အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဘာမြေအမျိုးအစားမှာ.. စိုက်ပျိုးနေကြတာလဲ

ဘာမြေအမျိုးအစားမှာ.. စိုက်ပျိုးနေကြတာလဲ

ကဲကဲ မြေကြီးကို အခြောက်ခံ ပေါင်းခံရည်ထဲမှာ စိမ်ပြီးတော့ အလွှာလိုက်လေးတွေလည်း တိုင်းထွာပြီးတော့ ရာခိုင်နှုန်းတွေလည်း တွက်ထားပြီးပြီဆိုရင်တော့ ပုံလေးကို ဆက်ကြည့်ကြမယ်ဗျာ။ မဖတ်ရသေးရင် လင့်ခ်ကို နှိပ်ပြီးဖတ်လို့ ရပါတယ်။ 

ပေါင်းခံရည်နဲ့ မြေအမျိုးအစား ခွဲကြမယ်..ဆောင်းပါးတုန်းက အတိုင်းဆိုရင်

မောင်နီပြောထားတဲ့ အလွှာရာခိုင်နှုန်းက 

သဲက ၅၀၊ နုန်းက ၂၅ နဲ့ ရွှံ့က ၂၅ ရာခိုင်နှုန်းစီ ရှိကြပါတယ်။ 

ပုံထဲမှာ မောင်နီကတော့ ပျင်းလို့ ဘာသာ မပြန်ပြတော့ပါဘူးလို့..
သဲက -  Sand၊ ရွှံ့က - Clay၊ နုန်းက - Silt လို့ အလွယ်မှတ်လိုက်ကြမယ်။
သဲက ၅၀ ရာခိုင်နှုန်းဆိုတော့ (၅၀) ရာခိုင်နှုန်း ဆိုတဲ့ နေရာနားလေမှာ မောင်နီဆွဲပြသလို မျဉ်းလေး ဆွဲမယ်၊ ၂၅ ၂၅ (၂) ခုအတွက်ဆိုတော့လည်း မျဉ်းနီလေးနဲ့ မောင်နီ ပြထားတယ်။


သူတို့ (၃) ကြောင်းလုံးက ဘယ်မှာ ဆုံသလဲဆိုတော့
Sandy Clay Loam ဆိုတော့ သဲဆန်တဲ့ ရွံ့နုန်းမြေလို့ ဆိုလို့ရပါတယ်။
ဒါဆိုရင် ကိုယ့်မြေအမျိုးအစား က ဘယ်လိုမြေဆိုတာကို သိသွားပြီပေါ့။

တကယ်လို့များ
အခြားမတူတဲ့ အလွှာရာခိုင်နှုန်းတွေများ ဖြစ်နေတယ်ဆိုရင် အောက်မှာတွက်ချက်ပြီး ဘာမြေအမျိုးအစား ထွက်လာလဲဆိုတာ ပြောခဲ့ပေးပါဦး။

မြားနီနည်းပညာပေးရေးအဖွဲမှ အစိမ်းရောင်လမ်းမိုဘိုင်းဖုန်းဆော့ဝဲသို့ ပေးပို့ထားသော မူပိုင်ဆောင်းပါးသဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

You

ဆက်စပ်ဆောင်းပါးများ

မြားနီနည်းပညာပေးရေးအဖွဲ့

အကြောင်းအရာ ပံ့ပိုးသူ

မြားနီနည်းပညာပေးရေးအဖွဲ့

မြားနီနည်းပညာပေးရေးအဖွဲ့ သည် မြားနီမျိုးစေ့ ကုမ္ပဏီနှင့် ထူးခြားသော ချိတ်ဆက်မှုရှိသည့် အကျိုးအမြတ်မယူသော အဖွဲ့ အစည်းတစ်ခုအဖြစ်ရပ်တည်လျက်ရှိပြီး အပူပိုင်းဒေသရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ တောင်သူများ၏ လူနေမှုဘဝမြင့်မားလာစေရေး၊ လုံခြုံစိတ်ချရသည့် လတ်ဆတ်သော ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနည်းလမ်းများ ပံ့ပိုးကူညီပေးခြင်းနှင့်ဈေးကွက်ကိုဖော်ဆောင်နိုင်ရေးအတွက်တောင်သူများနှင့် ချိတ်ဆက်ပြုလုပ်ဆောင်ရွက်နေသောအဖွဲ့ဖြစ်ပါသည်။

ဆက်စပ်မေးခွန်းများ

ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ

ဇင်မင်းကို • ဖြေကြားချက် 1 ခု

မဂ်လာပါEM ၁လီတာဗူးကို ၁ဧက အတွက်အကုန်သုံးရမှာလာ ဆေးပုံးတစ်ပုံးကိုဘယ်လောက်ဖျန်းရမလဲဖြေကြားပေးပါ။

bominthu • ဖြေကြားချက် 1 ခု

အိမ်စားဖို့ ဆလပ်ရွက် ၊ ပူစီနံ ၊ ကိုက်လန်၊ ကန်စွန်း၊နံနံ ၊ အစရှိတဲ့ ဟင်းသီးဟင်းရွက်ပင်လေးတွေ ပျိုးထားပါတယ်။ စိုက်ပျိုးဖို‌့မြေက အဆင်ပြေရဲ့လား ဘာထည့်ပေးရဦးမလဲ သိချင်လို့ပါဆရာ။ မြေကြီးစမ်းသပ်ကြည့်တာကတော့ - အောက်ဆုံးအလွှာ 1.5cm အလယ်အလွှာ 1.4cm အပေါ်ဆုံးအလွှာ 0.6cm စုစုပေါင်းအမြင့် 3.5cm ရှိပါတယ်။ ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျာ။

ကို ငယ် • ဖြေကြားချက် 2 ခု

မြေသန်ဆေးဘယ်မာဝယ်လို့ရလဲ

Hmai OoSwe • ဖြေကြားချက် 2 ခု

ဆရာများအားလုံးမဂ်လာပါ🙏 စပါးပီးရင် မတ်ပဲကိုခုတ်ဖုံးလုပ်ပီးရိုးပြက်တွေကိုEMဖျန်းမယ် တစ်ဧက ကိုဘယ်နှစ်ပုံးဖျန်းရမလဲ အပင်ဖြစ်လာရင် အမိုင်နိုဖျန်းချင်တယ် အပင်ဘယ်အရွယ်မှာဖျန်းရမလဲ ခုလို အသုံးပြုတာအဆင်ပြေမလာ ဖြေကြားပေးပါ။ 🌱

bominthu • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။