ယခုနှစ်မိုးနှောင်းကောင်းနိုင်ပြီး ဖျက်မိုးအန္တရာယ် တောင်သူများ သတိပြုရန်လို
လာနီညာရဲ့သက်ရောက်မှု၊ လက်ရှိ နိုင်ငံတကာ မိုးလေဝသ ခန့်မှန်းချက်တွေအရ အခုနှစ်မိုးနှောင်း ကောင်းနိုင်ပြီး စပါးစိုက်တောင်သူတွေအတွက် ဖျက်မိုးအန္တရာယ်တွေရှိနိုင်တယ်လို့ နိုင်ငံတကာ မိုးလေဝသ အခြေအနေများ စောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်က ကြိုတင်ခန့်မှန်းပါတယ်။
“ စက်တင်ဘာလ ၂၂ ရက် - ၂၃ ရက်နေ့ နောက်ပိုင်းက စ ပြီး အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံ အထက်ပိုင်းကဆုတ်ခွာပြီးချိန်မှာ အရှေ့လေစီးကြောင်းက သိသိသာသာအားပိုကောင်းလာမယ်၊ အရှေ့လေပွေလှိုင်းများ ပိုမိုဖြစ်လာနိုင်ခြေလဲ ရှိနေတဲ့အပြင် အရှေ့ဘက်က ပိုမိုအားကောင်းလာတဲ့ လေစီးကြောင်းနဲ့ အတူပါလာမဲ့ မိုးတိမ်တိုက်တွေကြောင့် မြန်မာနိုင်ငံမှာ စက်တင်ဘာလကုန်အထိ မိုးဆက်ရွာနေဦးမဲ့ အခြေအနေများက ဖြစ်ပေါ်နေဦးမှာကို ECMWF Model ကြိုတင်ခန့်မှန်းချက်မှာ တွေ့ရပါတယ်” လို့ ဦးဝင်းနိုင်က သူ့ရဲ့ဖေ့စ်ဘွတ်အကောင့်ကနေ ကြိုတင်သတိပေးမှု ပြုလုပ်ထားတာ ဖြစ်ပါတယ်။

“ ရာသီဥတုကြိုတင်ခန့်မှန်းထားတဲ့ အခြေအနေတွေအရဆိုရင်တော့ အောက်တိုဘာ ၄ ရက် နေ့အထိလောက်တော့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ နံပါတ်တစ် လာနီညာက ဆက်ဖြစ်နေတယ်။ လာနီညာက သူ့ဟာသူ အားပျော့ပျော့၊ အားပြင်းပြင်းပေါ့။ လာနီညာဖြစ်ပြီ ဆိုကတည်းက စွတ်စိုတဲ့ ရာသီဥတုအခြေအနေက ဖြစ်ဖို့ ပိုများနေတာပေါ့။ နောက်တစ်ခုက Global ကနေ ခန့်မှန်းပေးထားတဲ့ အနေအထားအရရယ်။ အောက်တိုဘာ ၄ ရက်နေ့အထိကတော့ မိုးနှောင်း ကောင်းနေမယ့်အနေအထားရှိတယ်။ နောက်တစ်ချက်က အရှေ့မြောက်ဘက်ကဝင်လာမယ့် အရှေ့ လေစီးကြောင်းပေါ့နော်။ ကျွန်တော်တို့ အရင်တုန်းက ခေါ်တာတော့ အရှေ့မြောက်မုတ်သုံလေလို့လည်း ခေါ်ဖူးတယ်။ အဲ့ဒီ လေစီးကြောင်းအားကောင်းပြီးတော့ အရှေ့ဘက်က တိမ်တွေထပ်ပြီး ဝင်နေ ဦးမယ်ဆိုရင် အောက်တိုဘာလလည်း မိုးဆက်ပြီးကောင်းသွားနိုင်တယ်။ အဲ့တော့ ခြုံပြောရရင်တော့ မိုးနှောင်းက အောက်တိုဘာလကုန်လောက်ထိတောင် သွားနိုင်တယ်။ ဆိုတော့ စပါးစိုက်တောင်သူတွေ အတွက် ဖျက်မိုးဖြစ်လာနိုင်တဲ့အခြေအနေက စိုးရိမ်စရာရှိတယ်” လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

နောက်ထပ်အနေနဲ့ တောင်တရုတ်ပင်လယ်မှာ လေဖိအားနည်းရပ်ဝန်းတွေ ဖြစ်လာနိုင်တဲ့ အခြေအနေတွေရှိနေတာကလည်း မိုးနှောင်းကောင်းနိုင်မှုအပေါ် သက်ရောက်နေတယ်လို့လည်း ဦးဝင်းနိုင်က ခန့်မှန်းပြောကြားပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း စပါးရိတ်သိမ်းခါနီး မိုးနှောင်းပိုင်း မိုးရွာသွန်းမှုတွေကြောင့် မိုးစပါးစိုက်ခင်းတွေ ပျက်စီးမှုအချို့ရှိခဲ့တယ်လို့ သိရပါတယ်။
Photos Crd_U Win Naing FB
(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
ဦးရဲထွဠ်
လွန်ခဲ့သော ၃ နှစ် ကလေးမျက်နှာမြို့မိုးလေဝသဘယ်လအထိရွောနိုင်ပါလယ်း
ဦးကြည်ဝင်း
လွန်ခဲ့သော ၃ နှစ် ကဧရာဝတိတိုင်းမိုးနှောင်း အခြေနေ စပါးပေါ်ချိန်ကို သိလိုပါတယ်ဆရာ
ကိုအောင်မျိုး
လွန်ခဲ့သော ၃ နှစ် ကခုလိုမိုးလေဝသသတင်း ပြောကြားပေးလို့ကျေးဇူးတင်ပါတယ်
စုံတောမြိုင်
လွန်ခဲ့သော ၃ နှစ် ကဦးဝင်းနိုင်ရေကျနော်တို့ ရာဘာတောင်သူတွေ အခုထက်ထိအစေးမလှီးရသေးပါဘူးပုသိမ် မှာမိုးကနေ့စဉ်ရက်ဆက်ရွာနေပါ တယ်အောက်တိုဘာ လရဲ့ပုသိမ်မြို့ရာသီ ဉတုလေးခန့်မှန်းပေး ပါဦး။
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကနိုဝင်ဘာလလဆန်း အထိမိုးရွှာနိုင်လားဆရာ ပဲခူးတိုင်းအနောက်ခြမ်းကပါ
ဆက်စပ်ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....