INVEST-98W ရဲ့ ရွေ့လျားမှုခရီးစဉ်(လေဖိအားနည်းရပ်ဝန်း TD-SIXTEEN UPDATE )
စက်တင်ဘာ ၁၉ ရက် နေ့လည် ၁၂ နာရီ ၂၀ မိနစ်အချိန် ရရှိသည့်ဒေတာများအရ
လေဖိအားနည်းရပ်ဝန်း TD-SIXTEEN က ဒီနေ့ညနေပိုင်းမှာ ဗီယက်နမ်ကမ်းခြေကို DONG HA မြိုအနီးက ဖြတ်ဝင်မှာဖြစ်ကြောင်းတွေရပြီး အပြည်ပြည်ဆိုင်ရာမုန်တိုင်းလေ့လာဆန်းစစ်အတည်ပြုတဲ့ အဖွဲ့များက လေဖိအားနည်းရပ်ဝန်းအဆင့် မှာသာ သတ်မှတ်ထားပါတယ်။ TS အဆင့်ကို အသိအမှတ်မပြုကြတာလဲ တွေ့ရပါတယ်။ ဟောင်ကောင်၊ တရုတ် နဲ့ ဂျပန်မိုးလေဝသဌာနတွေကတော့ မုန်တိုင်းအဆင့်ရောက်ကြောင်းကြေညာပြီး အမည်ပေးတာတွေ့ရပါတယ်။
အခုအရေးကြီးတာက SIXTEEN က ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံကို လေပွေလှိုင်းတွေ ဘယ်က ဝင်လာမယ် - ဘယ်ကိုဖြတ်သန်းပြီး ဘယ်နေရာတွေမှာ မိုးများမယ်၊ ပြီးရင် ဘင်္ဂလားပင်လယ်အော်ထဲကို ထွက်ပြီး မုန်တိုင်းငယ်အဖြစ်အားပြန်ကောင်းလာမယ်၊ မုန်တိုင်းငယ် ပြန်ဖြစ်လာတဲ့အခါ ဘယ်နေရာတွေသက်ရောက်မှုရှိမယ်ဆိုတာကို တတ်နိုင်သလောက် အစောဆုံး ကြိုတင်ခန့်မှန်းသတိပေးနိုင်ဖို့ ဖြစ်ပါတယ်။



ပုံ ၁ ၊ ၂ နဲ့ ၃ မှာ အပြည်ပြည်ဆိုင်ရာ မုန်တိုင်းဖြစ်ပေါ်မှု လေ့လာခန့်မှန်း၊ ဆန်းစစ်အတည်ပြုတဲ့ ဌာန website တွေက မုန်တိုင်းအဆင့်မရောက်တဲ့အတွက် လေဖိအားနည်းရပ်ဝန်း SIXTEEN အနေနဲ့သာ ကုန်းတွင်းကို ဝင်သွားနိုင်ကြောင်း အတည်ပြုထားတာတွေ ဖြစ်ပါတယ်။



ပုံ-၄ ၊ ၅ ၊ ၆- TD-SIXTEEN ရဲ့ အကြွင်းအကျန် လေပွေလှိုင်းက ထိုင်းနိုင်ငံ ဘက်အခြမ်းမှ မြန်မာပြည်နယ်စပ်ကို ဖာပွန်မြို့အနီးက ဖြတ်ဝင်လာတဲ့အခါ ပဲခူးတိုင်းအရှေ့ခြမ်းကိုဖြတ်ပြီး ဒိုက်ဦးနဲ့ ဝေါကြားကဖြတ်မယ်၊ အဲဒီအချိန်မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၅ လက်မ နီးပါးလောက်အထိ ရွာကာ မိုးများနိုင်ကြောင်း တွေ့ရပါတယ်။
ပြီးရင်တော့ စက်တင်ဘာ ၂၂ ရက် ညပိုင်းမှာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြည် ပြည်ခရိုင် သဲကုန်းမြို့ပေါ်ကိုရောက်မယ် မြန်အောင်နဲ့ သဲကုန်းမြို့ကြားက ဖြတ်ပြီး အနောက်ဘက် ရခိုင်ရိုးမကို ဖြတ်ကျော်ကာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းပင်လယ်ပြင်ကို ရောက်မယ်လို့ တွေ့ရပါတယ်။ အဲ့ဒီအချိန် ပဲခူးတိုင်းအနောက်ခြမ်း ပြည်၊ မြန်အောင်နဲ့ မကွေးတိုင်းတောင်ဘက်ခြမ်းဒေသတွေမှာ မိုးရေချိန် ၂၄ နာရီအတွင်း ၃ လက်မအထက်ရွာက နေရာကွက်ပြီး မိုးကြီးနိုင်ပါမယ်။
ပင်လယ်ပြင်ကိုဆင်းသက်လာတဲ့ လေပွေလှိုင်းက အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီးကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၅၀ ခန့်အကွာမှ ဖြတ်သန်းသွားမှာဖြစ်ကြောင်းလဲ တွေ့ရပါတယ်။


ပုံ ၇ - ၈ စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီခန့်မှာ မုန်တိုင်းငယ်အဖြစ်ပြန်လည်အားကောင်းလာပြီး စစ်တွေမြို့အနောက်ဘက် ၁၁၅ မိုင် ခန့်မှ ဖြတ်သန်းကာ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားမြို့တောင်ဘက် HALDBARI မြို့အနီးက ကမ်းခြေကို စက်တင်ဘာ ၂၂ ရက် ညပိုင်းမှာ ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် တောင်တရုတ်ပင်လယ်မှာ ဇာတ်လမ်းစခဲ့တဲ့ INVEST-98W သည် အိန္ဒိယနိုင်ငံမြောက်ပိုင်းကုန်တွင်းမှာ အနောက်ဘက်ကို ဆက်လက်ရွေ့လျားရင်း အဆုံးသတ်သွားမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ကိုအောင်
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါဆရာ
U Ha Thang Ha
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးတင်ပါတယ်ဆရာ
win ko thu
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါဆရာ
ခင်လွမ်းဦး
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါဆရာ
ဆက်စပ်မေးခွန်းများ
ချောင်းသာပေါ်ဆန်း ပျိုးပင်၅၅ရက်သား ရွက်ဖျားခြောက်နေလို့စိုက်ခင်းပြောင်းစိုက်ရန်ဖြစ်နိုင်ပါ့မလား ဆေးသုံးရင်လဲဘယ်လိုဆေးသင့်မလဲပြောပေးစေလိုပါတယ်ဓါတ်ပုံပို့ပေပါတယ်
U Myint Naing • ဖြေကြားချက် 1 ခု
မြေခံဓာတ်မြေသြဇာကို ကြဲစက်မဆွဲခင်ထည့်ရတာလား ကြဲစက်ဆွဲပီးမှထည့်ရတာလားဗျ
Aung Ko Zin • ဖြေကြားချက် 1 ခု
ခရမ်းပင် ဂျားထည်းမှာ တိုင်ထောင်ပဲ သီးညပ်ထည့်စိုက်လို့ရလားခရမ်းစိုက်ဘောင်အကြယ်ကတော့ ၃တောင် ပင်စင် ကတော့ ၂တောင်ချားထားပါတယ်
စိုးငြိမ်းထွန်း • ဖြေကြားချက် 1 ခု
ဝက်ဝယ်သူတွေမရှိတာဆိုးတယ်နော် ရှိတော့လည်း စျေးနှိမ်ကျတယ် တကယ်အစစ်အမှန်ကုန်သည်နဲ့တွေကျတယ် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် တိုက်စွန်းအောက်အင်းကျေးရွာ အောက်အင်းကျေးရွာကပါ ကူညီကြပါအုန်း အဆက်အသွယ်ကောင်းတွေနဲ့
Han Min Htut • ဖြေကြားချက် 0 ခု
မြေဆီလွားပျက်စီလို့ဘယ်လို့မျိုးလုပ်ရမလဲ
win kyaw kyaw • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စိုက်ပျိုးသုတ ...စက်တင်ဘာလ
04/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
မွန်နှင့် ကရင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနိုင်
02/09/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026