အစိမ်းရောင်လမ်း
မိုးဆက်နေဦးမှာမို့ ရေပြန်ကျနိုင်မဲ့ရက် ပိုမိုရှည်ကြာလာနိုင်

မိုးဆက်နေဦးမှာမို့ ရေပြန်ကျနိုင်မဲ့ရက် ပိုမိုရှည်ကြာလာနိုင်

ဇူလိုင်လ လကုန်ရက်၊ ဇူလိုင် ၃၁ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ကုန်းတွင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ထပ်မံဖြစ်ပေါ်နိုင်ကြောင်း ECMWF, GFS, ICON, METEOBLUE-NEMS နဲ့ ECMWF ဉာဏ်ရည်တု AI ခန့်မှန်းချက်များမှာ တပြေးညီ တွေ့လာရပြန်ပါတယ်။

ECMWF chart မှာ ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းက စ ပြီး ၆ နာရီမှ ၁၂ နာရီအတွင်း မိုးရေချိန် ၄၀ မှ ၅၀ မီလီမီတာအထိရွာသွန်းနိုင်ကြောင်း(မိုးများနိုင်ကြောင်း)ခန့်မှန်းချက်ထွက်ပေါ်လာတာလဲတွေ့ရပါတယ်။

လက်ရှိမြစ်ရေကြီးနေတဲ့ဒေသအားလုံးမှာ အထက်ရေကျလာတာထက် မိုးများတာကြောင့် အခြေအနေပိုဆိုးလာတာဖြစ်ကြောင်းလဲ ကြားသိရပါတယ်။ ဇူလိုင်လကုန်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းက ကုန်းတဝက်ရေတဝက်လေဖိအားနည်းရပ်ဝန်းက မိုးရွာသွန်းမှုကို ပိုမိုစေဦးမှာဖြစ်ပြီး ရေပြန်ကျနိုင်မဲ့ရက် ပိုမိုရှည်ကြာလာနိုင်တာကြောင့် ရေကြီးရေလွှမ်းနေပြီးဖြစ်သောဒေသများမှ ပြည်သူများ အထူးသတိထားနိုင်ကြပါရန် အသိပေးတင်ပြလိုက်ပါတယ်။

🔸 နောက် ၄ ရက်အတွင်း မိုးရွာနိုင်/နေပူနိုင်တဲ့အခြေအနေကို အောက်ပါ link မှတဆင့် မိမိပြည်နယ်/တိုင်း/မြို့နယ်များအလိုက် ကိုယ်တိုင်ကြည့်ပေးကြပါရန် - 

https://www.mmweather.org/divisional-cities-weather

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

1
မောင်ကျော်

မောင်ကျော်

လွန်ခဲ့သော ၂ နှစ် က

ပဲခူတိုင်းက သာယာဝတီ မပါလာဘူးဗျာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....