အစိမ်းရောင်လမ်း
အပင်များတွင် အဓိက ကျရောက်ရောက်သော ရောဂါများ (Common plant disease) အပိုင်း (၂)

အပင်များတွင် အဓိက ကျရောက်ရောက်သော ရောဂါများ (Common plant disease) အပိုင်း (၂)

ayethandasoe
ayethandasoe Greenovator 19/01/2018

၄။ Wilts - ညှိုးသေခြင်း

ရောဂါဖြစ်စေသော အကြောင်းအရာ - ပုံမှန်အားဖြင့် ရေလိုအပ်သောအခါ အပင်များညှိုးလာသည်။ မှိုကြောင့် အပင်ကြာရှည်စွာညှိုးခြင်းကို ရေပုံမှန်ရရှိချိန်တွင်လည်း တွေ့ရသည်။ ညှိုးသေရောဂါသည် အပင်၏ အစာရေ ကြောကို ရောဂါကျရောက်စေသည်။ များသောအားဖြင့် ညှိုးသေရောဂါ သည် ရွက်ခြောက် နှင့် ဆင်တူသည်။

ရောဂါပုံစံများ - Stewart’s Wilt , Verticillium Wilt , Fusarium Wilt

ရောဂါလက္ခဏာများ - ရောဂါကျအပင်သည် ညှိုး၍ အဝါရောင်သို့ပြောင်းကာ နောက်ဆုံးသေဆုံးသွားသည်။

ရောဂါကျရောက်အပင်များ - အခန်းတွင်းနှင့် စိုက်ကွင်းတွင်စိုက်ပျိုးသော အပင်များအားလုံးတွင် ရောဂါ ကျရောက်နိုင်သည်။ ပန်းပင်များ၊ ဟင်းသီးဟင်းရွက်အပင်များ၊ သစ်သီးအပင်များ၊ အလှစိုက်အပင်များတွင် ညှိုးသေရောဂါကို ပို၍တွေ့ရသည်။

ကာကွယ်နှိမ်နင်းနည်း
- ခံနိုငရည်ရှိသော မျိုးစေ့နှင့် အပင်များကိုရွေးချယ်စိုက်ပျိုးပါ။
- ကျရောက်သောနေရာတွင် အပင်ထပ်မံစိုက်ပါက ညှိုးသေရောဂါ ထပ်မံ ကျရောက်နိုင်သည်။
- သီးလှည့်စိုက်ပျိုးပါ။
- ကျိုင်း(Flea Beetles ) များကို ကြိုးစားဖယ်ရှားပါ။
- ရောဂါကျ အကိုင်းများနှင့် အပင်များအား ဖယ်ရှားဖြတ်တောက်၍ ဖျက်ဆီးပါ။

၅။ Rots : ပုပ်ခြင်း

ရောဂါဖြစ်ရသည့်အကြောင်းအရင်း အပင်များ၏ အမြစ်များ၊ ပင်စည်များ၊ သစ်သား များ၊ ပန်းပွင့်များ၊ အသီးများကို ပျက်စီး၍ ပုပ်စေသည်။ Rot disease ဖြစ်ရသည့် အကြောင်းအရင်းမှာ ရေများခြင်းနှင့် ရေစီးဆင်းမှု ညံ့ဖျင်းခြင်းကြောင့်ဖြစ်သည်။ အခန်းတွင်းစိုက်ပျိုးသော အပင်များတွင် စိုက်ကွင်း ဖြင့် စိုက်ပျိုးသောအပင်များထက် ပို၍တွေ့ရသည်။

ရောဂါပုံစံများ - အမြစ်ပုပ်၊ ပင်စည်ပုပ်၊ အသီးပုပ်၊ မှိုပွင့်ပုပ်နှင့် သစ်သားပုပ်

ရောဂါလက္ခဏာ - အရွက်များ ကြီးထွားမှုညံ့ဖျင်းခြင်း၊ အပင်ညှိုးခြင်း၊ အဝါရောင် (သို့) အညို ပြောင်းခြင်း၊ အရွက်များ အရောင်ဖျော့ခြင်း၊ အမြစ်များပျက်စီးခြင်း၊ အပင်၏အရွက်ကိုင်းဖြား စက်ဝန်း (plant canopy) ပါးခြင်းတို့ တွေ့ရသည်။

ရောဂါကျရောက်အပင်များ - အခန်းတွင်းနှင့် ကွင်းစိုက်ခင်းများနှစ်ခုလုံး တွင်ကျရောက်သည်။ ရေစီးဆင်းမှု ညံ့ဖျင်းသော အခန်းတွင်းစိုက်အပင်များတွင် ပို၍ကျရောက် သည်။

ကာကွယ်နှိမ်နင်းနည်း
-ရေစီးဆင်းမှု ညံ့ဖျင်းသောမြေများတွင် စိုက်ပျိုးခြင်းမှ ရှောင်ပြီး စတင်စိုက်ပျိုးသော အပင်များကို ရေစီးဆင်းမှုကောင်းမွန်ရန် ဘောင်အမြင့်ပြုလုပ်စိုက်ပျိုးပါ။

-  ရေအလွန်အကျွံလောင်းခြင်းမှ ရှောင်ကြဉ်၍ မိုးအခါ ရေမဝပ်စေရန် သတိပြုပါ။

- ခြောက်သွေ့သောအခါနှင့် မြေကြီးအတွင်း ရေလိုအပ်သောအခါမှ ရေလောင်းပါ။

- ရောဂါကျ အပင်အစိတ်အပိုင်းများအားလုံးကို အခြားစိုက်ကွင်းများ ပျံ့နှံမှုမရှိစေရန် ချက်ချင်း ဖယ်ရှား ပါ။

- ဓါတုဆေးအနေဖြင့် methyl bromide ကို ရောဂါကျ အပင်ပေါ်နှင့် အပင်ခြေများတွင် ထည့်သွင်း ခြင်းဖြင့် ရောဂါကျရောက်မှုကို လျော့ချနိုင်မည်ဖြစ်ပြီး လုံးဝပျောက် ကင်းသွားမည် မဟုတ်ပါ။

၆။ Anthracnose : မှည့်ပြောက်စွန်း

ရောဂါဖြစ်စေသည့်အကြောင်းအရာ - မျိုးရင်း “ Colletotrichum ”တွင်ပါဝင်သောမှို ကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး ဥယျာဉ်ခြံအပင်များတွင် အများအားဖြင့်တွေ့ရသည်။

ရောဂါလက္ခဏာ - အနက်ရောင် ရေစိုနာ အစင်းကြောင်းများကို ပင်စည်များ၊ အရွက်များ၊ အသီးများတွင် တွေ့ရ သည်။

ကာကွယ်နှိမ်နင်းနည်း
- ရောဂါကျအပင်၏ အရွက်၊ အသီး၊ ပင်စည်များအား မဆွေးအောင်ပြုလုပ်ခြင်းဖြင့် မှိုစပိုးများမပြန့် အောင် ကာကွယ်ပါ။
- အပင်စတင်ကြီးထွားချိန်နှင့် ကြီးထွားနေစဉ်တွင် ကော့ပါးအရည်နှင့် ဆာလဖာမှုန့် ထည့်ပေးနိုင်သည်။
- ပိုးဥများ၊ လောက်ကောင်များ၊ မှိုများ ကျရောက်မှုကို တမာစေ့ဆီဖြန်းခြင်းဖြင့် ကာကွယ် နိုင်သည်။

၇။ Scabs : အနာဖေးရောဂါ
ရောဂါဖြစ်စေသည့်အကြောင်းအရာ - မှိုကြောင့်ဖြစ်သောရောဂါဖြစ်ပြီး အရွက်၊ အသီး၊ ဥ (leaves , fruits , tubers) များတွင် ကျရောက်သည်။ မှိုကြောင့် တစ်ရှုးများ မာကျောခြင်း၊ ရင့်ခြင်း၊အက်ကွဲခြင်း ဖြစ်စေသည်။ ပန်းသီးနှင့် သစ်တော်သီးများတွင် ကျရောက်သော အသီးအနာဖေးရောဂါသည် အဆိုးဝါးဆုံးပြဿနာဖြစ်သည်။

ကာကွယ်နှိမ်နင်းနည်း
-  ကိုင်းဖြတ်ခြင်း(pruning) ပြုလုပ်ရမည့်အချိန်တွင် ပြုလုပ်ခြင်း နှင့် ပင်ကြားတန်းကြား မှန်အောင် စိုက်ပျိုးပါ။
- ရောဂါကျ အစိတ်အပိုင်းများနှင့် ကြွေကျနေသောအရွက်များကို ဖယ်ရှားပါ။
-  ဆာလဖာပါသော မှိုသတ်ဆေးများကို ဖြန်းနိုင်သည်။

Aye Thanda Soe

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....