ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်နိုင်ချေ ပျက်ပြယ်သွား၍ အလယ်ပိုင်းမိုးရနိုင်ချေ ပြန်လျော့
ဇွန် ၂၃ ရက်နောက်ပိုင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ မုန်တိုင်းငယ်တစ်လုံးဖြစ်လာနိုင်မယ်လို့ ကြိုတင်ခန့်မှန်းထားတဲ့ အခြေအနေက ဒီနေ့ ECMWF model update အရ ပျက်သွားပြီဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ မိုးလေဝသသတင်းတွေကို စောင့်ကြည့်ဖော်ပြပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။
အဲ့ဒါမဖြစ်တော့ပေမဲ့ GFS Model update မှာတော့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်နိုင်ကြောင်းတွေ့ရပြီး အနောက်ဘက်ကိုရွေ့လျားကာ အိန္ဒိယနိုင်ငံကမ်းခြေမှ ကုန်းတွင်းကိုဝင်ပြီး ကုန်းတွင်းအထက်လေဝဲတစ်ခုအဆင့်လောက်သာဖြစ်နိုင်မယ်လို့ တွေ့ရကြောင်း၊ ဘင်္ဂလားပင်လယ်အော်ရဲ့ အခုလိုဖြစ်စဉ်တွေကြောင့် နောက်လာမယ့် ၃ ရက်(၇၂ နာရီ)အတွင်းမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ မိုးများနိုင်ပြီး အလယ်ပိုင်းဒေသတွေမှာတော့ နှစ်စဉ်ရွာသွန်းမြဲခန့်သာ မိုးရွာနိုင်မယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာတော့ ရွာသွန်းမြဲအောက်လျော့နေနိုင်ပေမဲ့ လေပြင်းတိုက်ခတ်နိုင်ခြေနဲ့အတူ နေ့အပူချိန်တွေတော့ အနည်းငယ်လျော့ကျလာနိုင်မယ်လို့ ခန့်မှန်းရပါတယ် လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
" လေပြင်းတွေ တိုက်နေတော့ အပူချိန်တော့ လျော့လာတယ် 30°C ဝန်းကျင်အထိ လျော့လာတယ်၊ နေ့ဘက်မှာ ဖြစ်နေတဲ့ Dew Point အထိ မရောက်တော့ မိုးက မရွာနိုင်ဘူးဖြစ်နေတာ။ မြင်းခြံမှာ Temperature 33°C - Dew Point 22°C ဆိုတော့ ဘယ်လိုမှ မိုးက မရွာနိုင်တော့ဘူး၊ ဒီကြားထဲ တိမ်တွေက လေပြင်းနဲ့ အတူပါသွားသေးတယ်" လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။
မြစ်ရေအခြေအနေနဲ့ပတ်သက်လို့လည်း ဦးဝင်းနိုင်က 'အထက်ပိုင်းဒေသတွေမှာမိုးများနေတဲ့အတွက် ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှ မန္တလေးမြို့အထိ မြစ်တစ်လျှောက်လုံးမှာ မြစ်ရေမြင့်တက်လာနေတာကို EU ရဲ့ ကမ္ဘာလုံးဆိုင်ရာ မြစ်ရေအခြေအနေစောင့်ကြည့်ရေးဌာန(near-real time major river floods based on daily passive microwave satellite observations)မှ ရတဲ့ အချက်အလက်တွေအရ သိရပါတယ်။သံလွင်မြစ်ရေဟာလည်း ကရင်ပြည်နယ်အတွင်း မိုးများနေတာကြောင့် ဘားအံမြို့အထက်ပိုင်း ကမမောင်း၊ မြိုင်ကြီးငူနဲ့ ရင်းဘိုင်းအထိ မြစ်တစ်လျှောက်မှာ မြစ်ရေမြင့်တက်နေကြောင်းတွေ့ရပါတယ်' လို့ သူ့ရဲ့ဖေ့စ်ဘုတ်အကောင့်ကနေ သတိပေးဖော်ပြထားပါတယ်။
Photo Crd_Win Naing FB
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးဝင်းအောင်
လွန်ခဲ့သော ၄ နှစ် ကဧရာဝတီမြစ်ရေနေ့စဥ်တိုင်းတာချက်ဘယ်တော့တင်ပေးမှာလဲခဗျာ ကျေးဇူးပါ
ဦးဝင်းအောင်
လွန်ခဲ့သော ၄ နှစ် ကဧရာဝတီမြ်ရေနေ့စဥ်တိုင်းတာချက်ကိုသိပါရစေခဗျာကျေးဇူးပါ
ဆက်စပ်ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
ဆက်စပ်မေးခွန်းများ
ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လားဗျ
ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026