စက်တင်ဘာလအစတွင် မတ်ပဲဈေးများ ဆက်တိုက်ကျဆင်းလာ
ဩဂုတ်လ နောက်ဆုံးပတ်က မတ်ပဲတစ်တန်လျှင် ကျပ် ၃,၄၃၅,၀၀၀ ရှိခဲ့ပြီး စက်တင်ဘာ ၂ ရက်တွင် ကျပ် ၃,၃၉၄,၀၀၀ အထိ (၄၁,၀၀၀ ကျပ်) ဆက်တိုက်ဆိုသလို ကျဆင်းသွားကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။
"မတ်ပဲဈေးက စက်တင်ဘာလကစလို့ လက်ရှိအထိ ဈေးက ကျလာတယ်။ ဩဂုတ်လ နောက်ဆုံးအပတ်ကနေ တဖြည်းဖြည်း ကျလာတာ၊ ဈေးတန်းက
တက်လိုက်..ကျလိုက်ပါပဲ။ အရမ်းကြီးတော့ ကျမှာမဟုတ်ဘူး၊ အိန္ဒိယက စက်တင်ဘာလကုန်လောက်မှာ ပဲအသစ်တွေ ထွက်ဖို့ရှိပေမဲ့ ရာသီဥတုအခြေအနေကြောင့် အထွက်နည်းနိုင်တယ်လို့ ပြောကြတယ်။ လိုအပ်ချက်ရှိနေဦးမှာဆိုတော့ ဈေးတန်းက အများကြီး မကျနိုင်ဘူး" ဟု ပဲကုန်သည်တစ်ဦးက ပြောသည်။ပြည်တွင်း၌ မတ်ပဲ လက်ကျန်နည်းနေပြီး ပဲတင်ပို့သည့် ကုန်သည်များအနေဖြင့် တင်ပို့မှု ထိန်းထားခြင်းကြောင့် ဈေးကွက်အေးနေကြောင်းလည်း သိရသည်။
လက်ရှိ ပဲဈေးကွက်တွင် ကုန်သည်အချို့က မတ်ပဲဈေးများကို ဈေးချ၍ အနိမ့်ဈေးပေး ဝယ်ယူမှုများလည်း ရှိကြောင်း တောင်သူများထံမှ သိရသည်။

"ကုန်သည်ပွဲစားတွေက ဈေးတက်ပေးချင်တာတောင် ရောက်တဲ့ဈေးနေရာကနေ တက်မပေးဘူး။ ဈေးကို ချပြီး အကျပြလိုက်တယ်၊ ပြီးမှ အရင်နေရာနား နည်းနည်းကျော်ပြီး တက်ဝယ်ကြတယ်။ အမှန်တကယ်တော့ အတက်ပြလိုက်တာ။ တောင်သူတွေကတော့ ခံဘက်ကချည်းပဲ" ဟု ပဲစိုက်တောင်သူတစ်ဦးက ပြောသည်။ယခု စက်တင်ဘာလအတွင်း မြန်မာ့မတ်ပဲ ဝယ်လက်ဖြစ်သည့် အိန္ဒိယတွင် ပွဲတော်အချို့ ရှိနေသောကြောင့် မတ်ပဲဈေးကွက် လှုပ်ခတ်လာမလား စောင့်ကြည့်နေကြပြီး အိန္ဒိယမှ လိုအပ်ချက် ရှိနေဦးမည်ဖြစ်၍ ဒီထက် ဈေးမကျနိုင်ကြောင်းလည်း သုံးသပ်ထားကြသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ပဲမျိုးစုံများအနက် မတ်ပဲနှင့် ပဲစဉ်းငုံများကို အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့နေကြောင်း သိရသည်။
ပြည်ပပေါက်ဈေး FOB အနေဖြင့် မတ်ပဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၂၅ ဒေါ်လာမှ ၈၃၅ ဒေါ်လာအထိ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် ပဲမျိုးစုံ စိုက်ဧက ၁၁ သန်းကျော်ရှိပြီး မတ်ပဲနှင့် ပဲစဉ်းငုံ စိုက်ပျိုးမှုမှာ ၃၅ ရာခိုင်နှုန်းကျော် ရှိကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သီးနှံဈေးကွက်
အကြောင်းအရာ 2
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဂန္ဓမာပန်းခင်း တစ်ညတာမီးဘယ်အချိန်ပေးပြီး ဘယ်အချိန်မှာပိတ်သင့်ပါလဲခင်ဗျ အပင်တွေအဝါရောင်လိုက်နေပါတယ် ဘာဆေးသုံးရမလဲခင်ဗျ
aung than lwin • ဖြေကြားချက် 0 ခု
ဆရာခင်ဗျ အိမ်ရောတင်းကုတ်ရော မီးထဲပါသွားတာ အတာမြတ်ခြောက်တွေလဲပါသွားတယ်ရော အတာနဲ့ ကျွေးစရာရှိအောင်ဆိုပြီး ပြောင်း20ရက်သားလောက်ကို ပုလဲသွားကျွေးမိတယ်ဆရာ မိုးကနည်းနည်းပဲရွာတယ်ဆရာ ထပ်ရွာမှာပဲဆိုပီကျွေးလိုက်တာ ထပ်မရွာဘူးဆရာ ခုရက်ပိုင်းတွေလဲ အနည်းငယ်ပဲရွာတယ်ဆရာ အတာကိုလေ ပြောင်းတွေတက်လာအောင် GA3 ဆေးမျိုးတွေ ဖျန်းလို့ရလားဆရာ အပင်တက်လာအောင်ဘယ်လိုတွေ လုပ်လို့ရလဲဆရာ
U Yan • ဖြေကြားချက် 1 ခု
မြေပဲ၄၂ရက်သား ဘယ်လိုပိုးသတ်ဆေးဖျန်းရမလဲဗျ။
Messi • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အသီးကင်းတွေကွဲနေလို့ပါ မြေပြင်ချိန်တုန်းက ကျောက်မူန့်လည်းထည်းထားပါတယ် အသီးပွင့်အားဆေး ကောမက်ထရစ်နှင့် နျူထရီဖော့ဖျန်းထားတာ 2ပတ်ရှိပါပြီ ဘာလိုအပ်နေသေးတာလည်း ပြောပြပေးပါအုံး အသီးကင်းတွေကွဲပြီး အသီးမတင်လို့ပါ
ရှိုင်းထက်အောင် • ဖြေကြားချက် 1 ခု
မလာကာပင်က အသီးလဲ သီးပါတယ်အရွက်တွေဝါနေလို့ပါဆရာ
kyaw ye • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မွန်နှင့် ကရင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနိုင်
02/09/2026
စပါးပင် ဘယ်အချိန်မှာ ရွက်ဖြတ်သင့်လဲ..ဘာကြောင့်ဖြတ်ကြတာလဲ?
02/09/2026
ကြက်ခြံဖမ်းဈေးသာကျပြီး အသားရောင်းဈေးမကျလို့ မွေးမြူသူများအခက်ကြုံနေ
02/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
More from AMIA
အားလုံး
ကြက်ခြံဖမ်းဈေးသာကျပြီး အသားရောင်းဈေးမကျလို့ မွေးမြူသူများအခက်ကြုံနေ
02/09/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၇ -၂၁.၈.၂၀၂၆)
22/08/2026
အသံ
ငရုတ်သီး ဈေး အမြင့်တွင် ဆက်ရှိနေ
21/08/2026