အစိမ်းရောင်လမ်း
ယခုလအတွင်း ပြည်တွင်းနှင့် အနီးဝန်းကျင် ငလျင်လှုပ်မှု ၁၃ ကြိမ်ထိရှိလာ

ယခုလအတွင်း ပြည်တွင်းနှင့် အနီးဝန်းကျင် ငလျင်လှုပ်မှု ၁၃ ကြိမ်ထိရှိလာ

ဒီနေ့ ဇူလိုင် ၇ ရက် မနက်ပိုင်းမှာတင် ပြည်တွင်းငလျင်နှစ်ခုထပ်လှုပ်ခဲ့ပြီး ယခုလအတွင်း ၇ ရက်မပြည့်ခင်မှာတင် ပြည်တွင်းနဲ့ အနီးဝန်းကျင် ငလျင်လှုပ်မှု ၁၃ ကြိမ်အထိရှိလာပြီဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ငလျင်သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံပြည်တွင်းကိုဗဟိုပြုပြီး ၈ ကြိမ်၊ မြန်မာနိုင်ငံနဲ့အနီး ပြည်ပနေရာတွေမှာ လှုပ်ရှားမှု ၅ ကြိမ် အင်အားအနည်းငယ်ရှိငလျင်တွေ စုစုပေါင်း ၁၃ ကြိမ်ထိ လှုပ်ခဲ့တာဖြစ်ပါတယ်။

အခုနောက်ဆုံး ၃ ရက်အတွင်းမှာတင် ငလျင်လှုပ်မှု ၇ ကြိမ်ထိ ရှိထားပြီး ပြည်တွင်း ငလျင် ၅ ကြိမ်နဲ့ ပြည်ပငလျင် ၂ ကြိမ်ဖြစ်ပါတယ်။

ဇူလိုင်လ ၁ ရက်မှ ဇူလိုင် ၇ ရက် လက်ရှိအချိန်ထိ လှုပ်ခဲ့သောငလျင်များ..

ငလျင် ၁ - ဇူလိုင်လ (၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၄၃)မိနစ်၊ (၄၇)စက္ကန့် အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း (ကျိုင်းတုံမြို့၏ အရှေ့-အရှေ့တောင်ဘက် (၉)မိုင်ခန့်အကွာ) ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၂ - ဇူလိုင်လ (၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၃၁)မိနစ်၊ (၃၇)စက္ကန့် အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း (မိုင်းလား မြို့၏ အနောက်မြောက်ဘက် (၁၀)မိုင်ခန့်အကွာ) ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၃ - ဇူလိုင်လ (၃) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၅၆)မိနစ်၊ (၁၄)စက္ကန့် အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း (အောင်လံမြို့၏ အနောက်မြောက်ဘက် မိုင်(၂၀) ခန့်အကွာ)၊ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၄ - ဇူလိုင်လ (၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅)နာရီ၊ (၀၆)မိနစ်၊ (၂၅) စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၀) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်

ငလျင် ၅ - ဇူလိုင်လ (၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၂၅)မိနစ်၊ (၁၉) စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၆ - ဇူလိုင်လ (၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၁၈)မိနစ်၊ (၀၈) စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)၊ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၇ - ဇူလိုင်လ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၀၁)မိနစ်၊ (၃၁) စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)၊ ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၈ - ဇူလိုင်လ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၃၉)မိနစ်၊ (၀၃) စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း (ရန်ကုန်မြို့(လှိုင်မြို့နယ်))၏ အရှေ့မြောက်ဘက် (၁)မိုင် ခန့်အကွာ) ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၀) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်

ငလျင် ၉ - ဇူလိုင်လ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၅၉)မိနစ်၊ (၅၈)စက္ကန့် အချိန်တွင် မြန်မာနိုင်ငံ ပြည်တွင်း (သရက်မြို့၏ တောင်-အရှေ့တောင်ဘက် မိုင်(၁၁) ခန့်အကွာ) ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား

ငလျင် ၁၀ - ဇူလိုင်လ (၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၃၁)မိနစ်၊ (၁၃)စက္ကန့် အချိန်တွင် မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)၊ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၁၁ - ဇူလိုင်လ (၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၀၁)မိနစ်၊ (၄၀)စက္ကန့် အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း (နမ့်စန်မြို့၏ မြောက်ဘက် (၅)မိုင်ခန့်အကွာ)၊ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၁၂ - ဇူလိုင်လ (၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၆)နာရီ၊ (၅၃)မိနစ်၊ (၄၈)စက္ကန့် အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း (လင်းခေးမြို့၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)၊ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၁၃ - ဇူလိုင်လ (၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၂၈)မိနစ်၊ (၂၉) စက္ကန့်အချိန်တွင် ‌မြန်မာနိုင်ငံပြည်တွင်း (နမ့်စန်မြို့၏ အ‌ရှေ့-အရှေ့မြောက်ဘက် (၆)မိုင် ခန့်အကွာ) ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

Photo Crd- မိုး/ဇလ

ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်တွေနဲ့ပတ်သက်လို့ စိုးရိမ်စိတ်မလွန်ကဲကြဖို့အကြောင်းကိုတော့ အောက်ကလင့်မှာ ဝင်ရောက်ဖတ်နိုင်ပါတယ်။
https://bit.ly/3alUjKU
🙅‍♂️ စိုးရိမ်စိတ်/ကြောက်စိတ်လွန်ကဲလို့လည်း မရပါ။
🙅ကြောက်စရာမလိုဘူးဆိုပြီး အတင့်ရဲလို့လည်း မရပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
ဦးဝင်းနိုင်

ဦးဝင်းနိုင်

လွန်ခဲ့သော ၄ နှစ် က

ကျနော်တို့ထဲက ပြတ်ရွေ့ကြီးတွေကတော့ လှုပ်ရှားမှု ရှိ/မရှိ မသိရဘူးပေါ့၊ ပြတ်ရွေ့တွေမှာ တပ်ထားတဲ့ sensor တွေ အလုပ်လုပ်သေးလား၊ ရှိကောရှိသေးရဲ့လား မသိတော့ပါဘူးဗျာ။ အဲ့ဒါတွေက တချိန်လုံးစောင့်ကြည့် သုတေသန လုပ်နေရမှာတွေ၊ ငလျင်တိုင်းတာရေးစခန်းတွေက ရတဲ့ အချက်အလက်အပြင် sensor တွေက ရတဲ့ ပြတ်ရွေ့အရွေ့(movements of faults)တွေပါ record လုပ်ပြီး ထိန်းသိမ်းထားနိုင်ရင်တော့ ကြိုတင်သတိထားနိုင်ဖို့ တွက်ဆချက်တွေအတွက် အထောက်အကူဖြစ်နိုင်မယ်။ ငလျင်ဆိုတာကတော့ ဖြစ်လာပြီးမှ ပြင်းရင်ပြင်းသလို အပျက်အစီးကများမယ်၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကလဲ လူဦးရေထူထပ်တဲ့ နေရာတွေဆိုရင် ပိုပြီးခက်ခဲတဲ့ ရှာဖွေကယ်ဆယ်ရေးတွေလုပ်ရမှာပါဘဲ။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....