ပေါင်းပင်များကို နှိမ်နင်းနိုင်သည့်နည်းလမ်းများ
ပေါင်းပင်များသည် သီးနှံပင်နှင့် ရေ၊ အာဟာရဓာတ်၊ နေရောင်ခြည်တို့ကို ရယူယှဥ်ပြိုင်ကြသဖြ င့် သီးနှံပင်များ၏ အထွက်နှုန်းကို များစွာထိခိုက်စေပါသည်။ သီးနှံအရည်အသွေးကိုလည်း ကျဆင်းစေပါသည်။ ပေါင်းပင်များရှိနေခြင်းသည် ရောဂါပိုးမွှားတို့၏ ခိုအောင်းရာ နေရာသဖွယ် ဖြစ်စေပါသည်။ ပေါင်းပင်များမှ ဓာတုပစ္စည်းများထုတ်လုပ်ခြင်းဖြင့်လည်း သီးနှံပင်များကို ဒုက္ခဖြစ်စေပါသည်။
ထို့ကြောင့် ပေါင်းပင်များကို နှိမ်နင်းရာတွင်
(က) ထွန်ထယ်များဖြင့် မြေပြင်ခြ င်း
မိုးဦးကျသည်နှင့်တစ်ပြိုင်နက် ထွန်၊ ထယ်များဖြ င့် မြေကိုထိုးဆွပေးလျှင် ပေါင်းမျိုးစေ့များ ပေါက်လာစေပါသည်။ ထိုပေါက်လာသောပေါင်းပင်များကို ထပ်မံထွန်မွှေပေးခြင်းဖြင့်ဖျက်ဆီးပစ်ရပါမည်။ သီးနှံရိတ်သိမ်းပြီးလျှင်ပြီးခြင်း ထယ်ကို အခါအားလျော်စွာ ကြိမ်ဖန် များစွာ ထိုးပေးခြင်းဖြင့် ပေါင်းကိုနှိမ်နင်းနိုင်ပါသည်။
(ခ) လက်ဖြင့်နှုတ်ယူခြင်း
လက်ပေါင်းလိုက်ခြင်းသည် လက်သုံးကိရိယာငယ်တစ်ခုခုကို အသုံးပြုပြီး ပေါင်းနှိမ်နင်းခြင်း ဖြစ်သည်။ လက်ပေါင်းလိုက်ခြင်းဖြ င့် ပေါင်းပင်ငယ်များနှင့် အလွယ်တကူဆွဲနှုတ်နိုင်သည်။ တစ်နှစ်ခံပင်များအတွက် ထိရောက်မှုရှိသော်လည်း နှစ်ရှည်ခံပေါင်းပင်များကိုမူ ထိရောက်မှုမရှိပါ။
(ဂ) စိုက်ခင်းကို ကြားလိုက်ခြ င်း
အတန်းလိုက်စိုက်ထားသော သီးနှံခင်းများတွင် ကြားလိုက်ကိရိယာများကို အသုံးပြုခြင်းဖြင့် အတန်းကြားတွင် ပေါက်သောပေါင်းပင်များကို နှိမ်နင်းနိုင်ပါသည်။ လက်တွန်းဘီးတပ်ပေါင်းလိုက်ကိရိယာများ၊ တိရစ္ဆာန်ဆွဲပေါင်းလိုက်ကိရိယာများနှင့် လယ်ထွန်စက်တပ်ပေါင်းလိုက်ကိရိယာများကို အသုံးပြုပါက ထိရောက်မှုရှိပြီး မြန်မြန်ဆန်ဆန် လုပ်ငန်းပြီးမြောက်ပါသည်။ အချိန်မီ ပေါင်းရှင်းနိုင်သဖြင့် သီးနှံအထွက်နှုန်း တိုးတက်စေပါသည်။
(ဃ) ရေဖြင့်လွှမ်း၍ကာကွယ်နှိမ်နင်းခြင်း
စိုက်ခင်းကို ရေလွှမ်းထားခြင်းအားဖြ င့် အချို့သောပါင်းပင်များ၏ ကြီးထွားမှုကိုလျော့နည်းကစပြီး တဖြည်းဖြည်း အပင်များဝါလာကာ သေကျေပျက်ဆီးစေပါသည်။ ထို့အပြင် လယ်စပါးတွင် ရေလွှမ်းပေးခြင်းဖြင့် ပေါင်းစေ့များမပေါက်အောင် ဆောင်ရွက်နိုင်ပါသည်။သို့သော် ဤနည်းသည် ရေကြိုက်သော ပေါင်းပင်များအတွက် ထိရောက်မှုမရှိပါ။
(င) မီးရှို့၍နှိမ်နင်းခြင်း
ပေါင်းသတ်လောင်မီး (Flame Gun) ကိုအသုံးပြုပြီး သီးနှံစိုက်ခင်းများတွင် နုနယ်သော ပေါင်းပင်များကို သတ်ကြသည်။ အပင်များ ချက်ချင်းပင် နွမ်းပြီးလောင်ကျွမ်းသွားသဖြင့် အလွန်ထိရောက်သောနည်းဖြစ်သည်။ သီးနှံမစိုက်ပျိုးမီအချိန်၌လည်း စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များ၊ အပင်အကြွင်းအကျန်များနှင့် အမှိုက်သရိုက်များကို မီးရှို့၍ထိရောက်စွာနှိမ်နင်းနိုင်ပါသည်။
(စ) သီးနှံအလှည့်ကျစိုက်ပျိုးခြင်း
သီးနှံတစ်ခုတည်း ဆက်တိုက်စိုက်ပျိုးပါက ပေါက်ရောက်သော ပေါင်းမျိုးစိတ်များသည် သီးလှည့်စနစ်ဖြင့် စိုက်ပျိုးသောအခါ ပြောင်းလဲသွားပါသည်။ ထို့ကြောင့် သီးနှံအလိုက် ဒွန်တွဲပေါက်ရောက်တတ်သော ဆိုးရွားသည့်ပေါင်းပင်များ ပေါက်ရောက်မှုကို သီးလှည့်စိုက်စနစ်ဖြင့် ဟန့်တားနှိမ်နင်းနိုင်ပါသည်။
(ဆ) ဇီဝနည်းဖြင့်နှိမ်နင်းခြ င်း
ဇီဝနည်းဖြင့်ပေါင်းနှိမ်နင်းခြင်းဆိုသည်မှာ အင်းဆက်ပိုးများ၊ ပင့်ကူနီများ၊ မှိုများ၊ တီပိုး၊ ဘက်တီးရီးယားများ၊ ငါး၊ နို့တိုက်သတ္တဝါ၊ ငှက်နှင့် ဘဲများ စသည့်သက်ရှိများကို အသုံးပြု၍ ပေါင်းကိုနှိမ်နင်းခြင်းဖြစ်သည်။

(ဇ) ပေါင်းသတ်ဆေးဖြင့်နှိမ်နင်းခြင်း
ဓာတုပေါင်းသတ်ဆေးများကို အသုံးပြု၍ ပေါင်းကို ကာကွယ်နှိမ်နင်းနိုင်ပါသည်။ သို့သော် ပေါင်းသတ်ဆေးသည် အပင်ကိုသတ်သော ဆေးဖြစ်သဖြ င့် သုံးစွဲသူအနေဖြင့် ပေါင်းသတ်ကဆးနှင့် ပတ်သက်သော အခြေခံဗဟုသုတရှိရန် လိုပါသည်။ သို့မှသာ သီးနှံပင်ကို မထိခိုက်စေဘဲ ပေါင်းကိုထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်မည်ဖြစ်ပါသည်။ အချို့ပေါင်းသတ်ဆေးများသည် အပင်များကိုရွေးချယ်သတ်နိုင်ပြီး အချို့မှာ အပင်အားလုံးကို သေစေနိုင်ပါသည်။ အချို့မှာ လူနှင့်ကျွဲ၊ နွားများကိုပါ အဆိပ်ဖြစ်စေသဖြင့် အသုံးပြုရာတွင် လေ့လာပြီးမှဆင်ခြင်၍ အသုံးပြုသင့်ပါသည်။ ပေါင်းသတ်ဆေးအသုံးပြုရာတွင် ဆေးအမျိုးအစား၊ ဆေးနှုန်းထား၊ ဆေးပက်ဖျန်းပုံ၊ ပတ်ဝန်းကျင်အခြေအနေ၊ ပေါင်းပင်နှင့် သီးနှံပင်တို့၏ အပင်ကြီးထွားမှုအဆင့်၊ ပေါင်းပင်အမျိုးအစား စသည်တို့ မှန်ကန်ရပါမည်။
ပေါင်းသတ်ဆေးအမျိုးအစားများ
ပေါင်းသတ်ဆေးကို အမျိုးအစားခွဲခြားရာ၌ အပင်ပေါ်အကျိုးသက်ရောက်မှုကိုကြည့်၍လည်းကောင်း၊ ဓာတုဖွဲ့စည်းပုံကို ကြည့်၍လည်းကောင်း ခွဲခြားပါသည်။
စိုက်ပျိုးရေးပညာရှင်များက ပထမအချက်ကိုကြည့်၍ အောက်ပါအတိုင်းခွဲခြားပါသည်။
- က။ အညွန့် သို့မဟုတ် မြေပေါ်အစိတ်အပိုင်းများကို ပက်ဖျန်းသည့် ပေါင်းသတ်ဆေး (Foliar Applied Herbicide)
- ခ။ မြေတွင်းထည့်သွင်း၍ အသုံးပြုရသော ပေါင်းသတ်ဆေး (Soil Applied Herbicide)
- ဂ။ ရွေးချယ်အာနိသင်ရှိသော ပေါင်းသတ်ဆေး(Selective Herbicide)
- ဃ။ ရွေးချယ်အာနိသင်မရှိသော ပေါင်းသတ်ဆေး (Non Selective Herbicide)
- င။ အပင်မစိုက်မီ စိုက်ခင်းအတွင်းရှိသော ပေါင်းပင်များကို ပက်ဖျန်းရသော ပေါင်းသတ်ဆေး (Pre-plant Herbicide)
- စ။ မျိုးစေ့ချပြီး အပင်မပေါက်မီ မြေပေါ်ပက်ဖျန်းရသော ပေါင်းသတ်ဆေး (Pre-emergence Herbicide)
- ဆ။ သီးနှံပင်နှင့် ပေါင်းပင်များပေါက်ရောက်ပြီးမှ ပက်ဖျန်းရသော ပေါင်းသတ်ဆေး (Post-emergence Herbicide)
- ဇ။ ဆေးနှင့်ထိတွေ့သော အပင်အစိတ်အပိုင်းများကိုသာ သေစေနိုင်သော ပေါင်းသတ်ဆေး(ထိတွေ့သောပေါင်းသတ်ဆေး- Contact Herbicide)
- စျ။ ဆေးနှင့်ထိတွေ့သော အပင်အစိတ်အပိုင်းများမှတစ်ဆင့် တစ်ပင်လုံးပျံ့နှံ့သော ပေါင်းသတ်ဆေး (ပင်လုံးပြန့်ပေါင်းသတ်ဆေး- Systemic Herbicide)
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သီးနှံ
လွန်ခဲ့သော ၃ နှစ် ကဘယ်လိုနှိမ်နင်းရမလဲ
ဆက်စပ်မေးခွန်းများ
တစ်ပင်းလုံးညိုးခြောက်သေဆုံးရပါသလဲ တစ်ပင်ပြီးတစ်ကူးစပ်သကဲ့သို့ သေဆုံးလျက်ရှိပါတယ် ဘယ်လိုဆေးမျိုးသုံးရမလဲ
Cybergreen • ဖြေကြားချက် 2 ခု
ဆရာရေ စပါးခင်းမှာ လောင်မီးပိုး ကျနေလို့ ဘာဆေးဖျန်းရမလဲခင်မျာ အပင်သက်တမ်းက ရက်၉၀ ရှိပါပြီ ဆေးဖျန်းရင် အပင်လောင်မှာလည်း စိုးလို့ပါ
U Thu • ဖြေကြားချက် 1 ခု
ဆရာ အခုရက်ပိုင်းမိုင်းကလဲကောင်း ခရမ်းချဥ်ကလဲရောဂါကင်း မှိုရောဂါမဝင်အောင် ဒီဂရန်း 600 နဲ့ မင်းသားအတွဲ နှစ်မျိုးရောဖျန်းလို့ရပီလားဆရာ ဒီနှစ်တော့ မန်ကိုဇက် တစ်ကြိမ်ပဲ ဝင်ရသေးတယ်ဆရာ မနှစ်ကတုန်းကတော့ အဲ့ နှစ်မျိုးရောဖျန်းတာ အပင်လဲ စိမ်းစိုပီးတက်လာတယ် အပွင့်လဲ လိုက်လာတယ်ဆရာ ဆရာဖျန်းခိုင်းမှဖျန်းမှာပါဆရာ ဆေးကတော့ ကြိုက်လို့ ကြိုဝယ်ထားပါတယ်ဆရာ
U Yan • ဖြေကြားချက် 3 ခု
အပင်သန်ကြိုင်ခြင်လို့ပါဘယ်လို့အသုံးပြု၍ဘာတွေထည့်ရလည်း
ဦးမိုက် • ဖြေကြားချက် 1 ခု
စပါးဘေးရွက်တွေ နီနေပါတယ်
Nay • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026