုင်းဘာသာ၊ တရုတ်ဘာသာ၊ဗီယက်နမ်ဘာသာ၊ အင်္ဂလိပ်ဘာသာတွေကို အခမဲ့ လေ့လာလို့ရပါတယ်။

ကျွန်မတို့က သစ်ပင်ခုတ်လှဲတာကို အနည်းဆုံးဖြစ်အောင်နေထိုင်တယ်၊ ဓာတုဓာတ်မြေဩဇာသုံးစွဲတာ၊ သားသတ်ရုံလုပ်ငန်းတွေကိုရှောင်ကြတယ်လို့ သူမက ပြောပြပါတယ်။ အခုလိုမျိုး ရွာမှာ တင်းတင်းကြပ်ကြပ်ချမှတ်ထားတဲ့ ဥပဒေတွေလည်း မရှိပါဘူး ဘာခိုးဆိုးလုနှိုက်မှုမှမရှိဘဲ တည်တည်ငြိမ်ငြိမ် ငြိမ်းငြိမ်းချမ်းချမ်းရှိနေတာက ကျွန်မလို သတင်းသမားတစ်ယောက်ကို အံ့ဩစေပါတယ်လို့လည်း Hong Phuc ဆိုတဲ့ ဗီယက်နမ်ဂျာနယ်လစ်ကရေးသားထားပါတယ်။ တင်းကြပ်တာဆိုလို့ အမှိုက်ခွဲပစ်ရမယ်ဆိုတဲ့ နေရာမှာပဲရှိပါတယ်တဲ့။
သစ်ရွက်တွေ လမ်းမှာ ရှုပ်နေရင် တွေ့တဲ့တစ်ယောက်ယောက်က လှဲလိုက်တာပဲ။
ခြုံနွယ်ပိတ်ပေါင်းတွေ ထူနေတာမြင်ရင် ၊ မြင်တဲ့တစ်ယောက်ယောက်ကရှင်းသွားတာပါပဲ။
လမ်းခင်းမယ်၊ ကျောင်းဆောက်မယ်၊ ရေကန်ဖော်မယ်၊ အိမ်ဆောက်မယ် ဆို လူတိုင်းက တက်တက်ကြွကြွနဲ့ ပါပြီးသားပဲ။
ရွာသူရွာသားအားလုံးက ဘယ်အလုပ်မဆို စေတနာ့ဝန်ထမ်း လုပ်လိုစိတ်ရှိကြတယ်။ ဒီရွာရဲ့ နည်းဥပဒေသကတော့ နေ့တဒူဝ လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို မျှဝေသုံးစွဲကြဖို့၊ အစားအစာထုတ်လုပ်တဲ့အခါ၊ ရရှိဖို့ လုပ်ဆောင်ကြတဲ့အခါမျိုးမှာလည်း မျှဝေလုပ်ကြ မျှဝေယူကြဖို့ ၊ အိမ်အသုံးအဆောင်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုက အစ ဘုံပိုင်ဆိုင်မှုတစ်ခုလို သဘောထားပြီး အချင်းချင်းကြားမှာ မျှဝေသုံးစွဲကြဖို့ပဲ ဖြစ်ပါတယ်။
ဒီလို လူနေမှုဘဝ ပုံစံကို အမြစ်တွယ်စေခဲ့တာကတော့ ထိုင်းဘုရင် ဘူမိဘောရဲ့ “ Sufficiency Economy” “ဖူလုံ လုံလောက်သော စီးပွားရေး” ပုံစံပဲဖြစ်ပါတယ်။
ကမ္ဘာမှာ စက်မှုထွန်းကားရေး၊ မှုထွန်းကားရေးတွေအတွက် အနောက်တိုက်းရင်းနှီးမြှုပ်နှံမှုတွေနောက် အပြိုင်အဆိုင်လိုက်နေကြတဲ့ အချိန်မှာ ကျွန်မတို့ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ထိုင်းဘုရင် ဘူမိဘောရဲ့ဒီ “sufficient economy” model ဖူလုံ လုံလောက်သော စီးပွားရေစနစ်းပုံစံက အခြေခံ ကိုယ်ကျင့်တရား (၃) ခုနောက်ကို လိုက်ပါတယ်။
ပထမဆုံး တစ်ခုကတော့
အစိုးရသည် လူတိုင်းလူတိုင်း စားရေရိက္ခာ လုံလောက်စွာ ဖြင့် အသက်ရှင် ရပ်တည်နိုင်ရေးအတွက် သေချာအောင် ဖော်ဆောင်ပေးသင့်သည်ဆိုတဲ့ သဘောတရား ဖြစ်ပါတယ်။
ဘုရင် ဘူမိဘောက “ ငါတို့အတွက် အရေးကြီးဆုံးအရာက ဖူလုံလုံလောက်တဲ့ စီးပွားရေးပုံစံရှိဖို့ပဲ။ဒီ ဖူလုံလုံလောက်တဲ့ စီးပွားရေးစနစ်ဆိုတာက ငါတို့အတွက် ဖူလုံလုံလောက်ဖို့ ငါတို့ဘာသာ ထောက်ပံ့ပေးရမယ်လို့ ဆိုလိုတယ်” လို့ ပြောခဲ့ဖူးပါတယ်။
မြို့နယ်၊ ပြည်နယ်က မြို့သူမြို့သားတွေ၊ ကျေးရွာတွေက ရပ်မိရပ်ဖတွေ အားလုံး“ဖူလုံလုံလောက်တယ်”ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို နားလည်လာဖို့ တစ်ယောက်ချင်းစီတိုင်း ရဲ့ အခြေခံ လိုအပ်ချက် အတွက်ဘယ်လို ဆက်စပ်တယ်။ လူမှုရေး၊ ရိုးရာဓလေ့ ထုံးတမ်း လိုအပ်ချက်တွေအတွက်တော့ ဘယ်လိုစပ်ဆက်တယ်၊ သဘာဝပတ်ဝန်းကျင်ရေးရာ လိုအပ်ချက်တွေမှာလည်း ဘယ်လိုဆက်စပ်နေတယ်ဆိုတာကို နားလည်လာဖို့ လမ်းညွှန်ချက်တွေနဲ့ ရှင်းပြခဲ့တာလို့ သူမက ဗီယက်နမ်ဂျာနယ်လစ်ကို ပြောပြလာခဲ့တာဖြစ်ပါတယ်။
ဆက်ပါဦးမည်...
reference link>> https://e.vnexpress.net/news/perspectives/thailand-s-self-sufficient-villages-inspire-the-world-4816459.html
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသတင်း
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကစိုက်ပျိုးရေအလုပ်ကပူးပေါင်မှအောင်မြင်တာ
ဦးခင်ရှိန်
လွန်ခဲ့သော ၁ နှစ် က😍😍😍
ဆက်စပ်ဆောင်းပါးများ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
ဆက်စပ်မေးခွန်းများ
အရွက်တွေကွက်ကြားခြောက်ပြီးတစ်နေ့ထက်တစ်နေပိုပိုခြောက်တယ့်အကျယ်အဝန်းကများလာလို့ဆရာ/စပါးကမင်းဧရာပါ
Zaw Than Oo • ဖြေကြားချက် 0 ခု
ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ
Aung Myo Oo • ဖြေကြားချက် 3 ခု
အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်
wai phyo naing • ဖြေကြားချက် 1 ခု
ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။
ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from သိမ့်ဇာ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....