တိုင်းရင်းငါးအငယ်စား……...ငါးဘဲဖြူငါး
ငါးဘဲဖြူငါးမှာ တိုင်းရင်းငါးအငယ်စား ( small indigenous species) များဖြစ်ကြပြီး အရောင်မှာ ငွေမှင်ရောင်ရှိပါသည်။ အင်္ဂလိပ်လို Mola carplet ဟုသိရပါသည်။ ငါးဘဲဖြူငါးမှာ အာဟာရဓါတ်အလွန်ပြည့်ဝပြီး အရိုးပါမကျန်စားသုံးနိုင်သော ငါးဖြစ်သည်။ ငါးဘဲဖြူ၏ ခန္ဓာကိုယ်တွင် Vitamin – A နှင့် Calcium ဓါတ်ကြွယ်ဝသည်ဟု သိရပါသည်။ ဈေးကွက်တွင် ဈေးကောင်းရသော ငါးတစ်မျိုးဖြစ်သည်။ ငါးဘဲဖြူငါးကို မြန်မာနိုင်ငံအပြင် ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများတွင်လည်း တွေ့ရှိရပါသည်။
ငါးဘဲဖြူ ( Mola carplet) များသည် ဆည်ချက်၊ အိုင်၊ စမ်းချောင်းငယ်၊ စပါးခင်း စသည့် နေရာများတွင် ပေါက်ဖွားနေထိုင်လေ့ ရှိကြပါသည်။ ငါးဘဲဖြူငါးမှာ မွေးမြူ၍ရသောငါးဖြစ်ပြီး မွေးမြူပါက ငါးကြင်း၊ ငါးမြစ်ချင်း စသောငါးမျိုးနှင့် ကန်အတွင်း သဟဇာတဖြစ်စွာ မွေးမြူနိုင်ခြင်း၊ ကန်အတွင်း သဘာဝအတိုင်းသားပေါက်ခြင်းကြောင့် တစ်လလျှင် (၂) ကြိမ်ခန့် ဖမ်းယူစားသုံးနိုင်သည်ဟု သိရပါသည်။ ငါးဘဲဖြူအမမှာ ဥပေါင်း (၅၀၀) ခန့် ဥ ဥနိုင်ကြပြီး ရေညှိရေမှော် (algae) များကို စားသော အလေ့အထရှိကြပါသည်။ တိုင်းရင်းငါး အငယ်စားများကို မွေးမြူခြင်းသည် တိုင်းရင်းငါးမျိုးများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်ပါသည်။
ငါးဘဲဖြူငါးကို အိုးကပ်ချက်စားခြင်းအပြင် အကြွပ်ကြော်၊ ငါးဘဲဖြူ ငါးပေါင်းကြော်၊ အစိမ်းသုပ် စသည်ဖြင့် ပြုလုပ်၍ စားသုံးကြပါသည်။ ငါးဘဲဖြူငါးကို ငါးပိပြုလုပ်ရာ၌လည်း သုံးကြပါသေးသည်။ အရသာကောင်းမွန်ပြီး လူကြိုက်များသော ငါးတစ်မျိုး ဖြစ်သည်။
Phylum (မျိုးပေါင်းစု) - Chordata
Class (အမျိုးအစား) - Actinopterygii
Order (မျိုးစဥ်) - Cypriniformes
Family (မျိုးရင်း) - Cyprinidae
Genus (မျိုးစု) - Amblypharyngodon
Species (မျိုးစိတ်) - Amblypharyngodon Mola ဟူ၍ဖြစ်ပါသည်။
ပင်လယ်ပြာ (ငါးလုပ်ငန်းဦးစီးဌာန)
Hein Htet Aung
လွန်ခဲ့သော ၂ နှစ် ကကန်လုပ်ပြီးမွေးလို့ရလားဗျ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လားဗျ
ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026