အစိမ်းရောင်လမ်း
နိုဝင်ဘာလ ၂၄ - ၃၀ ရက်အတွင်း ဖြစ်ပေါ်နိုင်သော မိုးလေဝသအခြေအနေများ

နိုဝင်ဘာလ ၂၄ - ၃၀ ရက်အတွင်း ဖြစ်ပေါ်နိုင်သော မိုးလေဝသအခြေအနေများ

နိုဝင်ဘာ ၂၃ ရက် ည ၈ နာရီ ၃၀ မိနစ်အချိန်ရရှိသည့် ဒေတာများအရ

ℹ️ ကပ္ပလီပင်လယ်တောင်ပိုင်း မလက္ကာရေလက်ကြားမှ လေဖိအားနည်းရပ်ဝန်းသည် သိသာထင်ရှားသောလေဖိအားနည်းရပ်ဝန်း (Well-Marked LPA) အဖြစ် ပိုမိုအားကောင်းလာပြီး အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် နိုဝင်ဘာ ၂၄ ရက်နေ့၌ အားကောင်းသောလေဖိအားနည်းရပ်ဝန်း (မုန်တိုင်းငယ် - DEPRESSION) ဖြစ်လာနိုင်ပါတယ်။

ℹ️ Depression ဖြစ်လာပြီးနောက် ဆက်လက်၍ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ၄၈ နာရီအတွင်းပိုမိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပါတယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်းကို JTWC, CMISS တို့မှ INVEST-95B အဖြစ်သတ်မှတ်ထားပြီး ဆက်လက်စောင့်ကြည့်လျက်ရှိပါတယ်။

ℹ️ ဖိလစ်ပိုင်နိုင်ငံ အရှေ့ဖိလစ်ပိုင်ပင်လယ်မှ လေပွေလှိုင်း INVEST-92W သည် အနောက်ဘက်သို့ရွေ့လျားပြီး နိုဝင်ဘာ ၂၄ ရက် ညမှာ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကို ဖြတ်ကျော်တိုက်ခတ်ပြီးတဲ့နောက် နိုဝင်ဘာ ၂၆ ရက်မှာ တောင်တရုတ်ပင်လယ်အတွင်းဝင်ရောက်လာနိုင်ပါမယ်၊ ဆက်လက်၍အနောက်ဘက်သို့ရွေ့လျားပြီး ပိုမိုအားကောင်းလာကာ နိုဝင်ဘာ ၂၈ ရက်နေ့တွင် တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ပါမယ်။

ℹ️ တောင်တရုတ်ပင်လယ်အတွင်း တိုင်ဖွန်းမုန်တိုင်းအဖြစ် အားပိုကောင်းလာပြီးတဲ့နောက် နိုဝင်ဘာ ၂၉ ရက်မှာ ဗီယက်နမ်နိုင်ငံတောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်မှာဖြစ်ကြောင်း သင်္ချာပုံစံပြု model ကြိုတင်ခန့်မှန်းချက်များအရ သိရပါတယ်။

✅ ဘင်္ဂလားပင်လယ်အော်မှဆိုင်ကလုန်းမုန်တိုင်းနှင့် တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်းတို့၏သက်ရောက်မှုသည် ယခု တစ်ပတ်အတွင်း မြန်မာနိုင်ငံ-ကချင်ပြည်နယ်မြောက်ဖျားဒေသများတွင် မိုးအနည်းငယ်ရွာသွန်းနိုင်ခြင်းမှအပ ကျန်ပြည်နယ်တိုင်းဒေသအားလုံးသို့ သက်ရောက်နိုင်ခြင်း မရှိပါ။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

2
စိုး

စိုး

လွန်ခဲ့သော ၈ လ က

ကျေးဇုးပါ

Win Ko Thu

Win Ko Thu

လွန်ခဲ့သော ၈ လ က

ကျေးဇူးပါ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....