အစိမ်းရောင်လမ်း
ဘင်္ဂလားပင်လယ်အော်အတွင်းက ထူးခြားမိုးလေဝသအခြေအနေ

ဘင်္ဂလားပင်လယ်အော်အတွင်းက ထူးခြားမိုးလေဝသအခြေအနေ

ဩဂုတ်လ ၇ ရက် ၊ နေ့လယ် ၁ နာရီ ၁၅ မိနစ်တွင် ရရှိသည့်ဒေတာများအရ

🔸 ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံအရှေ့ဘက်၊ အန်ဒရာပရာဒက်ရှ်ပြည်နယ်ကမ်းရိုးတန်းအနီးမှာ ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်ပြီး ပေ ၅၀၀၀ အထက်အမြင့်လေထုလွှာတွင် အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation-UACC)တခု ဖြစ်လာနိုင်ပါမယ်။ UACC သည် ဆက်လက်အားကောင်းလာပြီး အမြင့်ဆုံးလေဖိအားနည်းရပ်ဝန်းမှ well-marked LPA တခုအထိဖြစ်လာနိုင်ကာ မုန်တိုင်းဖြစ်လာနိုင်ချေကတော့ အတော်ကိုနည်းတာတွေ့ရပါတယ်။

🔸 ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ထူးခြားမိုးလေဝသအခြေအနေဖြစ်ပေါ်လာတာကြောင့်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အလယ်ပိုင်းနဲ့ ကပ္ပလီပင်လယ်တွေမှာ အနောက်တောင်မုတ်သုံလေ အားကောင်းလာပြီး၊ မြန်မာ့ကမ်းရိုးတန်းဒေသတွေနဲ့ ပင်လယ်ပြင်မှာ မိုးသက်လေပြင်းကျရောက်ခြင်း၊ လှိုင်းကြီးခြင်းများဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီအခြေအနေကြောင့်

ဩဂုတ်လ ၁၂ ရက်နေ့မှ ၁ ပတ်အတွင်းမှာ - 

🔸 ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်း စတဲ့ ဒေသတွေမှာ မိုးအသင့်အတင့်ရွာနိုင်ပြီး၊ နေရာကွက်၍ မိုးများနိုင်ကာ(၂၄ နာရီအတွင်း မိုးရေချိန် ၁.၂ လက်မ မှ ၂ လက်အထက်အထိ ရွာသွန်းရရှိနိုင်ပါတယ်။)

🔸 မိုးနည်းရေရှားဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း‌အောက်ပိုင်းနဲ့ မန္တလေး-မကွေးနယ်စပ်အနီးဒေသတွေမှာတော့ မိုးအနည်းငယ်မှ မိုးအသင့်အတင့်( ၂၄ နာရီ မိုးရေချိန် ၁.၂ လက်မ အောက်)ရွာသွန်းရရှိနိုင်ပါတယ်။

🔸 မြန်မာ့ကမ်းရိုးတန်းအနီးပင်လယ်ပြင်မှာ ဩဂုတ် ၁၂ ရက် မှ ၂၀ ရက်အတွင်း လေပြင်းတနာရီ ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပြီး၊ 

🔸 လေဖိအားနည်းရပ်ဝန်းဗဟိုချက်အနီးမှာ လှိုင်းအမြင့် ၁၁.၅ ပေခန့်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်မှာ လှိုင်းအမြင့် ၆ ပေ မှ ၇ ပေခန့်၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်မှာ လှိုင်းအမြင့် ၅ ပေ မှ ၆ ပေခန့်အထိရှိနိုင်ပါတယ်။

ADDITIONAL INFORMATION FROM EAST

🔸 ဩဂုတ်လ ၁၂ ရက်ဝန်းကျင်မှာ ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာ၊ ဂူအမ်ကျွန်းမြောက်ဘက်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း(16W – SIXTEEN)က အနောက်ဘက်ကို ဆက်လက်ရွေ့လျားရင်း အားပိုကောင်းလာကာ တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ပါမယ်။ 

🔸 တိုင်ဖွန်းမုန်တိုင်းအဖြစ်ရောက်ရှိပြီးတဲ့နောက် အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး တောင်တရုတ်ပင်လယ်ကို ဝင်ရောက်လာနိုင်တာကြောင့် SIXTEEN ကို သတိထားစောင့်ကြည့်ပြီး တောင်တရုတ်ပင်လယ်ကိုဝင်ရောက်လာမည့်ရက်၊ ကုန်းတွင်းကိုဘယ်နေရာမှာဖြတ်ကျော်ဝင်ရောက်နိုင်မယ်ဆိုတာနဲ့ မုန်တိုင်းအကြွင်းအကျန်တွေ ဘယ်လိုဆက်လက်ရွေ့လျားနိုင်မယ်ဆိုတာကိုပါ သတိကြီးကြီးထား၍ စောင့်ကြည့်ရပါမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

1
win hlaing htay

win hlaing htay

လွန်ခဲ့သော ၁ နှစ် က

qfh⁵44644444544

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....