ခိုစာကျွေးသူများကို ဒဏ်ငွေအပြင် ထောင်ဒဏ်ပါချမှတ်နိုင်ပြီ
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက်။
ခိုစာကျွေးသူများကို ဒဏ်ငွေအပြင် ထောင်ဒဏ်ပါချမှတ်နိုင်ပြီး တိရိစ္ဆာန်များ အစားအစာကျွေးမွေးခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ငွေဒဏ် ၅သောင်းကျပ်မှ ကျပ်တစ်သိန်းထိဖြစ်စေ၊ ထောင်ဒဏ် ၃ လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရေးများဌာနမှ သိရသည်။
ရန်ကုန်မြို့တွင်းရှိ ခိုစာရောင်းချနေသူများနှင့် ခိုစာကျွေးသူများကို ပပျောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ၂၃ ရက်တွင် ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်သည့် စည်ပင်သတင်းစာရှင်းလင်းပွဲမှ သိရသည်။
"အခုဆို မြို့လယ်ခေါင်မှာ အစာတွေကျွေးနေတယ်။ အဲ့နေရာမှာ မကျွေးပါနဲ့ မကျွေးရင် ဒီခိုမရှိတော့ပါဘူး။ တချို့နေရာတွေမှာ ခိုစာကျွေးလို့သာ ခိုတွေက အဲ့နေရာမှာ စုပြီးတော့နေနေတာပါ။ ကျန်းမာရေး အတွက်ပါ။ ဒါကြောင့် မြို့နယ်တိုင်းမှာ ခိုစာရောင်းတဲ့သူတွေ ပျောက်ကွယ်သွားအောင် ဆောင်ရွက်မယ်။ နောက်ခိုစာကျွေးတဲ့သူတွေ ပပျောက်သွားအောင် လုပ်မယ်"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရေးများဌာနမှ ဌာနမှူး ဦးမင်းအောင်က ပြောသည်။
လာမည့်ပတ်မှစ၍ ရန်ကုန်မြို့ရှိ မြို့နယ်တိုင်းတွင် ခိုစာမကျွေးရန် ဗီနိုင်းများကပ်သွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် စည်းရုံးခြင်း၊ ဒုတိယအနေဖြင့် သတိပေးခြင်းနှင့် နောက်ဆုံးအဆင့်အနေဖြင့် ဒဏ်ရိုက်ခြင်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
"စာကပ်ဖို့က အမိန့်ရပါပြီ။ လာမယ့်အပတ်လောက်ကျရင် မြို့နယ်တွေမှာ ဗီနိုင်းတွေကို ချိတ်ဆွဲကပ်ပါမယ်။ ပြစ်ဒဏ်ထဲမှာတော့ ထောင်ဒဏ်ဆိုတာ ပါပါတယ်။ သို့သော် ယနေ့အချိန်ထိ ကျွန်တော်တို့ ပြည်သူလူထုကို ထောင်ချတာတို့ မလုပ်ပါဘူး ။ စည်းရုံးတဲ့ နည်းလမ်းနဲ့ပဲ ဆောင်ရွက်နေပါတယ်။ ခိုရဲ့သဘောသဘာဝကိုက ခိုဟာ ဖမ်းရခက်ပါတယ်။ လူမြင်ကွင်းမှာ ဖမ်းမယ်ဆို လွယ်ပါတယ်။ ပိုက်ကွန်နဲ့ အုပ်လိုက်ရင်ရပါတယ်။ ဒါပေမယ့် ဒီခိုကို ဘယ်ကိုသွားပို့မလဲ ခိုစာမကျွေးရင် ဒီခိုဟာမရှိပါဘူး။ ခိုစာလာမကျွေးရင် သူ့အစာရှိတဲ့ နေရာကို ပျံသွားပါလိမ့်မယ်။" ဟု ဦးမင်းအောင်က ဆိုသည်။
ခိုများကြောင့် ကြက်ငှက်တုပ်ကွေးရောဖြစ်ပြီး ရောဂါများ တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ရာတွင်လည်း လွန်စွာဆိုးဝါးကြောင်းသိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာအနေဖြင့် ကျန်းမာရေးအတွက် ဖယ်ရှားရှင်းလင်းသုတ်သင်ခွင့်ရှိသည့် တိရိစ္ဆာန် ၃ မျိုးရှိပြီး ယင်းတို့မှာ ခွေး၊ ကြွက်နှင့် ကျီးတို့ဖြစ်သည်။
ခိုစာရောင်းသူများကို ဥပဒေအရ အရေးယူ၍ရပြီး ကျန်းမာရေးဥပဒေအရ ပတ်ဝန်းကျင် ညစ်ညမ်းအောင်လုပ်ခြင်းကြောင့် ခိုများကို အစာမကျွေးရဟူ၍ ဥပဒေထဲတွင် ပါရှိကြောင်း သိရသည်။
အေးအေးမြင့်(ABM)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ပိုးလားမှိုလားခင်ဗျ ပိုးဆေးကအာဘာမက်တင် ပရိုဖီနိုဖော့ဖြန်းထားပါတယ်ခင်ဗျမှိုဆေးကတော့ကော့ပါး +ကာဇူကာမိုင်ဇင်သုံးထားပါတယ် အမိုင်နိုပါတဲ့အားဆေးကိုပိုးဆေးးနဲ့တွဲပြီးဖြန်းထားပါတယ်ခင်ဗျ အဆင်ပြေမဲ့ဆေးနဲ့လိုအပ်ချက်တွေညွန်းပေးပါအုံးခင်ဗျ
ခင်ဇော်ဝင်း • ဖြေကြားချက် 1 ခု
မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့
Win Min • ဖြေကြားချက် 0 ခု
trichoderma အသုံးပြုနည်း သိပါရစေဆရာတို့ လူးနယ်ဆေး မြေခံထည့် ရွတ်ဖြန်း တို့ပြုလုပ်ရာမှာ သုံးရမယ့် ထရိုင်ကိုဒါးမားအမှုန့် ပမာဏကို တိတိကျကျ မသိဘူး ဖြစ်နေလို့ပါ
Khing Hein • ဖြေကြားချက် 0 ခု
ဧရာပဒေသာ၆၃ရက်သားအပေါ်အရွက်၃ရွက်အောက်ကအရွက်ရင့်တွေပုံပါအတိုင်းဖြစ်နေလို့ရောဂါလားအဟာရတောင်းတာလားခဗျပိုးတော့ရှင်းပါတယ်ခဗျာ
kyaw zin • ဖြေကြားချက် 2 ခု
ကလောက်ဒီ sulfur 80% ဆေးထုပ်မှာ ခရမ်းချဉ်ကို ဆေးတပုံး 200gလို့ညွှန်းထားဝာာ အဲတာဖြန်းလို့ရလားဗျ
Htet Lin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....