အစိမ်းရောင်လမ်း
ဈေးကွက်ဝင် အရည်အသွေးကောင်း၊ အထွက်ကောင်း ရေဆင်း ၉ ပဲစင်းငုံမျိုးသစ် ရှာဖွေတွေ့ရှိ

ဈေးကွက်ဝင် အရည်အသွေးကောင်း၊ အထွက်ကောင်း ရေဆင်း ၉ ပဲစင်းငုံမျိုးသစ် ရှာဖွေတွေ့ရှိ

ပဲစင်းငုံ သီးနှံသည် ပြည်ပပို့ကုန် ဈေးကွက်၀င် သီးနှံဖြစ်သည့်အပြင် တောင်သူများ ၀င်ငွေတိုး တက်စေကာ အာဟာရပြည့် သီးနှံ ဖြစ်ရုံသာမက တစ်ပင်လုံး အစိတ်အပိုင်းများကို ပြန်လည် အသုံးပြုနိုင်သည့် သီးနှံ (Zero Waste Crop) ဖြစ်သောကြောင့် ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ စိုက်ပျိုးသင့်သည့် သီးနှံဖြစ်သည်။ 

စိုက်ပျိုးရေး သုတေသနဦးစီးဌာန (DAR) ရေဆင်းရှိ ပဲမျိုးစုံ သီးနှံ သုတေသန ဌာနစု တာ၀န်ခံ  ဒေါ်မြတ်ဦးနွယ်နွယ်နှင့် သုတေသနအရာရှိ ဒေါ်ခင်ပပအေးတို့  ဦးဆောင်၍ သုတေသန လက်ထောက် -၃ ဒေါ်ပြည့်ဖြိုးသီ ပါ၀င်သော သုတေသန ပညာရှင် အဖွဲ့က ဈေးကွက်၀င် အရည်အသွေးကောင်း၊ အထွက် ကောင်း၊ အလားအလာကောင်းသည့် ပဲစင်းငုံ မျိုးသစ် ရရှိရန်အတွက် ၂၀၁၃ -၂၀၁၄ ခုနှစ်မှစတင်ကာ ဒေသမျိုးများ စု ဆောင်းခြင်း၊ မျိုးကွဲများ စမ်းသပ် စိုက်ပျိုးလေ့လာခြင်း၊ ကြိုက်နှစ်သက်သည့် လက္ခဏ ပါ သည့် ရွေး ချယ် လေ့လာခြင်း၊ ဒေသ အသီးသီးရှိ သုတေသနခြံများ( မကွေး၊ ညောင်ဦး၊ မြင်းခြံ၊ ပခုက္ကူ ၊ အောင်ပန်း)တွင် စမ်းသပ်စိုက်ပျိုးခြင်း ၊ စံပြကွက်များအား မုံရွာ ၊ ရမည်းသင်း ၊ မြင်းခြံ ၊ ပခုက္ကူ နှင့် အောင်ပန်း စသည့်ဒေသများတွင် စိုက်ပျိုး၍ တောင်သူများအား မျိုးရွေးချယ် စေခြင်းစသည့် သုတေသနလုပ်ငန်း အဆင့်ဆင့်ကို ဆောင်ရွက်ခဲ့ရာ ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် ရေဆင်း -၉ ပဲစင်းငုံ မျိုးသစ်အဖြစ် ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။  

ရေဆင်း -၉ ပဲစင်းငုံမျိုး၏ အရည်အသွေး လက္ခဏာများမှာ (၁) တောင်ပေါ်မြေပြန့် ဒေသမရွေး စိက် ပျိုးနိုင်သည့် သက်လတ်မျိုး ဖြစ်ခြင်း၊ (၂) အပင်ပုံ သဏ္ဍာန်မှာ ပင်ဖြန့်ဖြစ်ခြင်း၊(၃) တစ်ပင်ပါ သီးတောင့်များခြင်း၊ (၄) အစေ့အရောင်လှခြင်း၊ (၅) တစ်ဧကအထွက် ကောင်းခြင်းစသည့် တို့ဖြစ်သည်။ 

တောင်ပေါ်မြေပြန့် ဒေသမရွေး စိုက်ပျိုးနိုင်သည့် ဈေးကွက်၀င်၊ အရည်အသွေးကောင်း အထွက်နှုန်း ကောင်းသည့် အဆိုပါ ရေဆင်း -၉ ပဲစင်းငုံ မျိုးသစ်ကို မျိုးစေ့ကျွမ်းကျင်မှု ဆိုင်ရာ ကော်မတီ( TSC ) တွင် မျိုး သစ်အဖြစ် မှတ်ပုံတင် သွားမည်ဖြစ်ပြီး တောင်သူများ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် မျိုးပွားများ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

                                                                                                         စိုက်ပျိုးရေးဦးစီးဌာန 

sansittsoe

sansittsoe

လွန်ခဲ့သော ၂ နှစ် က

မျိုးဝယ်ချင်ရင် ဘယ်နားမှာသွားဝယ်ရမလည်း ခင်ဗျ

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

Aung Zaw Oo • ဖြေကြားချက် 2 ခု

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....