မုတ်သုံလေ အားပိုကောင်းလာမှုကြောင့် မနက်ဖြန် မြန်မာပြည်အောက်ပိုင်းဒေသများ မိုးကောင်းနိုင်
အိန္ဒိယအရှေ့ဘက်ကမ်းခြေနားမှာဖြစ်နေတဲ့ လက်ဝဲရစ်လေစီးကြောင်းအရှိန်က မုတ်သုံလေကို အားကောင်းလာမှုအရှိန်က ဧရာဝတီကမ်းရိုးတန်းတွေထိ ရောက်နေပြီဖြစ်ပြီး မနက်ဖြန် မှာတော့ မြန်မာနိုင်ငံ အောက်ပိုင်းတစ်ခြမ်းလုံးမိုးကောင်းနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်က ခန့်မှန်းပြောကြားပါတယ်။

မုတ်သုံလေအားကောင်းတဲ့လေစီးကြောင်းက တနင်္သာရီတိုင်းလောက်ပဲ ရှိသေးရာကနေ ဒီနေ့မှာတော့ ဧရာဝတီကမ်းရိုးတန်းတွေအထိ ရောက်လာပြီဖြစ်ကာ မနက်ဖြန်နေ့လယ်လောက်ဆိုရင် ဧရာဝတီမြစ််တစ်လျှောက်၊ ပဲခူးရိုးမတစ်လျှောက်ထိ ရောက်လာနိုင်တယ်လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။
“ မနက်ဖြန်မိုးကောင်းနိုင်တာကတော့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်၊ ဧရာဝတီ၊ ပဲခူးတိုင်းတစ်ခုလုံး၊ ရန်ကုန်တိုင်းတစ်ခုလုံး၊ နောက်ပြီး အောက်ဘက် မွန်၊ ကရင်၊ တနင်္သာရီပေါ့။ ကယားပြည်နည်နည်းနည်းပါမယ်။ ရှမ်းပြည်နယ် တောင်ပိုင်းတွေပါလာမယ်”
ဒီလေစီးကြောင်းဟာ ဆက်လက်ရွေ့လျားမှာဖြစ်ပြီး သန်ဘက်ခါ ဩဂုတ် ၆ ရက်ဆိုရင် အလယ်ပိုင်းဒေသတွေအထိ သက်ရောက်မှုရှိနိုင်တယ်လို့ သိရပါတယ်။
“ ၆ ရက်မှာတော့ အားကောင်းလာပြီဟေ့ဆိုရင် စစ်ကိုင်းတိုင်း အထက်ပိုင်းတွေထိ ရောက်လာမယ်။ ချင်းပြည်နယ်၊ မန္တလေးတိုင်းတွေ ပါလာမယ်” လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

လက်ရှိဖြစ်ပေါ်နေပြီဖြစ်တဲ့ လေစီးကြောင်းတွေရယ်၊ ဩဂုတ် ၈ ရက်၊ ၉ ရက်လောက်မှာ တောင်တရုတ်ပင်လယ်မှာ ဖြစ်လာနိုင်မယ့် မုန်တိုင်းအရှိန်တွေရယ်ကြောင့် မိုးအားကောင်းမှုဟာ ဩဂုတ် ၁၁ ရက်၊ ၁၂ ရက်ထိ ရှိနေနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပြောကြားပါတယ်။
Photo Crd _ U Win Naing
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Hlaing Win Aye
လွန်ခဲ့သော ၄ နှစ် ကဧရာဝတီတိုင်း ရောဆရာ
ဒေါ်မာမာထွေး
လွန်ခဲ့သော ၄ နှစ် ကဟုပ်ကဲရှင်မြစ်ရေအချေနေကိုလဲသိပြစေရှင်
ဆက်စပ်ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
အခုဆောင်းရာသီအတွက် ခရမ်းချည်စိုက်ချင်လို့ပါ။ ဘယ်လမှာ စစိုက်ပီး ဘယ်လိုမျိုးမျိုးစိုက်သင့်လဲရှင့် မြေပြင်ကို ဘာတွေလုပ်သင့်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 1 ခု
မတ်ပဲအမြစ်ပွားအပင်သန်အောင်ဘာဆေးသုံးရမလဲ
Sawsamson • ဖြေကြားချက် 1 ခု
မင်းဧရာ ဆရာ/ရေအစိုဓါတ်အနေအထားဘယ်လောက်ပေးဖို့လိုလဲဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
တစ်ပင်းလုံးညိုးခြောက်သေဆုံးရပါသလဲ တစ်ပင်ပြီးတစ်ကူးစပ်သကဲ့သို့ သေဆုံးလျက်ရှိပါတယ် ဘယ်လိုဆေးမျိုးသုံးရမလဲ
Cybergreen • ဖြေကြားချက် 2 ခု
ပဲးခူအနောက်ခြမ်း မာ မိုးစပါ ရိတ်ခြွေစက် ခ ဘဟ်လောက်ရှိလည်းဗျိုု့ ရိပ်ပြီသား လူတေရှိရင်အော်ခဲ့ ပါအုန်း ဘယ်နယ်မာ ဘယ်စျေးနဲ့ ရိတ်ပါတယ် ဆိုတာလေး လည်း ပြေားခဲ့ ပါအုန်းနော် မင်းလှပိုင် စစ်ကွင်းမာတော့ ၁ဧက ၂သိန်း စျေးနဲ့ ယူနေကြတယ် ဗျို့ စပါးကလည်း မြတ်တေမနိုင် စပါးကမထွက်
ကိုကို • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....