ငါးထွေ(Rita rita)
ငါးထွေငါးမှာ ပါးစပ်ဘေးနားတွင် ကြောင်နှုတ်ခမ်းမွှေးနှင့်တူသော အမွှေးအမျှင်ပါရှိခြင်းကြောင့် 'ကြောင်ငါး(catfish)’ဟုလည်း ခေါ်ကြပါသည်။ ခေါင်းကြီးကိုယ်သေးငါးဖြစ်ပြီး မြစ်အောက်ခြေမှာ နေထိုင်ကြသည့် (demersal fish)များ ဖြစ်ကြသည်။ ဦးခေါင်းပိုင်းတွင် ဗြုပ်ထကြမ်းတမ်းနေသော အရေပြားအဖုအထစ်လေးများရှိသဖြင့် ငါး၏ဦးခေါင်းကို ကိုင်ပြီးဖမ်းပါက မလွတ်နိုင်ချေ။
ငါးထွေငါးမျိုးစိတ်များမှာ ရေချိုတွင်သာ သားပေါက်၍ ရေချိုတွင်သာနေထိုင်ကြသည့် Pota modromous မျိုးများဖြစ်ကြသည်။ အစုံစား (Omnivorous) များဖြစ်ပြီး ငါးငယ်၊ ပုစွန်၊ ခရု၊ ကမာ၊ ဂုံး၊ အင်းဆက်နှင့် အသေကောင် အပုပ်အသိုးများကို ကြိုက်နှစ်သက်ကြပါသည်။
ငါးထွေငါးနှင့်ပတ်သက်၍ "မင်းလွင်လှစ်လို့၊ မူးမြစ်ကယ်ကမ်းယံ၊ ငါးထွေ၊ ငါးမြင်း၊ ငါးပူတင်းတို့၊ သောင်ရင်းငယ်ဆန်သည်" ဟူသော စာချိုးလည်းရှိကြပါသည်။
တိုင်းရင်းငါးဖြစ်သော ငါးထွေမှာ စား၍အရသာရှိသောငါးဖြစ်ပြီး ဈေးကွက်ဝင် ငါးမျိုးစိတ်လည်းဖြစ်သည်။ ငါးထွေငါးစီဖောင်းမှာလည်း ဈေးကောင်းလှပြီး ဒေသခံများမှာ ငါးစီဖောင်းသုပ်ပြုလုပ်စားရာတွင် ငါးထွေစီဖောင်းကို အသုံးပြုကြသည်။
ငါးထွေငါးကို တောင်အာရှနိုင်ငံများတွင် တွေ့ရှိရပြီး အထူးသဖြင့် မြန်မာ၊ နီပေါ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံတွေမှာ တွေ့ရှိရပါသည်။ အမြင့်ဆုံးခန္ဓာကိုယ်အလျား (၅)ပေအထိ ကြီးထွားနိုင်ကြောင်း မှတ်တမ်းများအရ သိရပါသည်။ အရောင်မှာ မီးခိုးရောင်သန်းသည်။

မြန်မာနိုင်ငံတွင် စစ်တောင်းမြစ်၊ ကျောက်တံခါးမြို့နယ်၌ ၂၀၁၉ ခုနစ်တွင် ဖမ်းဆီးရမိခဲ့သည့် ငါးထွေငါးမှာအလေးချိန်(၂၃)ပိဿာ၊ အရှည်(၄)ပေ ရှိကြောင်းသိရပါသည်။ ငါးထွေငါးမှာ မြစ်မကြီးများ၊ မြစ်ဝချောင်းဝများ၊ ရွံ့နွံထူထပ်သည့် နေရာများမှသည် ရေကြည်သည့်မြစ်များအထိ နေထိုင်ကြပါသည်။
ဆူးငါးဖြစ်၍ ရှေ့ပိုင်းမှ ကိုင်ဖမ်းမှသာ ဆူးတောင်အန္တရာယ်မှ လွတ်ကင်းပေမည်။ ကျောဆူးတောင်မှာ ဖြောင့်စင်း၍ စူးလွယ်၏။ ဘေးဆူးတောင်များမှာ လွှသွားကဲ့သို့ အထစ်များရှိသဖြင့် ဆူးစူးမိသော် အသားထဲတွင် ဆူးကျိုးကျန်တတ်၏။ နှုတ်ရလည်း ခက်လှ၏။
ငါးထွေငါးကို ဆီပြန်ချက်စားခြင်း၊ ကြော်စားခြင်းများကို အများဆုံးအသုံးပြုကြပြီး ငါးစီဖောင်းကိုလည်းသုပ်စားလေ့ရှိကြပါသည်။
ငါးထွေငါးကို
Phylum (မျိုးပေါင်းစု) - Chordata
Class(အမျိုးအစား) - Actinopterygii
Order(မျိုးစဥ်) - Siluriformes
Family(မျိုးရင်း) - Bagridae
Genus(မျိုးစု) - Rita
Species(မျိုးစိတ်) - R.Rita ဟူ၍ဖြစ်ကြပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
UWin
လွန်ခဲ့သော ၅ နှစ် ကနွားအကြောင်းသိချင်ပါတယ် မေးလိုရမလား
ဆက်စပ်မေးခွန်းများ
ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လားဗျ
ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....