စပါးတွင်ကျရောက်သော ဂျပိုးနက် (Rice Black bugs)
ဖျက်စီးပုံ
စပါးပင်၏ ပင်ရည်ကို စုပ်စား၍ အရွက်၏အရောင်ကို အညိုရောင်သို့ပြောင်းစေခြင်း၊ ခေါင်ညွှန့်သေဆုံးခြင်း (dead- heart) ၊ အပင် လောင်ခြောက်သွေ့ အကွက်လိုက်သေဆုံးခြင်း (bugburn)တို့ဖြစ်စေသည်။ ဖျက်ဆီးခံရသော အပင်သည် အပင်ပုခြင်း၊ ပင်ပွားလျော့ နည်း ခြင်း၊ ခေါင်နှံဖြူထွက်ခြင်းတို့ ဖြစ်စေသည်။
ပိုးကျရောက်မှုများပါက စပါးအထွက်ကို လျော့ကျစေသည်။ ဂျပိုးနက်သည် စပါးပင်တွင် အပင်ငယ်မှစ၍ အနှံထွက်ရင့် မှည့်ချိန်အထိ စပါးပင်၏ အပင်သက်တမ်း တစ်လျှောက်တွင် ကျရောက်ဖျက်ဆီးသည်။ စပါးရုံတစ်ရုံတွင် အရွယ်ရောက် ဂျပိုးနက် ၁၀ ကောင် ကျရောက်ဖျက်ဆီးပါက အချို့သော စပါးမျိုးများတွင် စပါးအထွက် ၃၅ % ထိ လျော့ကျသွားသည် ကို တွေ့ရသည်။
ကျရောက်သည့်နေရာနှင့် ကျရောက်သည့်အခြေအနေ
၁. မိုးများပြီးရေသွင်း စိုက်ပျိုးရသည့် စိုစွတ်သော ပတ်ဝန်းကျင် အခြေအနေတွင် များသော အားဖြင့်တွေ့ရသည်။
၂. ဆက်တိုက် စပါးစိုက်ပျိုးသောနေရာများနှင့် ရေသွင်းရေထုတ် ခက်ခဲသော စိုက်ကွင်းများတွင် ပိုမိုတွေ့ရသည်။
၃. ပိုးကျရောက်မှုကို နွေစပါးစိုက်ရာသီ နှင့် အပင်စိတ်စိတ် စိုက်ပျိုးထားသော စိုက်ခင်း ကြဲခင်းများတွင် ပိုမိုများပြားစွာ တွေ့ရသည်။
၄. ဥများ ဥနိုင်သော အရွယ်ရောက်ပိုးကောင်များသည် လပြည့်ညများ၌ လ၏ အလင်းရောင်အောက်တွင် ပျံသန်းကြ သည်။
၅. အပင်အရေအတွက် များစွာ စိုက်ထားသော အပင်ရှည်သည့် စပါးခင်းနှင့် နိုက်ထရိုဂျင် မြေသြဇာ လွန်ကဲစွာသုံးသော စပါးခင်း များတွင် ပိုမိုကျရောက်သည်။
၆. စပါး မစိုက်ပျိုးသော အချိန်တွင် စပါးခင်းများတွင် ကျန်ရှိသော ရိုးပြတ်များတွင် ဆက်လက် ရှင်သန် ကြီးထွားပြီး ဆက်လက်၍ မျိုးပွားလာကြသည်။

ပိုးက်ေရာက္မႈလကၡဏာ
၁. စပါးရွက်များ အရောင်ဖျော့လာသည်။ ဂျပိုးနက်ဖျက်ဆီးသော စပါးပင် တို့သည် နီညိုရောင် သို့ အဝါရောင် သို့ပြောင်းလဲ သွားသည်။ စပါးရွက်များတွင် အစိမ်းဖျော့ရောင်အစင်း ကြောင်းများတွေ့ရမည်။
၂. ပင်ပွားထွက်ရှိမှု အရေအတွက်များလျော့နည်း လာမည်။ ပင်ပွားများ ညှိုးခြောက် လာမည်။
၃. စပါးပင်များ ကြီးထွားမှုရပ်တန့်သွားမည်၊ အနှံတစ်လစ် ဖြစ်ခြင်း၊ အနှံမထွက်ခြင်း၊ ထွက်လာသော စပါးနှံများ အပြည့် အဝ ဆက်လက် ကြီးထွားမှု မရှိခြင်း၊ စပါးနှံ အဆံမအောင်ခြင်း (သို့) အနှံဖြူများ ဖြစ်ခြင်းတို့ကိုတွေ့ရမည်။
၄. အနှံဖြူများ ထွက်ရှိမှုတွင် ဆစ်ပိုးကျရောက်ချိန် အနှံဖြူများ ထွက်သကဲ့သို့ အနှံဖြူများဖြစ်ပါသည်။ မတူညီသောအချက်မှာ အနှံဖြူအား ဆွဲထုတ်သော အချိန်တွင် အလွယ်တကူ ဆစ်ပိုးတွင် ကျရောက်သကဲ့သို့ ဆွဲ၍မပါလာခြင်း ဖြစ်သည်။
၅. ပိုးပြင်းထန်စွာ ကျရောက်မှုကို အနှံထွက်ချိန်နှင့် ရင့်မှည့်ချိန်တွင်မှ ပိုမို သိသာ ထင်ရှားစွာ သိရှိရသည်။

ကာကွယ်နှိမ်နင်းနည်း
၁. ဂျပိုးနက်၏ ဒဏ်ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပါ။
၂. စပါးခင်းတွင် ပေါင်းမြက် ကင်းစင်ရန် နှင့် စပါးခင်း အား နွေထယ်ရေးခံပါ။
၃. ပိုးများ၏ဘဝစက်ဝန်းကို ဖျက်ဆီးရန်အတွက် တူညီတဲ့ ရင့်မှည့်ချိန်ရှိသော စပါးမျိုးများကို တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးပါ။
၄. ဥ ဥနိုင်သော အရွယ်ရောက် ပိုးကောင်များကို လျော့ချနိုင်ရန်အတွက် မာကျူရီ မီးသီးဖြင့် အလင်းထောင်ခြောက်များကို လပြည့်ရက် မတိုင်မှီ (၅) ရက်မှစတင်ပြီး လပြည့်ပြီးနောက် ပိုင်း (၅)ရက်ထိ အလင်းထောင်ခြောက်များကို ထွန်းညှိပါ။
၅. ဇီဝနည်းအရ - ဘဲ လွှတ်ကျောင်းခြင်း၊ ဖားများ စပါးခင်းအတွင်းရှိစေခြင်း၊ မိတ်ဆွေပိုး များဖြစ်သည့် သားရဲကောင် ပင့်ကူ၊ ပုရစ်၊ ကျိုင်းကောင်၊ အနီရောင်ပုရွက်ဆိတ်များ ရှိစေခြင်း အားဖြင့် ထိန်းချုပ်နိုင်ပါသည်။
၆. ရေသွင်းခြင်းဖြင့် ပိုးကျရောက်မှုလျော့ချနိုင်သည်မှာ
ပိုးကျရောက်မှုစတင် တွေ့ရှိချိန်တွင် စပါးခင်းအား ၂-၃ ရက်အထိ ရေလွှမ်း ထားခြင်းဖြင့် ဖျက်ပိုးများ ရေပေါ်သို့ ရောက်ရှိ သေဆုံးသွားမည်။
ရေလွှမ်းထားခြင်းဖြင့် ဖျက်ပိုးဥအများအပြားကို ဖျက်ဆီးနိုင်မည်။ ဖျက်ပိုးဥ များသည် ရေထဲတွင် ၂၄ နာရီကြာ နစ်မြုပ်ပါက ဥမှ အကောင်မပေါက် နိုင်ဘဲ သေဆုံးသွားမည်။
ရိတ်သိမ်းပြီးချိန်တွင် နွေထယ်ရေးခံခြင်းဖြင့် ကျန်ရစ် ဖျက်ပိုးများ၏ ဘဝစက်ဝန်းအား ဖျက်ဆီး ဖယ်ရှားရမည်။
၇။ ပိုးသတ်ဆေးသုံးစွဲ၍ကာကွယ်နှိမ်နင်းပါက-
ထိသေစားသေ ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေးကို သုံးစွဲပါ။ အခဲထက် အရည်နှင့် အမှုန့်ကို သုံးစွဲပါ။ ဆေးဖြန်းပါက အပင်ကိုသာမက အပင်ခြေနှင့် အပင်အနီး မြက်ပင် ပေါင်းပင်များကိုပါ ဖြန်းရန်လိုအပ်သည်။ ai – lambda-cyhalothrin နှင့် imidachloprid ကို တွဲ ၍ ဖြန်းပါ။
Aye Thanda Soe
Ref; -control rice black bugs the natural way- Philippine Rice Research institude
- Rice black bug ( RBB ) ALARMS FARMERS IN PANGASINAN
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
စပါးဂျပိုးနက်
Aung Myo
လွန်ခဲ့သော ၅ နှစ် ကသက်တန်ဘယ်လောက်နေနိုင်လဲ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ayethandasoe
အားလုံး
ဒူးရင်းသီးတွင်ကျရောက်သော အသီးပုပ်ခြင်းရောဂါ (Durian Fruit disease )
23/10/2020
ဒူးရင်းအရွက် ငှက်မျက်စိကွက်ရောဂါ
20/05/2020
ဒူးရင်းအရွက်သံချေးရောဂါ ( Durian Leaf Green Alga Rust )
14/05/2020
ဒူးရင်းရွက်အစက်အပြောက်ရောဂါ ( Durian Leaf spot )
05/05/2020
ပန်းထိမ်ငိုပန်း(Globba winitii - Dancing girl ginger) စိုက်ပျိုးနည်း
20/04/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....