အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကချင်ပြည်နယ်ကလွဲလို့ ကျန်ပြည်နယ်တိုင်းများ အပူချိန်များထပ်မံမြင့်တက်လာနိုင်

ကချင်ပြည်နယ်ကလွဲလို့ ကျန်ပြည်နယ်တိုင်းများ အပူချိန်များထပ်မံမြင့်တက်လာနိုင်

ဧပြီလ ၈ ရက်နေ့အထိ တစ်ပတ်စာ extreme forecast မှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအ‌ရှေ့ဘက်ခြမ်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းအထက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ အပူချိန်တိုးလာနိုင်ချေ ၅၀% မှ ၇၀% ကျော်ကျော်ရှိပါတယ်။

🔸 မကွေးတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ မန္တလေးတိုင်းအောက်ပိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာတော့ လာမဲ့ ၇ ရက်အတွင်း အပူချိန်တိုးလာနိုင်ချေက ၉၀% အထက်ရှိကြောင်းတွေ့ရပါတယ်။ 

ပြည်နယ်တိုင်းအားလုံးရဲ့ လာမဲ့ ၇ ရက်အတွက် မိုးရွာနိုင်ချေရာခိုင်နှုန်းကတော့ အနှုတ်ပြနေတာကြောင့် ပုံမှန်မိုးရွာသွန်းနိုင်မဲ့ အခြေအနေတော့ မရှိပါ။ 

⚠️ အနောက်ဘက်-အနောက်မြောက်ဘက်နဲ့ တောင်-အနောက်တောင်ဘက်က ဝင်လာနိုင်တဲ့ မိုးတိမ်တောင်တွေကြောင့် နေရာကွက်ပြီးမိုးထစ်ချုန်းရွာနိုင်ချေနဲ့ လေပြင်းတိုက်နိုင်ချေတွေရှိပေမယ့် အတိအကျကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသေးပါ။

မိမိဒေသတွင်း မိုးတိမ်တောင်များဖြစ်လာရင် ရုတ်တရက်ကျလာနိုင်မဲ့ ထစ်ချုန်းမိုး၊ မိုးသီးကြွေခြင်းနဲ့ စိုက်ဆင်းလေပြင်းတိုက်ခတ်ခြင်းများကို သတိထားကြဖို့သာရှိပါမယ်။

ဖော်ပြပါ မိုးလေဝသ ခန့်မှန်းချက်တွေမှာတော့ ကချင်ပြည်နယ်ကလွဲရင် ကျန်ပြည်နယ်တိုင်းတွေမှာ မိုးရွာသွန်းနိုင်ချေမရှိကြောင်း အပူချိန်များမြင့်တက်လာနိုင်ကြောင်းတွေ့ရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
soenaing

soenaing

လွန်ခဲ့သော ၂ နှစ် က

🙏🏻🙏🏻🙏🏻မဂ်လာအပေါင်းနှင့်ပြည့်စုံကြပါစေ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

အဲ့ရာဘာဖစ်တာလည်း

Ah Sai Shesoi • ဖြေကြားချက် 0 ခု

ဆရာ၊ဆရာမတိုခင်ဗျား ကောက်ရိုးမှိုပျိုးနည်း အသေးစိတ်သိချင်ပါတယ်ခင်ဗျာ။နေပြည်တော်ကပါ မှိုမျိုးစေ့ဘယ်မှာဝယ်လို့ရလဲခင် ချင်ဗျ။ဘယ်ရာသီဖြစ်ဖြစ် မှိုပျိုးလိုရ/မရသိချင်ပါတယ်ခင်ဗျ။မှိုပျိုးချင်သူအား လုပ်ဆောင်နိုင်အောင် အသေးစိတ် ပြောကြားပေးစေချင်ပါတယ်။

ဦးမောင်ကို • ဖြေကြားချက် 1 ခု

စိုက်ပျိုးရေးနဲ့မသက်ဆိုင်ပေမဲ့ ဗဟုသုတအနေနဲ့မေးချင်ပါတယ် ဒီနှစ်ဟာဝါထပ်တာလူတိုင်းသိပြီးဖြစ်ပါတယ် ဒီနေ့ စက်တင်ဘာ10ရက်နေ့ဟာ မြန်မာလ ဝါခေါင်လဆုတ်13ရက်ဖြစ်ပါတယ် အရင်နှစ်(2025)ဟာ ဝါမထပ်သောကြောင့် စက်တင်ဘာ 10ရက်(ဒီကနေ့) ဟာ တော်သလင်းလဆုတ်4ရက်ဖြစ်နေပါတယ် ထိုအရာမှာ ဒီနှစ်တော်သလင်းလဟာ အရင်နှစ် တော်သလင်းလထက် နောက်ကျ ကျန်နေပါတယ် ထို့ကြောင့် ဒီလကို တော်သလင်းလလို့ သတ်မှတ်လို့ရပါသလား ဘယ်လိုတေအမှန်ယူရမလဲ ရှင်းပြပေးပါဦးဆရာခင်ဗျ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်ထဲကိုဘာတွေထည့်ထားသင့်သလဲသိပါရစေ

ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု

ဆားခါးက သီးနှံတွေအတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာ ဗဟုသုတအနေနဲ့သိထားချင်ပါသဖြင့် ဆရာတို့ကျေးဇူးပြု၍ ဖြေကြားပေခဲ့ပါအုံးခဗျာ။

ကိုငြိမ်းဦး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။