နှင်း၊ ဆောင်းနှင်း၊ မြူ၊ မြူခိုး ဘယ်လိုခွဲမလဲ..?
မုန်တိုင်းများမရှိတဲ့ ဆောင်းတွင်းနဲ့ နွေရာသီမှာလဲ ရာသီဥတု/မိုးလေဝသဖြစ်စဉ်တွေ မြင်ကွင်းတွေက လေ့လာနေရတုန်းပါ။
မြန်မာပြည်မှာ နှင်းကျတာ(Snow fall)က ကချင်ပြည်နယ် မြောက်ဖျားမှာပဲရှိလို့၊ မဟုတ်ရင် ဆီးနှင်းတွေကျပြီး နွေမိုးဆောင်း ၃ ရာသီစလုံး အိမ်ထဲ ငုတ်တုတ်ထိုင်နေကြရတော့မှာ။
အဲ့ဒီတော့ ကြည့်လိုက်ကြရအောင် ...
ဆောင်းနှင့် နွေရာသီအစပိုင်း(နွေဦးရာသီအချိန်အတွင်း) နံနက်အစောပိုင်းတွင်တွေ့ရတတ်သည့် ဖြူဖွေးနေသည့်တိမ်ကဲ့သို့သောအလွှာကို မြန်မာနိုင်ငံတွင် အမျိုးမျိုးခေါ်ကြသည်။
တချို့က နှင်း၊ ဆောင်းနှင်း၊ မြူ၊ မြူခိုးစသည်ဖြင့်သူ့အရပ်အလိုက်ခေါ်ဆို အမည်ပေးထားကြသည်။
စိုက်ပျိုးရေးသမားများကလည်း မိုးမရွာသည့်ဆောင်းအကုန်-နွေအကူးကာလ နံနက်ခင်းတွင် စိုက်ပျိုးပင်ငယ်များအတွက် နံနက်ခင်းရေပေးသော "ဆောင်းနှင်းမိုး" "နှင်းမိုး" စသည့်နာမည်အပြင် အသီးကင်း၊ အပွင့်တို့ကြွေကျခြင်းဖြစ်လျှင် "နှင်းခါးရိုက်သည်" ဟု သူ့အရပ်နှင့်သူ ဘိုးဘွားအစဉ်အဆက် ခေါ်ဆိုအမည်ပေးလာခဲ့ကြပါတယ်။
အင်္ဂလိပ်ဘာသာတွင်လည်း ဆောင်းနံနက်ခင်း၏ မြင်ကွင်းအတွင်ပေါ်လာသမျှသော ရေခိုးရေငွေ့/မြူ/နှင်းစသည့် အရာတို့ကို Fog, Mist, Haze, Dew, Frost, Snow စသည်ဖြင့် ခွဲခြားခေါ်ကြတာပါ။
လေကြောင်းနှင့် ရေကြောင်းခရီးသွားလာမှုလုံခြုံရေးကို စီမံခန့်ခွဲတာဝန်ယူရသည့်အဖွဲ့အစည်းများက နိုင်ငံအလိုက်၊ ဘာသာအလိုက် မည်သို့ပင် ကွဲပြားစေကာမူ လေယာဉ်/သင်္ဘောများရင်ဆိုင်ရမည့် မိုးလေဝသဆိုင်ရာဝေါဟာရများ တပြေးညီဖြစ်စေရန် ဆောင်းနံနက်ခင်းမှ မြင်ကွင်းအားနည်းစေသည့်အရာများကို ထုတ်ပြန်ရာတွင် Fog, Mist, Haze, Snow စသည်ဖြင့် အသီးသီးခွဲခြားသတ်မှတ်ဖော်ပြကြပါတယ်။

လောလောဆယ်တော့ အင်္ဂလိပ်ဘာသာနဲ့ ဒီလိုခွဲခြားထားတဲ့ ဝေါဟာရတွေတွေ့တယ် ..
Fog နဲ့ Mist ဆိုတာက အမြင်တာ(Visibility)အကွာအဝေးအနည်းအများပေါ်မူတည်ပြီး term က ကွဲသွားတယ်။
Fog ဆိုရင် ၁ ကီလိုမီတာအဝေးဆုံးမြင်ရပြီး Mist ဆိုရင်တော့ ၁ ကီလိုမီတာထက်ပိုဝေးဝေးမြင်ရတယ်။
ဒါကြောင့် Light Fog, Thick Fog စသည်ဖြင့် ခွဲခြားခေါ်ကြတယ်။ Thick Fog ကျနေရင်တော့ ခရီးသွားများအန္တရာယ်ကင်းအောင် လေယာဉ်ကွင်းပိတ် လေယာဉ်တွေမတက်နဲ့/သင်္ဘောတွေကမ်းက မခွာနဲ့ပေါ့။
Haze ဆိုရင်တော့ လေထုထဲမှာပါတဲ့ အမှုန်အမွှားတွေကြောင့်(ရေခိုးရေငွေ့တွေကြောင့်မဟုတ်) မြင်ကွင်းက(ဓါတ်ပုံဆရာတွေအခေါ်နဲ့ဆိုရင် "ထုံ" နေတာပေါ့၊ ကြည်ကြည်လင်လင်မရှိဘူး)၊
အဲ့ဒီလိုဖြစ်စဉ်က ဒီနေ့ဖြစ်နေတဲ့ Air Pollution(လေထုညစ်ညမ်းမှု)နဲ့ဆက်နွယ်နေတယ်။ မနက်ပိုင်း အပူချိန်တွေကျပြီး Temperature နဲ့ Dew-Point ညီလာတဲ့အခါ မြေပြင်မှာ၊ သစ်ရွက်တွေပေါ်မှာ၊ အိမ်ခေါင်မိုးတွေ၊ ကားပေါ်တွေမှာ ရေစက်လေးတွေ သီးလာတာကို "Dew" လို့ခေါ်တယ်။
Frost ဆိုရင်တော့ ရေခဲမှတ်နားရောက်မှ မြေပြင်နဲ့ကပ်လျှက်က မြက်တွေ သစ်ရွက်တွေပေါ်မှာ ရေခဲမှုန်လေးတွေ စပြီး တွေ့လာရတာ။ နောက်တော့ ရေခဲတွေဖြစ်လာတယ်။ Frost ဆိုတာလဲ ချင်းပြည်နယ်/ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းလို ရေခဲမှတ်နားနီးတဲ့ ဒေသတွေမှာဘဲ အအေးလှိုင်းဖြတ်တဲ့အခါ မြင်နိုင်တယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
Antkyaw Winmintun
လွန်ခဲ့သော ၁ နှစ် ကthick fogအမြဲကျပါစေဗျာ
ဆက်စပ်မေးခွန်းများ
ငါးအမိုင်နိုအားဆေးလုပ်ရင် ငါးခေါင်းတွေနဲလုပ်လို့ရလားဗျ...ဥပမာ.ငါးဒန်ခေါင်းလို့ ငါးတွေနဲဆိုရလားဗျ
Ko Phyo • ဖြေကြားချက် 0 ခု
နွားဝယ်လာတာနွားကအစားကောင်းမစားအနည်းငယ်သာစားအစားကောင်းလာအောင်ဝလာအောင်ဘယ်လိုလုပ်ရမလဲဖြေပေးကျပါဗျအစားစားလာအောင်အဓိကရှင်းပြပေးပါဆေးနည်းပြောပေးပါ
zin Phyo naung • ဖြေကြားချက် 0 ခု
စပါးက ဖုန်းနေပါပြီ/လိုအပ်ရင်အသီးအပွင့်ကောင်းအောင်ဆေးဖြန်းချင်တာဆရာဘယ်အချိန်လောက်ရယ်/ဆေးရယ်သိချင်လို့ပါဆရာ/15ပတ်လည်လည်းကျွေးထားပါတယ်
Zaw Than Oo • ဖြေကြားချက် 2 ခု
ငရုတ်ပင်လေးတွေအခြေတွေပြတ်ကျနေလို့ဘာရောဂါလည်းဘယ်လိုကာကွယ်ရမလဲဗျဆရာများညွန်ပေးကြပါအုံးဗျ
မောင်လှမျိုးအောင် • ဖြေကြားချက် 3 ခု
ကွမ်းပင်မှိုကပ်လို့ ခုပြတဲ့ဆေးတွေသုံးလို့ရလားဗျ ရမရနဲ့ ဆေးကောင်းကျိုးဆိုးလေးပြောပြပေးပါအုန်းဗျား ကျေးဇူးတင်ပါတယ်
Kyaw Aye • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စိုက်ပျိုးသုတ ...စက်တင်ဘာလ
04/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
မွန်နှင့် ကရင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနိုင်
02/09/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026