တစ်ပတ်စာဈေးကွက်သုံးသပ်ချက် (၂၂-၂၆.၆.၂၀၂၆)
မြန်မာ့လယ်ယာပို့ကုန်အချို့အပေါ် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့၏ ဝယ်လိုအား မျှော်လင့်ချက် ကောင်းမွန်လာသည်။ သို့သော် လူဦးရေ ၁.၄ ဘီလီယံဝန်းကျင် ရှိနေသည့် အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားမှာ မုတ်သုံရာသီ၏ မိုးရရှိနိုင်မှုအပေါ် အခြေခံနေသဖြင့် လက်ရှိတွင် ဈေးနှုန်းလှုပ်ခတ်မှု အနည်းငယ်သာ ရှိနေသည်။
မျှော်လင့်ချက်ကောင်းလာသည့် မြန်မာ့ပြောင်း
တရုတ်ကုန်သည်များက မြန်မာ့ပြောင်းကို ဝယ်ယူရန် စိတ်ဝင်စားကာ ကမ်းလှမ်းမှုများ ရှိနေသည်ဟူသော သတင်းစကားနှင့် ယခုနှစ်တွင် ဖီလစ်ပိုင်နိုင်ငံက အနည်းဆုံး ပြောင်းတန်ချိန် ၅၀၀,၀၀၀ ကို ပြည်ပမှ တင်သွင်းမည်ဆိုသည့် တင်ပြချက်နှင့် အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းဝယ်ယူမည့် သတ်မှတ်ချိန်ကို ၂ လ ထပ်မံတိုးမြှင့်လိုက်သည့် ထိုင်းအစိုးရ၏ သွင်းကုန်မူဝါဒ အပြောင်းအလဲများက မြန်မာ့ပြောင်း ပြည်ပဈေးကွက်အပေါ် မျှော်လင့်ချက်ကောင်းများ ဖြစ်လာစေသည်။
သို့သော် တောင်သူလက်ဝယ်တွင် ပြောင်းလက်ကျန် လျော့နည်းလာချိန်၌ ဈေးကွက်မျှော်လင့်ချက်မှာ လတ်တလော အကျိုးအမြတ်ထက် ရေရှည်မျှော်ကိုးစရာတစ်ခု ဖြစ်နေသည်။
လက်ရှိဈေးကွက်အတွင်း ပြည်တွင်း၊ ပြည်ပ ပြောင်းဈေးနှုန်းမှာ အမြင့်ပိုင်းတွင် ခေတ္တရပ်တန့်နေသည်။ ပြည်ပသို့ ရောင်းချသည့် ပြောင်းတစ်တန်၏ FOB ဈေးနှုန်းမှာ ဒေါ်လာ ၂၈၅ / ၂၉၅ တွင် တည်ငြိမ်နေသည်။
ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြည်တွင်းပြောင်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁,၈၀၀ / ၁,၈၂၀ မှ ကျပ် ၁,၇၈၀ / ၁,၈၀၀ သို့ ပြောင်းလဲသွားသည်။
မန္တလေးဈေးကွက်တွင် ဇွန် ၂၂ ရက်မှ ဇွန် ၂၅ ရက်အထိ ပြောင်းဈေးနှုန်းမှာ ရှမ်းပြောင်းတစ်တန်လျှင် ကျပ် ၉၆၀,၀၀၀ ကျော်၊ စီပီ (CP) ပြောင်းသစ် တစ်တန်လျှင် ကျပ် ၉၇၅,၀၀၀ ကျော်နှင့် အထွက်တိုးပြောင်းနီ တစ်တန်လျှင် ကျပ် ၁,၅၅၀,၀၀၀ ကျော်ဖြင့် ဈေးဖွင့်ထားသည်။
မုတ်သုံမိုးနှင့်အတူ ဈေးပျော့လာသည့် ပဲစင်းငုံ
ဇွန်လ တတိယရက်သတ္တပတ်မှ စတင်ပြီး အိန္ဒိယနိုင်ငံသို့ မုတ်သုံမိုး ပုံမှန်ရွာသွန်းလာပြီဆိုသည့် သတင်းနှင့်အတူ ပဲစင်းငုံဈေးနှုန်း ကျဆင်းလာသည်။ အိန္ဒိယအစိုးရထံတွင် အရန်ပဲစင်းငုံ လုံလောက်စွာ သိုလှောင်ထားချိန်၌ မိုးပုံမှန်ရွာသွန်းပါက ပဲစင်းငုံဈေးနှုန်း မြင့်တက်ရေးကို နှောင့်နှေးစေနိုင်သည်ဟူသော သုံးသပ်ချက်များလည်း ရှိနေသည်။
ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် မြန်မာ့ပဲစင်းငုံ CNF (ကုန်ကျစရိတ်နှင့် ကုန်စည်ပို့ဆောင်စရိတ်အပါအဝင်) ဈေးနှုန်းမှာ ပဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀ ခန့် ဈေးကျဆင်းသွားသည်။ မြန်မာ့ပဲစင်းငုံတစ်တန်လျှင် ဒေါ်လာ ၈၅၀ မှ ဒေါ်လာ ၈၄၀ သို့ ဈေးပြောင်းလဲသွားသည်။ မိုဇမ်ဘစ်ပဲစင်းငုံမှာလည်း ဒေါ်လာ ၅၉၀ မှ ၆၀၀ ကြား၊ မာလာဝီပဲစင်းငုံမှာမူ တစ်တန်လျှင် ဒေါ်လာ ၅၅၀ / ၅၇၀ မျှသာ ဈေးဖွင့်ထားသည်။
မြန်မာဈေးကွက်တွင် ပဲစင်းငုံ ပြည်ပရောင်းချသည့် FOB ဈေးနှုန်းမှာ ပဲစင်းငုံ (နီ) 2024-2025 Crop တစ်တန်လျှင် ဒေါ်လာ၇၄၀ / ၇၅၀၊ ပဲစင်းငုံ (နီ) 2025-26 Crop တစ်တန်လျှင် ဒေါ်လာ ၇၈၀ / ၇၉၀ ဖြင့် ဈေးငြိမ်နေသည်။
ပြည်တွင်းပဲစင်းငုံဈေးနှုန်းမှာ ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံ (နီ) တစ်တန်လျှင် ကျပ် ၃,၁၄၀,၀၀၀ မှ ကျပ် ၃,၁၁၀,၀၀၀ သို့ ဈေးကျဆင်းသွားသည်။ မန္တလေးဈေးကွက်တွင် ပဲစင်းငုံ (နီ) သစ်တစ်တန်လျှင် ကျပ် ၂,၉၅၀,၀၀၀ ကျော်မှ ကျပ် ၂,၉၇၀,၀၀၀ ကျော်သို့ ဈေးပြောင်းလဲသွားသည်။

မြေပဲ ပြည်ပဈေးလှုပ်လာ
ဆီထွက်သီးနှံမြေပဲသည် ပြည်ပဈေးနှုန်း မြင့်တက်လာသကဲ့သို့ ပြည်တွင်းဈေးကွက်တွင်လည်း အမျိုးအစားအချို့ ဈေးနှုန်းလှုပ်ခတ်နေသည်။
ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် မြေပဲပြည်ပရောင်းချသည့် FOB ဈေးနှုန်းမှာ မြေပဲတစ်တန်လျှင် ဒေါ်လာ ၂၀ ခန့် ဈေးမြင့်တက်သွားသည်။ မြေပဲ (လုံးဆန်) တစ်တန်လျှင် ဒေါ်လာ ၁,၇၁၅ / ၁,၇၂၅ မှ ဒေါ်လာ ၁,၇၃၅ / ၁,၇၄၅ သို့ ဈေးပြောင်းလဲသွားသည်။
သို့သော် မန္တလေးဈေးကွက်တွင် မြေပဲပြည်တွင်းဈေးနှုန်းမှာ လက်ကျန်နည်းပါးသော်လည်း လုပ်ငန်းသမားများသာ အဝယ်ရှိခြင်းကြောင့် လုံးဆန်အမျိုးအစားအချို့ ဈေးနှုန်းအပြောင်းအလဲ ရှိနေသည်။
မြေပဲ (S1) လုံးဆန်တစ်တန်လျှင် ကျပ် ၇,၃၄၀,၀၀၀ ကျော်မှ ကျပ် ၇,၁၆၀,၀၀၀ ကျော်သို့ ဈေးကျဆင်းပြီး အနီလုံးဆန်မှာ တစ်တန်လျှင် ကျပ် ၆,၈၅၀,၀၀၀ ကျော်မှ ကျပ် ၆,၉၂၀,၀၀၀ ကျော်သို့ ဈေးပြောင်းလဲသွားသည်။ မြေပဲ(M) တွဲလုံးဆန် တစ်တန်လျှင် ကျပ် ၇,၁၀၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။
ဆီစက်သမားများ၏ အဝယ်သာရှိနေသော မြေပဲ (S1) (ဆီဆန်) တစ်တန်လျှင် ကျပ် ၆,၈၅၀,၀၀၀ ကျော်နှင့် အနီ (ဆီဆန်) တစ်တန်လျှင် ကျပ် ၆,၄၉၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။
ပြည်တွင်းဈေး လှုပ်ခတ်လာသည့် ကုလားပဲ
ပြည်တွင်း၌ အဓိကစားသုံးပြီး ပြည်ပသို့ အမျိုးအစားအချို့သာ တင်ပို့နေသည့် ကုလားပဲသည် ယခုရက်သတ္တပတ်တွင် ပြည်တွင်းဈေးနှုန်း အနည်းငယ် လှုပ်ခတ်လာသည်။ ပဲကြော်၊ ပဲလှော်လုပ်ငန်းများမှ ပုံမှန်အဝယ်ရှိပြီး ပဲခွဲစက်များ၏ ဝယ်လိုအား သိသာစွာ ပြောင်းလဲခြင်းမရှိသော်လည်း ကုလားပဲအမျိုးအစားအချို့သာ ဈေးအနည်းငယ် တက်လာခြင်းဖြစ်သည်။
သို့သော် ရန်ကုန်ဈေးကွက်တွင် ကုလားပဲသည် ပြည်တွင်းဈေးသာမက ပြည်ပဈေးပါ ငြိမ်သက်နေသည်။ ကုလားပဲဖြူလုံးကြီး (V2) FAQ အမျိုးအစား၏ FOB ဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ ၆၆၀ / ၆၇၀ ဈေးဖွင့်ထားသည်။ ပြည်တွင်းဈေးကွက်တွင် ကုလားပဲဖြူလုံး တစ်ပိဿာလျှင် ကျပ် ၃,၈၆၀ ၊ ကုလားပဲဖြူလုံးကြီး တစ်ပိဿာလျှင် ကျပ် ၄,၁၂၀ / ၄,၃၀၀ ဈေးဖွင့်ထားသည်။
မန္တလေးဈေးကွက်တွင် ကုလားပဲ (ထိုင်ဝမ်) သစ်တစ်တန်လျှင် ကျပ် ၂,၂၆၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်ပြီး၊ ကုလားပဲ (၉၂၉) သစ်တစ်တန်လျှင် ကျပ် ၂,၃၉၀,၀၀၀ ကျော်မှ ကျပ် ၂,၄၁၀,၀၀၀ ကျော်သို့ ဈေးပြောင်းလဲသွားသည်။ ကုလားပဲဖြူလုံးကြီး (V2) မှာလည်း တစ်တန်လျှင် ကျပ် ၂,၃၂၀,၀၀၀ ကျော်မှ ကျပ် ၂,၃၃၀,၀၀၀ ကျော်သို့ ဈေးပြောင်းလဲပြီးကုလားပဲဖြူလုံးကြီး (V7) တစ်တန်လျှင် ကျပ် ၂,၃၅၀,၀၀၀ ကျော်ဖြင့် ဈေးဖွင့်ထားသည်။
ပဲပုပ်အမျိုးအစားအချို့ ဈေးတက်
ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ပဲပုပ်သည် ရန်ကုန်တွင် ဈေးငြိမ်နေသော်လည်း မန္တလေးဈေးကွက်တွင် အမျိုးအစားအချို့ ဈေးနှုန်းအနည်းငယ် အပြောင်းအလဲ ရှိနေသည်။
ရန်ကုန်ဈေးကွက်တွင် ပဲပုပ် (မြစ်ဝကျွန်းပေါ်) ဆီတိုး တစ်ပိဿာလျှင် ကျပ် ၇,၄၁၅ / ၇,၅၀၀ ၊ ပဲပုပ် (မြစ်ဝကျွန်းပေါ်) ထွက်တိုး တစ်ပိဿာလျှင် ကျပ် ၇,၁၆၅ / ၇,၃၃၅ ဈေးဖွင့်ထားသည်။
မန္တလေးဈေးကွက်တွင် လုပ်ငန်းသမားများနှင့် ဆီစက်များမှ ဝယ်လိုအားကြောင့် ပဲပုပ်အမျိုးအစားအချို့ ဈေးနှုန်းအနည်းငယ် လှုပ်ခတ်လာသည်။ ပဲပုပ် (ဗမာ) တစ်တန်လျှင် ကျပ် ၄,၅၄၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေပြီး ပဲပုပ် (ရှမ်း) တစ်တန်လျှင် ကျပ် ၄,၄၂၀,၀၀၀ ကျော်မှ ကျပ် ၄,၄၈၀,၀၀၀ ကျော်သို့ ဈေးပြောင်းလဲသွားသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
mg san
လွန်ခဲ့သော ၁ လ ကမတ်ပဲ သုံးသပ်ချက်လည်း တင်ပေးပါ
အေးအေးသင်း
လွန်ခဲ့သော ၁ လ ကငွေချေးဖို့ကရော
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....