အစိမ်းရောင်လမ်း
သြဂဲနစ်ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်း

သြဂဲနစ်ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်း

May Phyo Wai
May Phyo Wai Greenovator 09/01/2018

သြဂဲနစ်စိုက်ပျိုးရေးဆိုသည်မှာ ဓါတ်မြေသြဇာ၊ ဓါတုပိုးသတ်ဆေးများမပါဝင်ပဲ သဘာဝအတိုင်း စိုက်ပျိုးထား သော စိုက်ပျိုးနည်းကို ဆိုလိုသည်။ ဟင်းသီးဟင်းရွက်များသည် လူတိုင်း နေ့စဉ်စားသုံးနေရသော အာဟာရ ဖြစ်ပြီး ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်ပါသည်။ မိမိခြံနောက်ဖက်တွင် ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်နိုင်သည်။ ရိုးရှင်းလွယ်ကူသည့်အပြင် မိမိကလေးများနှင့် ပျော်ရွင်စွာ ဆောင်ရွက်နိုင်ပါသည်။ ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် ပိုးသတ်ဆေးများ၊ မြေသြဇာများ သုံးစွဲခြင်းဖြင့် ကျန်းမာရေးနှင့် ပါတ်ဝန်းကျင်ကို ထိခိုက်စေကြောင်း လူထုကသတိပြုမိပြီး ဖြစ်ပါသည်။ ပို၍စိုက်ပျိုးထုတ်လုပ်လာလေ စားသုံးသူများအား ထိခိုက်မှုပိုများလာစေပါသည်။

ယခင်က တောင်သူလယ်သမားများသည် ပိုသတ်ဆေး/မြေသြဇာများမသုံးစွဲဘဲ သွင်းရေနှင့် နေရောင်ခြည်ကိုသာ မှီခိုအားကိုး စိုက်ပျိုးထုတ်လုပ်ခဲ့ပါသည်။ မြေ၊ ရေနှင့်နေရောင်ခြည် လုံလောက်စွာရရှိပါက ကောင်းစွာ စိုက်ပျိုးနိုင်မည်ဖြစ်ပါသည်။ ဥပမာ - ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီအစိမ်း၊ မုန်လာဥနီ၊ ကြက်သွန်၊ အာလူးစသည့် ရာသီဥတု၊ မြေအခြေအနေနှင့် လိုက်ဖက်သင့်တော်သော သီးနှံများကို ရွေးချယ်ရမည်ဖြစ်သည်။ စိုက်ပျိုးမည့်နေရာသည် ရေကောင်းစွာ စီးဆင်းနိုင်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ သို့မဟုတ် ရေစီးရေလာကောင်းသော လေဝင်လေထွက်ကောင်းသောနေရာတွင် ရွေးချယ်စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးရန်ပြင်ဆင်ပြီးပါက သြဂဲနစ်မျိုးစေ့များကို ဝယ်ယူနိုင်ပါသည်။ မစိုက်ပျိုးမီ ညွှန်ကြားချက်များကို သေချာစွာ လေ့လာရန်လိုအပ်ပါသည်။ ပေါင်းမြက်၊ အင်းဆက်ပိုးမွှားများကို ဇီဝနည်းဖြင့် နှိမ်နင်းနိုင်သည်။ ဥပမာ - ငှက်၊ ဖား အကျိုးပြု အင်ဆက်များ၊ ထို့အပြင် ခြံစည်းရိုးများ လုပ်ဆောင်ခြင်း၊ တိရိစ္ဆာန်မွှေးများ၊ ကလေးပေါင်ဒါ၊ ဆပ်ပြာ စသည့်တို့ကို အသုံးပြု၍လည်း နှိမ်နင်းနိုင်သည်။ ဖုံးအုပ်ခြင်းသည်လည်း နည်းလမ်းကောင်းဖြစ်သည်။ အရွက်ခြောက်များ၊ အကိုင်းများ၊ မြေ ဆွေးများဖြင့် ဖုံးအုပ်နိုင်သည်။

ပုံးများကို အသုံးပြု၍လည်း စိုက်ပျိုးနိုင်သည်။ မြေစေး၊ သစ်သား၊ ပလပ်စတစ်များဖြင့် ပြုလုပ်ထားသော ပုံးများဖြင့် ထည့်သွင်းစိုက်ပျိုးနိုင်သည်။ ရေမှန်မှန်လောင်းရန်နှင့် နေရောင်ခြည်ရရှိစေရန် လိုအပ်ပါသည်။ အလွန်အေးသောရက်များတွင် ထိုပုံးဖြင့် စိုက်ထားသော အပင်လေးများကို အထဲသို့ရွှေ့ထားရမည်ဖြစ်သည်။ ပုံးများနှင့်စိုက်ပျိုးပါက လိုအပ်သလို ရွှေ့ပြောင်းထားနိုင်သဖြင့် နေရောင်ခြည်ရရှိမှု၊ အအေးဒဏ်ကာကွယ်မှုတို့အတွက် လွယ်ကူစေသည်။ ပြင်ပတွင်စိုက်သကဲ့သို့ပင် ပေါင်းမြက်များကို နှိမ်နင်းပေးရမည်ဖြစ်သည်။ ပုံးဖြင့်စိုက်ပါက ရေမများစေရန် ဂရုပြုရမည်ဖြစ်သည်။ လေဝင်လေထွက်ကောင်းစေရန် ပုံးများကိုအပေါက်ဖောက်ပေးရမည်ဖြစ်သည်။

သြဂဲနစ်စိုက်ပျိုးရေးဆောင်ရွက်ရန်အခြေခံလိုအပ်ချက်များမှာ
၁။ ရေမြေသဘာဝနှင့်ကိုက်ညီသော မျိုးစေ့များကို ရွေးချယ်စိုက်ပျိုးရမည်။ မိုးရေချိန်နည်းပါက ခြောက်သွေ့မှု၊ ရေငတ်ဒဏ်ခံနိုင်ရည်ရှိသော မျိုးများကိုရွေးချယ်သင့်သည်။ စိုက်ပျိုးမည့် မြေနေရာအကျယ်အဝန်းပေါ်မူတည်၍ သီးနှံရွေး ချယ်ရမည်ဖြစ်သည်။ ထို့အပြင် နေရောင်ခြည်ရရှိမှုသည်လည်း အရေးပါသည်။ တစ်နေ့လျှင် အနည်းဆုံး ၆ နာရီမှ ၇ နာရီ အထိ နေရောင်ခြည် ကောင်းစွာရရှိရန်လိုအပ်သည်။ ရေစီးရေလာ ကောင်းမွန် သောနေရာဖြစ်စေရမည်။ သို့မှသာ ရေကိုမလို အပ်သောအချိန်တွင် ထုတ်ပြစ်နိုင်မည်ဖြစ်သည်။ အချို့သောသီးနှံများသည် အိမ်မြေအတွင်း စိုက်ပျိုးရန်ခက်ခဲသည်ကို တွေ့နိုင်သည်။ စိုက်ပျိုးမည့် သီးနှံ ရွေးချယ်ရာတွင် ယခင် အတွေ့ကြုံကောင်းရှိသူများနှင့် တိုင်ပင်သင့်သည်။

၂။ မစိုက်ပျိုးမီ ထွန်ယက်၍ ကျောက်ခဲ၊ ပေါင်း စသည်တို့ကို ရှင်းလင်းဖယ်ရှားထားရမည်။ စိုက်ပျိုးစဉ် ကာလတစ်လျှောက် ပေါင်းမြက်ကင်းစင်စေရန် ဆောင်ရွက်ရမည်ဖြစ်သည်။

၃။ မြေဆီလွှာအဟာရဓါတ်များ တိုးစေရန်အတွက် အရိုးမှုန့်များ၊ မြေဆွေးများ၊ ကျောက်မှုန့်များ ထည့်သွင်းပေး ခြင်း ဆောင်ရွက်နိုင်သည်။ မြေချဉ်ငံကိန်းကိုသိစေရန် pH မီတာ ဖြင့်တိုင်းတာရန်လိုအပ်သည်။ သီးနှံများသည် တစ်ခုနှင့်တစ်ခု လိုအပ်သော ချဉ်ငံကိန်းမှာ မတူညီကြချေ။ pH နိမ့်ပါက ထုံးထည့်ပြုပြင်နိုင်ပြီး မြင့်ပါက ဂျစ်ပဆန်ထည့်၍ပြုပြင်နိုင်သည်။ သြဂဲနစ်ပစ္စည်းအကြွင်းကျန်များကို ထည့်သွင်းပေးခြင်းသည် သီးနှံအရည် အသွေးနှင့် အထွက်နှုန်းကိုသိသာစွာ အထောက်အကူပြုမည်ဖြစ်သည်။ မစိုက်ပျိုးမီ ၁ လ ကြိုတင်၍ သစ်ရွက် ဆွေးများ ကော်ဖီမှုန့်အကျန်များ၊ ကြက်ဥအကာနှင့် မီးဖိုချောင်အမှိုက်များကို ထည့်သွင်းပေးထားသင့်သည်။ ဇီဝမြေသြဇာများအဖြစ် အီးအမ်ဘိုကာရှီ၊ စူပါဘိုကာရှီ၊ ဒိုချက်ကင်၊ ငါးအမိုင်နိုအက်စစ် စသည်ဖြင့် များစွာ အသုံးပြုနိုင်ပါသည်။

၄။ စိုက်ပျိုးချိန်တွင် မျိုးစေ့များအား လုံလောက်သောအကွာအဝေး ထားပေးရမည်။

၅။ ပိုးမွှားကျရောက်မှုကို ကာကွယ်ရန်အတွက် ဇီဝနည်းကိုအသုံးပြုနိုင်သည်။ ဥပမာ ငှက်၊ ဖား စသည်တို့ကို အသုံးပြုနိုင်သည်။ ရေကန်ငယ်လေးများ ပြုလုပ်ပေးထားပါက ဖားကလေးများလာရောက်ကာ သီးနှံပင်အား ဖျက်ဆီးသော ပိုးမွှားများကို နှိမ်နင်းနိုင်မည်ဖြစ်သည်။ ကျွဲ၊ နွားများ မဝင်ရောက်စေရန် အကာအရံများ ပြုလုပ် ထားရမည်။ ထို့အပြင် စေးကပ်သောပစ္စည်းများကို အသုံးပြုကာ အင်းဆက်များကို နှိမ်နင်းနိုင်သည်။ သီးနှံ မျိုးကွဲများကို တစ်ပြိုင်တည်းစိုက်ပျိုးခြင်းဖြင့် ပိုးမွှားရော ဂါများကို ကာကွယ်နိုင်သည်။ သဘာဝပိုးသတ်ဆေး များကို အသုံးပြုနိုင်သည်။ ဥပမာ တမာဆေးဆီ၊ ကြက်သွန်ဖြူပိုးသတ်ဆေးရည် စသည်ဖြင့် အသုံးပြုနိုင်သည်။

၆။ သီးလှည့်စိုက်ပျိုးခြင်းဖြင့်လည်း ပိုးမွှားရောဂါများကို ကာကွယ်နိုင်သည်။ မြေဆီသြဇာ ကောင်းစေသည်။ ပထမသီးနှံရိတ်သိမ်းပြီးပါက နောက်သီးနှံကို ဆက်တိုက်စိုက်ပျိုးနိုင်သည်။ သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ် နိုင်မည်ဖြစ်သည်။

၇။ မိမိတို့၏ ခြံနောက်ဖက်တွင် လွယ်လင့်တကူ လေ့လာစိုက်ပျိုးနိုင်သည်။

၈။ တချို့သောနိုင်ငံများတွင် သြဂဲနစ်စိုက်ပျိုးရေးအတွက် အစိုးရမှ ထောက်ပံ့ချေးငွေများ ထုတ်ပေးခြင်းဖြင့် အားပေး ဆောင်ရွက်လျက်ရှိပါသည်။ သြဂဲနစ်စိုက်ပျိုးရေးကို ဖန်လုံအိမ်များဖြင့်လည်း စိုက်ပျိုးနိုင်သည်။

သြဂဲနစ်သီးနှံများကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေပါသည်။ ပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်ပါက အိမ်နီးနာချင်းများကို ရောင်းချနိုင်သဖြင့် အပိုဝင်ငွေရရှိစေသည်။ မိမိခြံတွင်း သာယာလှပစေ သဖြင့် သြဂဲနစ် စိုက်ပျိုးရေးကို တစ်ပိုင်တစ်နိုင် ဆောင်ရွက်သင့်လှပါသည်။

 

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 0 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

ငရုတ်စိုက်ရင်ဘာမျိုးအကောင်းဆုံးလဲသိချင်လို့ပါ။

Aung Lwin Thein • ဖြေကြားချက် 0 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....